home

အခန်း ၁ ဆေးမြီးတိုများနှင့် ယုံကြည်မှုများ



ခေါင်းစဉ်များ


မည်သူမဆို ဆေးမြီးတိုများကို သုံးကြသည်။ အချို့ဒေသများတွင် ဆေးမြီးတို၊ ရိုးရာဆေးကုနည်းများသည် သားစဉ်မြေးဆက် နှစ်ရာချီ၍ လက်ဆင့်ကမ်းလာကြသည်။

ဤဆေးမြီးတိုများထဲတွင် စွမ်းသည်လည်းရှိ၊ သိပ်မစွမ်းသည်လည်းရှိသည်။ အန္တရာယ် ဖြစ်စေမည့် ဆေးများလည်းရှိသည်။ ထိုဆေးမြီးတိုများကို အနောက်တိုင်းဆေးများနည်းတူ သတိနှင့် သုံးရမည်ဖြစ်သည်။

အန္တရာယ်မရှိသော၊ သုံးနည်းကို သေချာသိသော ဆေးမြီးတိုများကို သုံးပါမှ မိမိကိုယ်ကို အန္တရာယ် မပြုရာရောက်မည်။

အန္တရာယ်မရှိသော၊ သုံးနည်းကို သေချာသိသော ဆေးမြီးတိုများကို သုံးပါမှ မိမိကိုယ်ကို အန္တရာယ် မပြုရာရောက်မည်။


အသုံးဝင်သော ဆေးမြီးတိုများ

အချို့သော ဆေးမြီးတိုများသည် ခေတ်ပေါ်ဆေးဝါးများနည်းတူ အစွမ်းထက်ကြသည်။ အချို့သည် ပို၍ပင်ကောင်းနေသေးသည်။ ဈေးပိုချိုသည်။ အန္တရာယ်လည်း ပိုကင်းကြသည်။

ဥပမာ အချို့ အရွက်ပြုတ်ရည်များသည် နှာစေး၊ ချောင်းဆိုးရောဂါတို့ကို အနောက်တိုင်းဆေးများထက် ပို၍သက်သာစေသည်။

ထို့နည်းတူ ကလေးများ ဝမ်းလျှောပါက အမေများက သုံးလေ့ရှိသော ထမင်းရည်၊ လ္ဘက်အဖန်ရည်၊ ဖျော်ရည်ချိုအချို့သည် ခေတ်ပေါ်ဆေးများနည်းတူ အစွမ်းထက်ကြသည်။ ဤကလေးအတွက် အရည်များများဝင်ရန် ပိုအရေးကြီးသည်။

ဆေးမြီးတိုများ၏ကန့်သတ်ချက်များ

အချို့သော ရောဂါများကို ဆေးမြီးတိုသုံးရုံဖြင့် သက်သာသည်။ အချို့သည် ခေတ်ပေါ်အနောက်တိုင်းဆေးဝါးများကို သုံးမှသာ ပျောက်ကင်းသည်။ အထူးသဖြင့် ဆိုးဝါးသောရောဂါဖြစ်သည့် အဆုပ်ရောင်၊ မေးခိုင်၊ တိုက်ဖွိုက် ခေါ် အူရောင်ငန်းဖျား၊ တီဘီ၊ အူအတက်ရောင်၊ ကာလသားရောဂါ၊ မီးတွင်းဖျား၊ စသည်တို့ကို ခေတ်ပေါ်အနောက်တိုင်းဆေးဝါးများသုံး၍ ကုသရန်လိုအပ်သည်။ ဤရောဂါများကို ဆေးမြီးတိုများဖြင့် ကုသကာ အချိန်မလင့်ပါစေနှင့်။

တစ်ခါတစ်ရံ မည်သည့်ဆေးမြီးတိုက အစွမ်းထက်သည်၊ မထက်သည်ကို အကဲဖြတ်ရန်၊ ခက်ခဲသည်။ အသေအချာ လေ့လာပြီးမှသာ ဆုံးဖြတ်နိုင်မည်။ ထို့ကြောင့်

ဆိုးဝါးသော ရောဂါများကို ခေတ်ပေါ်အနာက်တိုင်းဆေးဝါးများဖြင့် ကုသနိုင်ရန် ကျန်းမာရေးဝန်းထမ်းများ၏ အကြံပေးချက်ကို လိုက်နာပါလေ။

နည်းဟောင်းနှင့် နည်းသစ်

ဆေးကုသသည့် နည်းသစ်များသည် နည်းဟောင်းများထက် ပိုကောင်းသည်။ သို့သော် ရိုးရာနည်းများ၊ နည်းဟောင်းများက တစ်ခါတစ်ရံ အကောင်းဆုံးဖြစ်နေတတ်သည်။ ဥပမာ- ကလေးနှင့် လူအိုများကို ပြုစုစောင့်ရှောက်ရာတွင် ရိုးရာနည်းများက နည်းသစ်များထက်ပိုမိုကောင်း၊ ပိုမိုနွေးထွေးသည်။

လွန်ခဲ့သောနှစ် အတန်ကြာထိ မိခင်နို့ကို ကလေးငယ်များအတွက် အကောင်းဆုံးအာဟာရဖြစ်ကြောင်း လက်ခံထားကြသည်။ ထို့နောက် နို့မှုန့်ကုမ္ပဏီများက နို့ဗူးတိုက်ခြင်းက ပို၍ ကောင်းသည်ဟု ဝါဒဖြန့် ကြော်ငြာလာကြသည်။ ဤမှားယွင်းသော ယူဆချက်ကို မိခင်အများစုက ယုံကြည်သွားကြပြီး၊ ၎င်းတို့၏ ကလေးငယ်များကို နို့ဗူး တိုက်လာကြသည်။ ထိုမှစကာ ထောင်ချီသော ကလေးငယ်များသည် ဖျားနာ၍၎င်း၊ ဆာလောင်မွတ်သိပ်၍၎င်း သေဆုံးကြရသည်။ အမှန်တစ်ကယ်မှာမူ မိခင်နို့သည် ကလေးအတွက် အကောင်းဆုံးအာဟာရဖြစ်သည်။

မိမိ၏ ရိုးရာနည်းများကို လေးစားပါ။ ပို၍ကောင်းအောင် ကြိုးစားပါ။

ရိုးရာနည်းများကို ပို၍ကောင်းအောင် မည်သို့လုပ်ဆောင်သင့်သည်ကို အခန်း (၇) ရှိ ကျန်းမာရေးလုပ်သားများကို ကူညီခြင်းတွင် ဆက်လေ့လာပါ။

ကျန်းမာရေးအတွက် ယုံကြည်မှု၏အခန်းကဏ္ဍ

အချို့ဆေးမြီးတိုများသည် အနာရောဂါများကို သက်သာစေသည်ဆိုနိုင်သော်လည်း၊ အများအားဖြင့် လူနာ၏ ယုံကြည်မှုကြောင့်ဟု ဆိုနိုင်သည်။ ယုံကြည်သည့်စိတ်သည် ရောဂါများကို ကုစားရာတွင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်မှာ ယုံမှားစရာမရှိချေ။

ဥပမာ- ခေါင်းကိုက်နေသော လူနာတစ်ဦးအား၊ အမျိုးသမီးတစ်ဦးက ကန်ဇွန်းဥ ကျွေးလိုက်ပြီးနောက်၊ သက်သာသွားသည်ကို ကြုံဘူးသည်။ ကန်ဇွန်းဥက အနာသက်သာစေသည်ဟု ပြောလာသော အမျိုးသမီးကို ယုံကြည်သောစိတ်က လူနာအား ကုစားလိုက်ခြင်းဖြစ်သည်။

ဤဖြစ်ရပ်တွင် ကန်ဇွန်းဥထက်၊ လူနာ၏ ယုံကြည်မှုက အဓိကကျသည်။ ၎င်းယုံကြည်မှုပင် သက်သာသွားစေခြင်းဖြစ်သည်။

ဆေးမြီးတိုအများစုသည် အနာရောဂါများကို ကုသရာတွင် ဤအချက်ပေါ်မူတည်၍ အလုပ်ဖြစ်နေသည်။ လူအများက ထိုဆေးကို ကုသနိုင်စွမ်းသည်ဟု သက်ဝင်ယုံကြည်ကြသည်။ ထို့ကြောင့် စိုးရိမ်မှု၊ ကြောက်လန့်မှု စသည် စိတ်နှင့် နှီးနွယ်နေသော ရောဂါများကို ကုသရန် ယုံကြည်မှုစိတ်က အထူးအသုံးဝင်လှသည်။

ဤသို့သော ယုံကြည်မှုစိတ်ဓာတ်က ကုစားနိုင်သည့်ရောဂါအုပ်စုတွင် ပါဝင်သည့်ရောဂါများမှာ စုန်းပူး၊ နတ်ပူးခြင်း၊ အကြောင်းရင်းခိုင်လုံမှု မရှိသည့် ကြောက်လန့်ခြင်း၊ ကိုယ်လက်ကိုက်ခဲ မအီမသာဖြစ်ခြင်း (အမျိုးသမီးများအတွက် ဆယ်ကျော်သက်အရွယ်နှင့် အသက်ကြီးသောအရွယ်များသည် စိတ်ဖိစည်းမှုများသည့် နှစ်အပိုင်းအခြားများဖြစ်သည့်အလျောက် ကိုယ်လက်မအီမသာဖြစ်တတ်သည်)၊ စိတ်လှုပ်ရှားခြင်းနှင့် စိတ်ပူပန်ခြင်းတို့ပါဝင်သည်။ ထို့အပြင် ပန်းနာရင်ကြပ်ခြင်း၊ ကျို့ထိုးခြင်း၊ အစာမကြေခြင်း၊ အစာအိမ်နာခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် အချို့သော ကြွက်နို့များကိုလည်း ပျောက်ကင်းစေပါသည်။

အထက်ပါ အနာရောဂါများသည် ဆေးကုဆရာ၏ လက်နှင့် ထိတွေ့ပေးမှုက အရေးပါနေတတ်သည်။ ဆေးကုဆရာ၏ ဂရုစိုက်မှု၊ ဆေးဆရာအပေါ် ယုံကြည်မှုတို့သည် လူနာအား စိတ်အားတက်ကြွစေပြီး၊ စိုးရိမ်မှုများ လျော့ပါးစေသည်။

ကုထုံးတစ်ခုအပေါ် ယုံကြည်မှုသည် ထိုသူအား အတိုင်းအတာ တစ်ခုအထိ အကျိုးရှိစေသည်။

ဥပမာ- မက္ကဆီကိုနိုင်ငံ၊ ကျေးရွာများတွင် ရွာသားများ မြွေအကိုက်ခံရပါက အောက်ပါအတိုင်းကုသကြလေ့ရှိသည်။

0103

အခြားဒေသ၊ အခြားနိုင်ငံများတွင်လည်း ရိုးရာကုထုံးများရှိပေမည်။ အမှန်တစ်ကယ်အားဖြင့်၊ မည်သည့် အိမ်တွင်း ဆေးမြီးတိုမှ မြွေဆိပ်ကို မဖြေနိုင်ပေ။ အိမ်တွင်းဖြစ်ဆေးမြီးတိုများဖြင့် လုံးဝပျောက်ကင်းသက်သာသွားသည်ဟု ဆိုသော မြွေကိုက်လူနာများသည် စင်စစ်မှာ အဆိပ်မရှိသော မြွေအကိုက်ခံရခြင်းသာ ဖြစ်သည်။

သို့သော် အဆိုပါ ဆေးမြီးတိုများ၊ ရိုးရာကုထုံးများ မြွေဆိပ်ဖြေပေးနိုင်သည်ဟု ယုံကြည်သောစိတ်က လူနာအား အကျိုးရှိစေသည်။ ထိုလူနာတွင် ကြောက်စိတ်လျော့သွားသည့် အလျောက် သွေးခုန်နှုန်းနှေးသွားမည်။ ရွေ့လျားလှုပ်ရှားမှုလည်း နည်းသွားမည်။ ထို့ကြောင့် သွေးလည်ပတ်မှု မမြန်တော့သဖြင့်၊ အဆိပ်ပြန့်နှံ့မှုလည်း နှေးမည်။ အန္တရာယ်လည်း အထိုက်အလျောက်အားဖြင့် နည်းသွားပေမည်။

သို့သော် အဆိုပါ ဆေးမြီးတိုများသည် မြွေဆိပ်ကို မဖြေနိုင်ပါ။ မည်သည့်နည်းကိုသုံးပါစေ၊ အသက်အန္တရာယ် ရှိဆဲ၊ သေဆုံးနေကြဆဲပင်ဖြစ်သည်။

မည်သည့် အိမ်တွင်းဖြစ် ဆေးမြီးတိုမျှ အဆိပ်(မြွေဆိပ်၊ ကင်းမြီးကောက်၊
ပင့်ကူနှင့် အခြား အဆိပ်များ)မဖြေပေးနိုင်ပါ။ လူနာ၏ ယုံကြည်မှုစိတ်ကသာ ကုစားနေခြင်းဖြစ်သည်။

ခေတ်ပေါ် မြွေဆိပ်ဖြေဆေးကို ကြိုတင်ဆောင်ထားခြင်းကသာ ပိုးထိလူနာအား အသက်ကယ်နိုင်သည်။ မြွေဆိပ်ဖြေဆေးကို စောင့်နေရခြင်းဖြင့် အချိန်မလင့်ပါစေနှင့်။

လူနာကို ပိုဆိုးစေသော မှားယွင်းသည့် ယုံကြည်မှုများ၊ အယူသည်းမှုများ

ယုံကြည်ခြင်းသည် လူအများအား ကုစားနိုင်သည်။ သို့သော် အန္တရာယ်လည်း ဖြစ်စေတတ်သည်။ တစ်စုံတစ်ခုက မိမိအား နာကျင်ထိခိုက်စေမည်ဟု ယုံကြည်ပါက၊ ထိုယုံကြည်မှု ဥပါတ်ဒါန်ကပင် ထိုသူအား အန္တရာယ်ဖြစ်စေမည်။

0104

ကိုယ်ဝန်ပျက်ကျပြီးကာစ သွေးအနည်းငယ်ဆင်းနေသေးသော အမျိုးသမီးလူနာအား လိုက်ကြည့်ပေးပါရန် ကျွန်ုပ်အား တစ်ခါက လာပင့်သည်။ ထိုလူနာ၏ အိမ်ဘေးတွင် လိမ္မော်ပင်တွေ့သဖြင့်၊ လူနာအား လိမ္မော်ရည်တစ်ခွက် ဖျော်တိုက်ခိုင်းလိုက်သည်။ (လိမ္မော်ရည်တွင် ပါဝင်သည့် ဗီတာမင် စီ သွေးကြောများအား၊ ခိုင်မာစေသည်။) လူနာကလည်း ဘေးဖြစ်လိမ့်မည်ဟု တွေးကြောက်နေလျှက်ပင် သောက်လိုက်သည်။

ထိုကြောက်စိတ်ကြောင့်ပင်၊ လူနာအမျိုးသမီးသည် ပို၍ ဖျားပေတော့သည်။ လူနာအား စမ်းသပ်ကြည့်သောအခါတွင်မူ၊ မည်သည့် ရောဂါမှ ရှာမတွေ့ချေ။ လူနာကို မည်သည့် အန္တရာယ်မျှမရှိကြောင်းရှင်းပြပြီး၊ နှစ်သိမ့်သော်လည်း၊ လူနာက သူမ သေတော့မည်ဟုသာ ယုံကြည်နေသည်။ နောက်ဆုံး ကျွန်ုပ်က သူမအား မိုးရေ (distilled water) တစ်လုံးထိုးပေးလိုက်သည်။ မိုးရေဟူသည် ရောဂါကုနိုင်သည့် အစွမ်းမရှိ။ သို့သော် လူနာက ၎င်းထိုးဆေးအပေါ် ယုံကြည်လှသဖြင့်၊ ရောဂါသက်သာသွားသည်။

အမှန်စင်စစ် ဖျော်ရည်က သူမအားမည်သည့် အန္တရာယ်မျှ မဖြစ်စေနိုင်ပါ။ သူမ ဘေးဖြစ်တော့မည်ဟု စိတ်စွဲနေသော ဥပါတ်ဒါန်ကသာလျှင် သူမအတွက် အန္တရာယ်ရှိသည်။ တစ်ဖန်သူမအား ပြန်သက်သာသွားစေသောအကြောင်းရင်းမှာ ထိုးဆေးအပေါ် ယုံကြည်သော စိတ်ပင်ဖြစ်သည်။

ထို့နည်းတူစွာ လူအများသည် စုန်းကဝေ၊ ထိုးဆေး၊ အစားအစာနှင့် အခြားအခြားသော အရာများကို မှားယွင်းစွာ ယုံကြည်တတ်ကြသည်။ ဤယုံကြည်မှုများက မလိုလားအပ်သော ဝေဒနာများကိုသာ ဖြစ်စေသည်။

မည်သို့ပင်ဆိုစေ ထိုအမျိုးသမီးကို ကျွန်ုပ်ကူညီလိုက်သည်။ စဉ်းစားလေလေ၊ ပိုပိုထင်ရှားလာသည်မှာ ကျွန်ုပ်သည် သူမအား ချဉ်းကပ်ပုံ မှားယွင်းခဲ့ကြောင်း သိလာသည်။ အမှားကို ယုံကြည်ရန် တွန်းပို့လိုက်သလို ဖြစ်ခဲ့သည်။

ဤသည်ကို ကျွန်ုပ် အမှန်သို့ ပြန်ဖြစ်အောင် ကြိုးစားခဲ့သည်။ ရက်အတန်ကြာပြီးနောက် သူမ နေကောင်းသွားချိန်၊ သူမ၏အိမ်သို့ ကျွန်ုပ် ပြန်သွားကာ တောင်းပန်ခဲ့သည်။ သူမအမှန်ကို နားလည်အောင် ရှင်းပြခဲ့သည်။ သူမအား နေမကောင်းခြင်းမှာ ဖျော်ရည်ကြောင့် မဟုတ်ပဲ၊ ဘေးဖြစ်လိမ့်မည်ဟု ယုံကြည်သော ကြောက်စိတ်ကြောင့်သာ ဖြစ်ကြောင်းနှင့်၊ ထိုးဆေးကြောင့် ပြန်သက်သာသွားခြင်းမဟုတ်ပဲ၊ သေမည်ဟု ကြောက်နေသောစိတ်မှ လွတ်မြောက်အောင် ပြုခဲ့ခြင်းသာဖြစ်ကြောင်း ရှင်းပြခဲ့သည်။

လိမ္မော်ရည်၊ ထိုးဆေးနှင့် ထိုအမျိုးသမီး၏ အယူတို့ကို အမှန်အတိုင်း သိရှိနားလည်ခြင်းသည် သူတို့၏ မိသားစုကို ကြောက်စိတ်ကင်းစေကာ၊ ကျန်းမာအောင် မည်သို့နေထိုင်ရမည်ကို ဆင်ခြင်စေနိုင်မည်။ ကျန်းမာခြင်းဟူသည့် ဆုလာဘ်သည်လည်း အနာရောဂါများ၏ သဘောသဘာဝကို နားလည်ခြင်းနှင့် အစိုးရိမ်မလွန်ခြင်းတို့ အပေါ် များစွာ မူတည်နေပါသည်။

ဥပါတ်ဒါန်ကြောင့် ဥပါတ်ရောက်သည်။

စုန်းကဝေ၊ ပြုစားခံရခြင်း

တစ်စုံတစ်ယောက်က မိမိအား ပြုစားနိုင်စွမ်းသည်ဟု ယုံကြည်လွန်းလျှင်၊ တစ်ကယ်လည်း ဖျားနာသွားတတ်သည်။ မိမိကိုယ် မိမိ အောက်လမ်းက လာပြုစားနေသည်ဟု ယုံကြည်လျှင်၊ ထိုယုံကြည်မှုကပင် မိမိအား ဒုက္ခပေးနေခြင်းဖြစ်သည်။

0104

စုန်းကဝေဟူသည် သူတစ်ပါးအပေါ် လှည့်စားနိုင်မှုမှ လွဲ၍၊ မည်သို့သော အစွမ်းမှ မရှိပေ။

စုန်းကဝေအတတ်ကို မယုံကြည်သောသူအား မည်သည့် စုန်းကဝေမှ မပြုစားနိုင်ပေ။

အချို့သူများသည် သူတို့ခံစားရသော (လိင်အင်္ဂါကင်ဆာနှင့် အသည်းခြောက်ခြင်းကဲ့သို့သောရောဂါများ) ထူးထူးဆန်းဆန်း ရောဂါဝေဒနာများကို စုန်းကဝေတို့ကြောင့် ဖြစ်သည်ဟု ထင်ကြသည်။ ထို့ကဲ့သို့သော ရောဂါများသည် စုန်းကဝေတို့ ပြုစားခြင်းကြောင့် မဟုတ်ပေ။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ရောဂါများသာ ဖြစ်သည်။


နတ်ဆရာများထံ ရောဂါကုခြင်းဖြင့် ငွေနှင့် အချိန်ကို မဖြုန်းကြပါနှင့်။ ရောဂါပျောက်စေမည် မဟုတ်သောကြောင့် စုန်းကဝေပြုစားခြင်းဦးတည်ကု မနေပါနှင့်။ ရောဂါဆိုးနေလျှင်၊ ဆေးကုသမှု ခံယူပါ။

ဆေးမြီးတိုများနှင့် ယုံကြည်မှုများ

အောက်ပါ အချက်များသည် မက္ကဆီကို တောင်ပေါ်ဒေသ၏ အယူအဆများဖြစ်သည်။ သင်တို့၏ ဒေသတွင်လည်း အလားတူ ယုံကြည်မှုအစွဲများ ရှိလိမ့်မည်။ မည်သည့် အစွဲက မှန်သည်၊ မှားသည်ကို ခွဲခြားသိပါစေ။

0108
0109
0110
0111
0112
0113
0114
0115
0116
0117
0118
0119

ငယ်ထိပ်ချိုင့်ဝင်ခြင်း

ငယ်ထိပ်ဆိုသည်မှာ ကလေးငယ်၏ ဦးခေါင်းထိပ်တွင် တွေ့ရသော ပျော့စိစိ နေရာဖြစ်သည်။ ၎င်းနေရာသည် ကလေးငယ်၏ ဦးခွံအရိုးများ ဟနေသေးသောကြောင့် ဖြစ်သည်။ ကလေးအသက် တစ်နှစ်၊ တစ်နှစ်ခွဲရောက်မှသာ ပိတ်သွားတတ်သည်။

ဒေသအတော်များများမှ မိခင်များက ဤသို့ ငယ်ထိပ်ချိုင့်ဝင်သွားခြင်းကို အန္တရာယ်တစ်ခု အဖြစ်သိရှိ မှတ်ယူထားကြသည်။ လက်တင်အမေရိက နိုင်ငံမှ မိခင်များက ကလေးဦးနှောက် အတွင်းသို့ ကျွံဝင်သွားသည်ဟု ယူဆကြသည်။ ထို့ကြောင့် ပါးစပ်နှင့် ငယ်ထိပ်ကို စုပ်သည်၊ ကလေးအာခေါင်မှ အပေါ်သို့ ပြန်ထိုးတင်သည်၊ ကလေးကို ဇောက်ထိုးထားကာ ခြေဖဝါးကို ရိုက်သည်၊ စသည်ဖြင့် ကုသကြသည်။ အထက်ပါ နည်းများ အနက် မည်သည့်နည်းမှ ပြန်မကောင်းစေနိုင်။ အဘယ်ကြောင့် ဆိုသော် ငယ်ထိပ်ချိုင့်ဝင်ခြင်းသည် ရေဓာတ် ခမ်းခြောက်ခြင်းကြောင့် ဖြစ်သည်။

တစ်နည်းအားဖြင့် ကလေးငယ်သည် သောက်နိုင်သည်ထက် ပို၍ ရေဓာတ် ဆုံးရှုံးနေသည်။ ဝမ်းလျှောခြင်း၊ အထက်လှန် အောက်လျှောခြင်း တို့တွင် တွေ့ရလေ့ရှိသည်။

ကုသခြင်း

အရည်များများ ဝင်ပါစေ။ ဓာတ်ဆားရည်၊ မိခင်နို့၊ ရေနွေး စသည် များများတိုက်ပါ။

ဝမ်းလျှော၊ အန်နေခြင်း၏ ကြောင်းရင်းကို ကုပါ။ ဝမ်းလျှောခြင်းအတွက် များသောအားဖြင့် ဆေးမလိုပါ။ အန္တရာယ်ပိုဖြစ်စေတတ်သည်။

0121

သတိပြုရန် ငယ်ထိပ် ဖောင်းနေလျှင်မူ ဦးနှောက် အမြှေးပါးရောင်ခြင်း၏ လက္ခဏာဖြစ်သည်။ ဆရာဝန်ထံ ချက်ချင်း ကုသမှုခံယူပါ။

အိမ်တွင်းဖြစ် ဆေးမြီးတိုများ အား ဆန်းစစ်နည်း

အိမ်တွင်းဖြစ် ဆေးမြီးတိုများကို အသုံးများကြသည် ဆိုသော်လည်း ထိရောက်သည်၊ ဘေးကင်းသည်ဟု မဆိုသာပေ။ သေသေချာချာ လေ့လာရပေမည်။ အောက်ပါနည်းများဖြင့် ဆေးအာနိသင်ရှိ မရှိ၊ ဘေးကင်း မကင်း ဆန်းစစ်နိုင်သည်။ (မက္ကဆီကို ရွာ လေးရွာမှ ဥပမာများကို ဆန်းစစ်ပြထားသည်။)

  1. ရောဂါတစ်ခုအတွက် ကုသနည်း များလေ၊ အဆိုပါ ကုသနည်းများ ထိရောက်နိုင်ချေ နည်းလေဖြစ်သည်။
  2. ဥပမာ လည်ပင်းကြီးရောဂါအတွက် ကုသနည်းများစွာရှိသည်။ သို့သော် မည်သည့်နည်းမှ မထိရောက်ပေ။

    အထက်ပါနည်းများတွင် မည်သည့်နည်းမျှ လည်ပင်းကြီးရောဂါကို ကုနိုင်မည် မဟုတ်။ တစ်နည်းနည်းကသာ ထိရောက်စွာ ကုပေးနိုင်ခဲ့လျှင်၊ ဤမျှ ကွဲပြားသော ကုသနည်းများ ပေါ်ထွက်လာမည် မဟုတ်။ ရောဂါတစ်ခုအတွက် လူသိများသော ကုသနည်း တစ်ခုသာရှိနေလျှင် ၎င်းကုသနည်း၏ ထိရောက်စွာ ကုသပေးနိုင်ချေ ပိုများသည်။ အိုင်အိုဒင်းပါသော ဆားကို စားခြင်းဖြင့် လည်းပင်းကြီးရောဂါကို ကာကွယ်၊ ကုသနိုင်သည်။

  3. မသတီစရာ၊ ရွံစရာ ကောင်းသော ကုသနည်းများသည် ထိရောက်မှုအစွမ်း နည်းလိမ့်မည်၊ အန္တရာယ်ပင် ပေးတတ်သည်။
  4. အထက်ပါနည်းများဖြင့် မကုရပါ။ မြွေသေက ရောဂါပိုးရစေနိုင်သည်။ ဤသို့ မှားယွင်းသော ကုထုံးများသည် လူနာအား တကယ့် ကုသမှုအမှန် ရဖို့ အချိန်လင့်စေပါသည်။

  5. လူ၊ တိရစ္ဆာန် မစင်များသည် မည်သည့်ရောဂါကိုမျှ မကုပေးနိုင်၊ ရောဂါပိုးဝင်စေမည်။ လုံးဝမသုံးရ။
  6. ထို့နည်းတူစွာ ယုန် နှင့် အခြားတိရစ္ဆာန၏ မစင်များကို မီးလောင်နာ၊ ရေနွေးပူလောင်နာများတွင် မသုံးရပါ၊ အန္တရာယ် အလွန် များသည်။ တက်(ဝက်ရူးပြန်) နေသော လူ၏လက်ထဲ နွားချေးခြောက် ထည့်ပေးခြင်းကလည်း အတက်ရပ်မည် မဟုတ်။ လူ၊ ဝက် နှင့် အခြား တိရစ္ဆာန် မစင်များဖြင့် ခပ်ထားသော ရေနွေးကြမ်းကလည်း မည်သို့မျှ အကျိုးရှိမည် မဟုတ်။ ပို၍ပင် အန္တရာယ် ဖြစ်စေမည်။ မွေးကင်းစ ကလေး၏ ချက်ထဲကို မစင်များ မထည့်ရ။ မေးခိုင်ပိုး ဝင်တတ်သည်။

  7. ယုံကြည်သက်ဝင်မှုက ကုသပေးလိုက်ခြင်းသာ ဖြစ်သည်။

မက္ကဆီကို နိုင်ငံမှ ဥပမာများကို လေ့လာကြည့်ပါ။

အထက်ပါကုသနည်းများတွင် မည်သည့်နည်းမျှ ကုသနိုင်မှု အစွမ်း မရှိချေ။ မိမိတို့၏ ၎င်းကုထုံးများ အပေါ် ယုံကြည်သက်ဝင်နေမှုကသာ ကုသပေးသွားခြင်း ဖြစ်သည်။ ရောဂါဝေဒနာ ဆိုးရွားနေပါက အထက်ပါ အကျိုးမရှိသော ကုထုံးများနှင့် အချိန်ကုန်၊ လူပန်း မဖြစ်ပါစေနှင့်။

ဆေးဖက်ဝင် အပင်များ

ဇီဝက ဆေးဆရာကြီးက ဆိုထားသကဲ့သို့ပင် အပင်တိုင်းသည် ဆေးဖက်ဝင်သည်။ ခေတ်ပေါ်ဆေးဝါး အများအပြားကို အပင်များမှ ဖော်စပ်ထားသည်။

ဆေးဖက်ဝင်သည်ဟု ဆိုထားသော အပင်တိုင်း၏ ကုသနိုင်မှု အစွမ်း ကွဲပြားနေတတ်သည်။ တစ်ခါတစ်ရံ မှားယွင်းစွာ အသုံးချနေတတ်သည်။ မိမိဒေသတွင် ရှိသော အလေ့ကျပေါက်နေသော ဆေးဖက်ဝင် အပင်များကို ရှာဖွေ လေ့လာထားသင့်သည်။

သတိပြုရန် အချို့ ဆေးဖက်ဝင်အပင်များသည် လိုသည်ထက် ပိုသုံးမိလျှင် အဆိပ်သင့် တတ်သည်။ ထို့ကြောင့် ခေတ်ပေါ်၊ ခေတ်မှီဆေးဝါးများကို သာ သုံးသင့်သည်။ သုံးမည့် ပမာဏကို သိရှိ နိုင်မည်။

အောက်ပါ ဆေးဖက်ဝင် အပင် များကို နည်းလမ်းတကျ သုံးနိုင်ပါသည်။

နတ်သမီး ခေါင်းလောင်းပန်း Angle’s Trumpet (Brugmansia arborea)

ဤအပင်၏ အရွက်များသည် ဗိုက်နာ၊ လေအောင့်၊ အစာအိမ်နာ နှင့် သည်းခြေကိုက်ခဲရာတွင် သုံးနိုင်သည်။

အရွက် ၁-၂ ရွက်ခန့် ထောင်းကြိတ်၍၊ ရေ စားပွဲတင်ဇွန်း ၇ ဇွန်း (၁၀၀ စီစီ) တွင် စိမ်ထားပါ။

သောက်သုံးရန်၊   ၊ အစက် ၁၀-၁၅ စက်ခန့်၊ ၄ နာရီ တစ်ကြိမ် သောက်ရန်၊ (လူကြီးများသာ)

သတိပြုရန်၊ ၊ ပိုမသုံးရ။ အဆိပ်သင့်တတ်သည်။

ပြောင်းဖူး အမြိတ် Corn Silk (the tassels or ‘silk’ from an ear of maize)

ပြောင်းဖူးအမြိတ် ရေနွေးကြမ်းသည် ဆီးရွှင်စေသည်။ ကိုယ်ဝန်ဆောင်များ ခြေထောက်ဖောယောင်ခြင်း အတွက် ကောင်းသည်။

ပြောင်းဖူးအမြိတ် လက်တစ်ဆုပ်စာခန့် ရေနွေးတွင် ပြုတ်၍၊ ၁-၂ ဖန်ခွက်သောက်ပါ။ အန္တရာယ်မရှိပါ။

ကြက်သွန်ဖြူ Garlic

ကြက်သွန်ဖြူအရည် သည် ပင်အပ်သန်ကောင်များကို ကျစေသည်။

ကြက်သွန်ဖြူဥ ၄ ဥကို ကြိတ်/နုတ်နုတ်စင်း၍ ရေ(နို့၊ ဖျော်ရည်၊ ရေ) တစ်ဖန်ခွက်နှင့် ရောပါ။

သောက်သုံးရန်၊   ၊တစ်ရက် တစ်ဖန်ခွက်၊ ၃ ရက် ဆက်သောက်ပါ။

အမျိုးသမီးအင်္ဂါ ပိုးဝင်လျှင်လည်း ကြက်သွန်ဖြူနှင့် ကုနိုင်သည်။

ကာဒွန် ရှားစောင်းပင် Cardon cactus (Pachycereus pectin-aboriginum)

ရေနွေးမရနိုင်ပါက ရှားစောင်းပင် အရည်ကို ဒဏ်ရာများ ဆေးကြောရာတွင် သုံးနိုင်သည်။ သွေးကြောနံရံ များကို ကြုံ့စေခြင်းဖြင့် သွေးတိပ်စေသည်။

ရှားစောင်းပင် ကို ဓားသန့်သန့်နှင့် ပိုင်းဖြတ်၍၊ ဒဏ်ရာပေါ် ဖိအုပ်ထားပေးပါ။ သွေးတိပ်သွားပါက ၎င်း ရှားစောင်းပင်ကို ဒဏ်ရာတွင် အဝတ်စ သန့်သန့်နှင့် သိုင်းချည်ထားပေးပါ။

၂-၃ နာရီကြာသော်၊ ရှားစောင်းပင် ကို ဖြည်၍၊ ဒဏ်ရာကို ဆပ်ပြာ၊ ရေနွေးတို့နှင့် ဆေးကြောပေးပါ။

ရှားစောင်းလက်ပတ် Aloe Vera (Sabila)

ရှားစောင်းလက်ပတ် ကို အပူလောင်ခြင်းနှင့် ဒဏ်ရာများတွင် သုံးသည်။ ၎င်းပင်စည်မှထွက်သော အရည်ပျစ်ပျစ်သည် ဒဏ်ရာများ နာခြင်း၊ ယားခြင်းတို့ကို သက်သာစေပြီး၊ အနာကျက်စေသည်။

ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးသည်။ ပင်စည်အသေးကို ခုတ်ပါ။ အပေါ်ယံအလွှာကို ခွာပစ်ပါ။ မီးလောင် ဒဏ်ရာပေါ် တင်ပေးပါ။ သို့မဟုတ် အရည်ကို သုတ်လိမ်းပေးပါ။

အစာအိမ် အနာနှင့် အစာအိမ်ရောင်ပါကလည်း သုံးနိုင်သည်။ အရွက်ကို နုတ်နုတ်စင်း၊ ရေ တစ်ည စိမ်၍ ရလာသော ခါးသက်သက် အရည်ကို ၂ နာရီ တစ်ခါ၊ တစ်ဖန်ခွက် သောက်ပေးပါ။

သင်္ဘောသီး Papaya

သင်္ဘောသီး သည် ဗီတာမင်အလွန်ကြွယ်ပြီး၊ အစာကြေစေသည်။ အသား၊ ဥ စားပြီး၊ အစာမကြေသော သက်ကြီးရွယ်အိုများနှင့် အားနည်းသူများအတွက် အထူးကောင်းမွန်သည်။ အသားများကို ချေဖျက်ပေးသည်။

အူအတွင်း ခိုအောင်းနေသော သန်ကောင်များကို လည်း ဖယ်ရှားပေးသည်။ သင်္ဘောသီးပင်စည်ကို ခုတ်ရာမှ၎င်း၊ သင်္ဘောသီးအစိမ်းကို လှီးရာမှ၎င်း ထွက်လာသော နို့နှစ်ရောင် အရည် ၃-၄ ဇွန်း (လ္ဘက်ရည်ဇွန်း) ကို ယူပါ။ ပျားရည် (သို့မဟုတ်) သကြားနှင့် ဆတူရော၍၊ ရေနွေးနှင့် ခွက်တစ်ခုထဲတွင် ဖျော်ပါ။

သင်္ဘောသီးစေ့ကို အခြောက်ခံ၊ အမှုန့်ထောင်းပါ။ ၎င်းအမှုန့် လ္ဘက်ရည်ဇွန်း ၃ ဇွန်းစာခန့်ကို ရေ တစ်ဖန်ခွက်နှင့် ရော၊ ပျားရည် နည်းနည်းထည့်၊ တစ်ရက် ၃ ကြိမ်၊ ၇ ရက် ဆက်တိုက်သောက်ပါက ပို ကောင်းသည်။

အိပ်ရာပူနာ (pressure sore) အတွက်လည်း သုံးနိုင်သည်။ သင်္ဘောသီးတွင် ပါဝင်သော ဓာတုပစ္စည်းများသည် သေနေသော အသားစများကို ပျော့သွားစေပြီး၊ ခွာရ လွယ်ကူစေသည်။ ရှေးဦးစွာ အိပ်ရာပူနာကိုသန့်ရှင်းသွားအောင် ဆေးကြောပေးပါ။ အဝတ်သန့်သန့်နှင့် သင်္ဘောသီးပင်စည်ကို ခုတ်ရာမှ၎င်း၊ သင်္ဘောသီးအစိမ်းကို လှီးရာမှ၎င်း ထွက်လာသော နို့နှစ်ရောင် အရည်ကို ယူ၍၊ အနာနေရာတွင် အုပ်ထားပေးပါ။ တစ်ရက်ကို ၃ ကြိမ် ပြုလုပ်ပါ။

အိမ်တွင်းဖြစ် ကြပ်စည်းခြင်း_ ကျိုးနေသော အရိုးများကို ပြန်ကောင်းစေခြင်း

မက္ကဆီကို နိုင်ငံတွင် tepequaje (ပဲပင် တစ်မျိုး) နှင့် solda con solda (နွယ်ပင်တမျိုး) တို့ကို ကြပ်စည်းရာတွင် သုံးသည်။ အလားတူ မည်သည့် အပင်မဆို ၎င်းတို့၏ အစေးများ မာခြောက်သွားမည်၊ အရေပြားကိုလည်း မယားယံစေပါက ကြပ်စည်းရန် သုံးနိုင်သည်။ အိန္ဒိယနိုင်ငံတွင် ကြက်ဥအကာနှင့် ဘယဆေးတစ်မျိုးကို ရော၍ သုံးကြသည်။ သင့်ဒေသတွင်လည်း ရှာဖွေသုံးကြည့်ပါလေ။

Tepeguaje ကို သုံး၍ ကြပ်စည်းခြင်း၊ ၊tepeguaje အခေါက် တစ်ကီလိုဂရမ်ခန့်ကို ရေ ၅ လီတာ (၁ လီတာ ရေသန့်ပုလင်း ၅ ပုလင်း) တွင် ၂ လီတာသာ ကျန်သည် အထိ ကြိုပါ။ အရည်ပျစ်ပျစ် ရလာသည် အထိ ကြိုပါ။ အကျယ် ၃ လက်မရှိ ပိတ်စထူ ရှည်ရှည်ကို ၎င်းအရည်ထဲတွင် နှစ်၍ စိမ်လိုက်ပါ။ ပြီးလျှင် အောက်ပါအတိုင်း စည်းပေးပါ။

လက်ချောင်းများကို ကြပ်မစည်းမိစေပဲ၊ ပေါ်နေစေရမည်။ သို့မှသာ လက်ချောင်းများ၏ အရောင်ပြောင်း မပြောင်း တွေ့ရမည်။ အရောင်ပြောင်းပါက သွေးကြောပိတ်မိသည့် လက္ခဏာ တစ်ခုဖြစ်သဖြင့် စည်းထားသော ကြပ်ကို ပြန်ဖြေ ပစ်လိုက်ရမည်။

တရုတ်နိုင်ငံနှင့် လက်တင် အမေရိကနိုင်ငံများမှ ရိုးရာ အရိုးဆက်ဆရာများကမူ ကျိုးသည့်အပိုင်းကို သာ စည်းကြသည်။ ကျိုးနေသော အရိုးကို အနည်းငယ် လှုပ်ရှားခွင့် ပေးပါက အရိုးဆက်ပိုမြန်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။ ဤနည်းကို မကြာသေးခင်က ပြုလုပ်ခဲ့သော သုတေသနတွေ့ရှိချက်များ အရ မှန်ကန်ကြောင်း တွေ့ရသည်။

ခြေထောက်နှင့် လက်တို့အတွက် ယာယီ အထိန်းများကိုမူ ကတ္ထူစက္ကူ၊ ငှက်ပျောရွက် အရိုး များဖြင့် ပြုလုပ်နိုင်သည်။

သတိပြုရန်။   ။ကြပ်စည်းပြီးခါစက တင်းတင်းကြပ်ကြပ် မစည်းခဲ့သော်လည်း၊ အရိုးကျိုးနေသော အပိုင်း ယောင်ရမ်းတတ်သည်။ အရမ်းကြပ်လာသည်ဟု လူနာက ပြောလျှင်သော်၎င်း၊ ခြေချောင်း လက်ချောင်းလေးများ အေးစက်လာလျှင်သော်၎င်း၊ ဖြူဆွတ်/ပြာနှမ်း လာလျှင်သော်၎င်း၊ ကြပ်ကို ဖြေပစ်လိုက်ရမည်။ ခပ်ချောင်ချောင် အသစ်တစ်ခု ပြန်စည်းပေးပါ။

ပြတ်ရှပွန်းပဲ့နေသော ဒဏ်ရာတစ်ခု အပေါ် ကြပ် (လုံးဝ) မစည်းရ။

ဝမ်းချူဆေးများ အသုံးပြုပုံ

လူတိုင်း လူတိုင်း ဝမ်းချူခြင်း၊ ဝမ်းနှုတ်ခြင်းကို မကြာခဏ ပြုလုပ်လေ့ ရှိကြသည်။

ဝမ်းချူခြင်း၊ ဝမ်းနှုတ်ခြင်းကို မိမိအိမ်တွင်ပင် ပြုလုပ်လေ့ ရှိကြသည်။ အန္တရာယ် အလွန်များပါသည်။ လူအများက အဖျားနှင့် ဝမ်းလျှောခြင်းတို့သည် နှုတ်လိုက်သော ဝမ်းနှင့် အတူ ပါသွားမည်ဟု ထင်မြင်ကြသည်။ စအိုဝမှ ရေလောင်းထည့်ခြင်း၊ ပါးစပ်မှ ဝမ်းနှုတ်ဆေး သောက်ခြင်း စသည်ဖြင့် ပြုလုပ်လေ့ ရှိသည်။ သို့သော် ဤသို့ပြုလုပ်ခြင်းသည် ကောင်းကျိုးထက် အူနံရံကို ဒဏ်ဖြစ်စေသဖြင့် ဆိုးကျိုးကိုသာ ဖြစ်စေသည်။

ဝမ်းနှုတ်ဆေးများသည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေသည်။

အောက်ပါ လူနာများတွင် ဝမ်းနှုတ်ဆေးသုံးခြင်းကြောင့် ဆိုးကျိုးပို ဖြစ်စေမည်။

ဝမ်းချူဆေး ကို မှန်ကန်စွာ အသုံးချခြင်း

  1. ဝမ်းချုပ်လျှင် ရေနွေးသောက်ပါ။
  2. အန်ပြီး ရေဓာတ်ခမ်းခြောက်နေသူအား ဓာတ်ဆားရည် တိုက်ပါ။ တဖြည်းဖြည်း နည်းနည်းချင်း သောက်ပါစေ။

အသုံးများသော ဝမ်းချူဆေးများ

CASTOR OIL
SENNA LEAF
CASCARA

ပြင်းသည်။ အန္တရာယ်ပေးတတ်သည်။ မသုံးသင့်။

MAGNESIUM HYDROXIDE
MILK OF MAGNESIA
EPSOM SALTS (magnesium sulfate)

ဝမ်းနှုတ်ဆားများဖြစ်သည်။ အနည်းငယ်သာ သုံးပါ။
ခဏခဏ မသုံးရ။ အထူးသဖြင့် ဗိုက်နာနေလျှင် မသုံးရ။

MINERAL OILS

လိပ်ခေါင်းလူနာများတွင် သုံးကြသည်။ ယခုအခါ မသုံးတော့ပေ။

ဝမ်းပျော့ဆေးကို မှန်ကန်စွာ အသုံးချခြင်း

ဝမ်းပျော့ဆေးများသည် ဝမ်းနှုတ်ဆေး အပျော့စားများဖြစ်သည်။ အထက်ပါဆေးများသည် နည်းနည်းသုံးလျှင် ဝမ်းပျော့စေပြီး၊ များများသုံးလျှင် ဝမ်းနှုတ်ဆေးဖြစ်သွားမည်။

ဝမ်းပျော့ဆေးများသည် ဝမ်းကို ရှောရှောရှူရှူသွားစေပြီး၊ ဝမ်းနှုတ်ဆေးသည် ဝမ်းလျှောစေသည်။

ဝမ်းပျော့ဆေးများ

မဂ္ဂနီဆီယမ် ဓတ်ဆားနှင့် အရည်တို့ကို ဝမ်းပျော့ဆေးအဖြစ် အသုံးပြုကြသည်။ လိပ်ခေါင်းရောဂါသည်များအတွက်မူ mineral oil ကို သုံးကြသည်။ mineral oil သည် မာကျောနေသော ဝမ်းကို မပျော့စေပဲ၊ ချောသွားအောင် သာ ဘေးမှ မံပေးသည့် သဘောဖြစ်သည်။ အိပ်ရာမဝင်ခင် mineral oil လ္ဘက်ရည်ဇွန်း ၃-၆ ဇွန်းခန့်သောက်ရမည်။ (အစာနှင့် အတူ တွဲမသောက်သင့်၊ အစာထဲမှ အာဟာရများကို အလဟဿ ဖြစ်စေသည်။)

ဝမ်းချူတောင့်များ

ဝမ်းချုပ်နေသူများ၊ လိပ်ခေါင်းရှိသူများ ကျည်ဆံပုံ ဤဝမ်းချူတောင့်ကို စအိုတွင်း ထည့်သွင်းကာ ဝမ်းချူနိုင်သည်။

အကောင်းဆုံးမှာ

အမျှင်ဓာတ် (fiber) ပါသော အစာများ စားသုံးခြင်း၊ ရေများများသောကလခြင်းဖြင့် ဝမ်းပျော့ပျော့ များများသွားစေမည်။ အသီးအရွက် များများစားခြင်းကလည်း ဝမ်းမှန်စေသည်။ အမျှင်ဓာတ်ပေါကြွယ်ဝသော အစာများများ စားပါက လိပ်ခေါင်းရောဂါ မဖြစ်၊ ဝမ်းမချုပ်၊ အသင့် ပြင်ဆင်ပြီးအစာ စားသူထက် အစာလမ်းကြောင်း ကင်ဆာ ဖြစ်နိုင်ချေလည်း နည်းပါးသည်။