home

အခန်း ၈ ဆေးချိန်တွယ်နည်းနှင့် ဆေးပေးနည်း



ခေါင်းစဉ်များ


သင်္ကေတများ

=  ညီမျှခြင်း

+  ပေါင်းခြင်း

ဆေးများ စိတ်ပိုင်းပုံ


၁ လုံး = ဆေးတစ်လုံး



၁/၂ လုံး = ဆေးတစ်ခြမ်း



၁ ၁/၂ လုံး = ဆေးတစ်လုံးနှင့် တစ်ခြမ်း



၁/၄ လုံး = ဆေးတစ်စိတ်၊ လေးပုံတစ်ပုံ



၁/၈ လုံး = ဆေးရှစ်ပုံတစ်ပုံ

ဆေးများ ချိန်တွယ်နည်း

ဆေးများကို ဂရမ် gram (g.) နှင့် မီလီဂရမ် milligrams (mg.) ဖြင့် ချိန်တွယ်သည်။

၁၀၀၀ မီလီဂရမ် = တစ်ဂရမ် (၁၀၀၀ မီလီဂရမ်သည် တစ်ဂရမ်နှင့် ညီသည်။)

၁ မီလီဂရမ် = .၀၀၁ ဂရမ် (၁ မီလီဂရမ်သည် ၁ ဂရမ်၏ တစ်ထောင်ပုံ တစ်ပုံနှင့် ညီသည်။)


မှတ်စု။ အချို့နိုင်ငံများတွင် ဆေးများကို ဂရိန် grain ဖြင့် ချိန်တွယ်နေကြသေးသည်။ တစ် ဂရိန် = ၆၅ မီလီဂရမ် ဖြစ်သည်။ အက်စပရင် ၃၀၀ မီလီဂရမ်ဆိုလျှင် ၅ ဂရိန် (5 gr.) ရှိမည်။

ဆေးတစ်လုံးတွင် ဂရမ်မည်မျှ၊ မီလီဂရမ်မည်မျှ ပါဝင်သည်ကို သိရှိရန်အရေးကြီးသည်။

ဥပမာ။ အကယ်၍ လူကြီးအက်စပရင်ဖြင့် ကလေးအားပေးရမည်ဆိုပါက အောက်ပါနည်းအတိုင်း တွက်ချက်နိုင်သည်။

ဆေး​ဗူးတွင် ရေးထားသော စာကို ဖတ်ကြည့်လျှင် အက်စပရင် (အက်ဆီတိုင်ဆလီစလစ်အက်ဆစ်) .၃ ဂရမ် (aspirin: acetylsalicylic acid .3 g. ) ဟု တွေ့ရမည်။ (အက်စပရင်ကို အက်ဆီတိုင်ဆလီစလစ်အက်ဆစ်ဟုလည်း ခေါ်သည်။)

.၃ ဂရမ် = ၃၀၀ မီလီဂရမ်၊ .၀၇၅ ဂရမ် = ၇၅ မီလီဂရမ်။ ထို့ကြောင့် လူကြီးအက်စပရင်သည် ကလေးအက်စပရင်၏ လေးဆဖြစ်သည်။

ထို့ကြောင့် လူကြီး အက်စပရင် ၁ လုံးကို လေးပိုင်း အညီအမျှ စိတ်ပိုင်းလိုက်လျှင်၊ ထိုတစ်စိတ်ကို ကလေး အက်စပရင် ၁ လုံးအဖြစ် ပေးနိုင်သည်။ လူကြီးဆေးအားသုံး၍ စိတ်ပိုင်းပေးခြင်းသည် ဆေးလည်းသက်သာသည်။

သတိပြုရန်။ ဆေးအများစု၊ အထူးသဖြင့် ပဋိဇီဝဆေးများကို အရွယ်အစားမျိုးစုံ၊ ပါဝင်မှု ပမာဏ မျိုးစုံဖြင့် ထုတ်လုပ်ကြသည်။ ဥပမာ တက်ထရာဆိုက်ကလင်းဟူသည့် ပဋိဇီဝဆေးများကို ၃ မျိုးတွေ့ရှိနိုင်သည်။

0812

ပဋိဇီဝဆေးများကို သတ်မှတ်ထားသော ဆေးညွှန်းအတိုင်းသာ ပေးရန် သတိပြုပါ။ ဆေးတစ်လုံး၏ ဆေးချိန် ပမာဏမည်မျှရှိသည်ကို သိရမည်။

ဥပမာ တက်ထရာဆိုက်ကလင်း ၂၅၀ မီလီဂရမ်ဆေးတောင့်ကို တစ်ရက် လေးကြိမ်သောက်ရမည်ဟု ညွှန်းလာပြီး၊ သင့်ထံတွင် ၅၀ မီလီဂရမ် ပမာဏရှိသည့် တက်ထရာဆိုက်ကလင်းများသာရှိသည် ဆိုပါက၊ ၎င်း ၅၀ မီလီဂရမ်အားရှိသည့် ဆေးတောင့်ကို တကြိမ် ၅ တောင့်၊ တစ်ရက် လေးကြိမ်သောက်ရမည်။

0813

ပင်နီဆလင်ဆေးကို ချိန်တွယ်ပုံ

ပင်နီဆလင်ဆေးကို ယူနစ်နှင့် ချိန်တွယ်သည်။

ယူ = ယူနစ် U.= unit ၁,၆၀၀,၀၀၀ ယူ = ၁ ဂရမ် (သို့) ၁,၀၀၀ မီလီဂရမ် 1,600,000 U.= 1 g. or 1,000 mg.

ပင်နီဆလင်ဆေးများ (သောက်ဆေးနှင့် ထိုးဆေး) ကို ၄၀၀,၀၀၀ ယူ (400,000 U) ဖြင့် ထုတ်လေ့ရှိသည်။

၄၀၀,၀၀၀ ယူ = ၂၅၀ မီလီဂရမ် (400,000 U = 250 mg.)

ဆေးရည်များ ချိန်တွယ်ပုံ

ဆေးရည်များကို မီလီလီတာ milliliter ဖြင့် ချိန်တွယ်သည်။

0814

အမ်အယ် = မီလီလီတာ     ml.=milliliter     ၁ လီတာ = ၁၀၀၀ မီလီလီတာ     1 liter= 1000 ml

ဆေးရည်များကို လ္ဘက်ရည်ဇွန်း tea spoon ၊ စားပွဲတင်ဇွန်း table spoon များဖြင့်လည်း ချိန်တွယ်ကြသည်။

ဆေးရည်ကို လ္ဘက်ရည်ဇွန်း တစ်ဇွန်းသောက်ရန် ညွှန်းထားပါက ဆေးရည် ၅ မီလီလီတာသောက်ရန် ညွှန်းခြင်း ဖြစ်သည်။

လူအများသုံးနေကြသော လ္ဘက်ရည်ဇွန်းတွင် အများဆုံး ၈ မီလီလီတာ၊ အနည်းဆုံး ၃ မီလီလီတာထိ ထည့်နိုင်သည်။ လ္ဘက်ရည်ဇွန်းဖြင့် ဆေးတိုက်တော့မည်ဆိုပါက မိမိသုံးမည့် လ္ဘက်ရည်ဇွန်း ၅ မီလီလီတာ အတိအကျ၊ မပိုမလိုပဲ၊ ထည့်နိုင်သည့် ဇွန်းဖြစ်ရန် အရေးကြီးသည်။

လ္ဘက်ရည်ဇွန်း ၅ မီလီမီတာ ပြည့်မပြည့် တိုင်းတာနည်း

၁။ ၅ မီလီမီတာ အတိအကျ ထည့်နိုင်သော လ္ဘက်ရည်ဇွန်း တစ်ဇွန်းကို ဝယ်ထားမည်။

သို့မဟုတ်

၂။ ပလပ်စတစ်ဇွန်းပါသော ဆေးရည်တစ်ဗူးကို ဝယ်လိုက်ပါ။ ၎င်းဆေးဗူးနှင့် ပါလာသော ဇွန်းသည် ဆေးရည်အပြည့် ထည့်ပါက ၅ မီလီမီတာထိ ဆန့်သည်။ ၂.၅ မီလီမီတာအထိ ဆန့်သော အလယ်မျဉ်းကိုလည်း တွေ့နိုင်သည်။ ဤဇွန်းကို ဆေးရည်များ ချိန်တွယ်ရန် သိမ်းထားပါ။

သို့မဟုတ်

၃။ ရေကို ၅ မီလီမီတာကို ဆေးထိုးအပ်ဖြင့် စုတ်၍၊ ဇွန်းတစ်ခုတွင် ထည့်ပါ။ ရေမည်မျှအထိရောက်သည်ကို မှတ်သားပါ။

ကလေးငယ်များအား ဆေးတိုက်နည်း

ဆေးလုံး၊ ဆေးပြား၊ ဆေးတောင့် စသည့် ပုံစံအမျိုးမျိုးရှိသော ဆေးများသည် ကလေးများအတွက် ရည်ရွယ်ကာ အရည်နှင့်လည်း ထုတ်လုပ်လေ့ရှိသည်။ ပါဝင်သော ဆေးပမာဏပေါ်မူတည်၍ နှိုင်းယှဉ်ပါက ဆေးအရည်များက ဈေးပိုကြီးသည်။ ဆေးရည်များကို မိမိကိုယ်တိုင် စပ်ပါက ဈေးသက်သာမည်။

ဆေးပြား၊ ဆေးတောင့် တို့ကို ချေ၍၊ ကလေးအတွက် ဆေးစပ်ပေးပါက၊ ဆေး များမသွားစေရန် သတိပြုပါ။ အသက် တစ်နှစ်အောက် ကလေးငယ်များကို ပျားရည် မပေးရပါ။ ဖြစ်ခဲသော်လည်း အချို့ကလေးငယ်များသည် ပျားရည်နှင့် မတည့်တတ်ပါ။

သတိပြုရန်။   ။ ကလေး မသီးစေရန် (တနည်းအားဖြင့် အဆုပ်ထဲ ရေမဝင်စေရန်) ကလေးပက်လက်အနေအထားနှင့် ရှိနေစဉ်၊ (သို့မဟုတ်) နောက်သို့ ခေါင်းလှန်နေစဉ်၊ ဆေးရည် မတိုက်ရ။ ဆေးတိုက်မည်ဆိုပါက ထိုင်နေသည့် အနေအထား၊ ရှေ့သို့ အနည်းငယ် ခေါင်းငိုက်နေသည့် အနေအထား ရှိနေပါစေ။ ကလေး တက်နေလျှင်၊ အိပ်ငိုက်နေလျှင်၊ သတိလစ် မေ့မြောနေလျှင် ပါးစပ်မှ မည်သည့် အစာ၊ မည်သည့် အရည်မျှ မကျွေးရ၊ မတိုက်ရ။

လူကြီးဆေးညွှန်းသာ သိသော အခြေအနေတွင် ကလေးအတွက် ဆေးပေးနည်း

ကလေးငယ်လေ၊ ဆေးပမာဏ နည်းနည်းသာ လိုလေဖြစ်သည်။ ပိုပေးမိပါက အန္တရာယ်ရှိသည်။ အကယ်၍ ကလေးငယ် အတွက် ဆေးညွှန်းကို သိလျှင်၊ အတိအကျ လိုက်နာ ဆေးပေးပါ။ ဆေးအညွှန်းကို မသိပါက၊ ကလေး၏ ကိုယ်အလေးချိန်နှင့် အသက်တို့ပေါ် မူတည်၍၊ ဆေးမည်မျှပေးရမည်ကို အောက်ပါနည်းအတိုင်း ခန့်မှန်းတွက်ချက်နိုင်သည်။


၁ ကီလိုဂရမ် = ၂.၂ ပေါင်
1 kilogram (kg.) = 2.2 pounds (lbs.)

ဆေးသောက်နည်း

ဆေးများကို ညွှန်းထားသည့် အချိန်အတိုင်း သောက်ရမည်။ တရက်လျှင် တစ်ကြိမ်သာ သောက်ရမည့်ဆေးများ ရှိသလို၊ တစ်ကြိမ်ထက်ပို သောက်ရမည့် ဆေးများလည်း ရှိသည်။ နာရီမရှိသော်လည်း ကိစ္စမရှိပါ။ ၈ နာရီခြားသောက်ရမည်ဟုဆိုပါက မနက် တစ်ခါ၊ နေ့လယ်တစ်ခါ၊ ည တစ်ခါ သောက်ပါ။ ၆ နာရီခြားသောက်ပါဟုဆိုလျှင်၊ မနက်၊ မွန်းတည့်၊ ညနေ၊ ည အချိန်တို့တွင် တစ်ကြိမ်စီ သောက်ပါ။ ၄ နာရီခြားသောက်ဟုဆိုလျှင်၊ တစ်ရက်လုံး ၆ ကြိမ်သောက်ရမည်။

လူနာတစ်ဦးကို ဆေးပေးမည်ဆိုပါက၊ မည်သည့် အချိန်တွင် သောက်ရမည်ကို တိတိကျကျ ရေးပေးပါ။ လူနာအား ဆေးသောက်ရမည့် အချိန်များကို ပြန်ပြောပြခိုင်းပါ။ လူနာက သူသောက်ရမည့်အချိန်ကို သိကြောင်းသေချာပါစေ။

0821

0822

မည်သူ့ကို မဆို ဆေးပေးတိုင်း

ဆေးနှင့်အတူ အောက်ပါအချက်အလက်များကို (လူနာက စာမတတ်သော်လည်း) ရေးမှတ်ပါ။

ဤအချက်အလက်များကို အထက်က စာရွက်အပိုင်းတွင် တစ်ဆက်တည်း မှတ်သားပါ။

ဤသို့သော စာရွက်အပိုင်းစများကို စာအုပ်၏ နောက်ပိုင်းတွင်တွေ့နိုင်သည်။ ၎င်းစာရွက်ပိုင်းများကို လိုအပ်ပါက ဖြတ်၍သုံးပါ။ ကုန်သွားလျှင်၊ မိမိဖာသာ ပြုလုပ်နိုင်သည်။

လူတစ်ဦးဦးကို ဆေးပေးပါက၊ အထက်ပါ အချက်အလက်များကို စာအုပ်နှင့် မှတ်သားထားပါ။ တတ်နိုင်လျှင်၊ လူနာအစီရင်ခံစာကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားပါ။

အစာမစားခင်(သို့မဟုတ်) အစာစားပြီးမှ ဆေးသောက်ခြင်း

ဆေးအချို့သည် ဗိုက်ထဲအစာမရှိခင် သောက်မှသာ ဆေးစွမ်းပိုကောင်းသည်။ အစာမစားခင် တစ်နာရီတွင် ကြိုသောက်ရမည်။

ဆေးအချို့သည် ဗိုက်ထဲအစာရှိပြီး သောက်မှသာ အစာအိမ်ကို ဒုက္ခပေးမှု ကင်းဝေးမည်။ အစာနှင့် အတူတူ သော်လည်းကောင်း၊ အစာစားပြီးပြီးချင်း သော်လည်းကောင်း သောက်ရမည်။

ဤဆေးများကို အစာမစားမီ တစ်နာရီ စောသောက်ရမည်။


  • ပင်နီဆလင် (penicillin)
  • အမ်ပီဆလင်(ampicillin)
  • တက်ထရာဆိုက်ကလင်း(tetracycline)

တက်ထရာဆိုက်ကလင်း ဆေးမသောက်ခင်နှင့် သောက်ပြီး တစ်နာရီအတွင်း နို့မသောက်ရ။

ဤဆေးများကို အစာနှင့် အတူတူ (သို့မဟုတ်) အစာစားပြီးပြီးချင်း သောက်ရမည်။

  • အက်စပရင်နှင့် အက်စပရင်ပါသော ဆေးများ (aspirin)
  • သံဓာတ်အားဆေး (iron (ferrous sulfate))
  • ဗီတာမင်များ (vitamins)
  • အရီဒြိုမိုင်ဆင် (erythromycin)

အင်တက်စစ်များ(antacid)ကို အစာမရှိပဲ ဆေးသောက်ရမည် ဆိုလျှင်သော်၎င်း၊ အစာစားပြီး တစ်နာရီ၊ နှစ်နာရီ အတွင်း သော်၎င်း၊ အိပ်ရာဝင်ခါနီးသော်၎င်း သောက်လျှင် ပိုကောင်းသည်။

မှတ်သားရန်။ဆေးများကို ထိုင်လျှက်၊ မတ်တတ်ရပ်လျှက် သောက်ပါ။ ဆေးနှင့်အတူ ရေတစ်ဖန်ခွက်လည်း ကုန်အောင်သောက်ပါ။ ဆာလ်ဖာပါသော ဆေးဆိုလျှင်၊ ရေများများပိုသောက်ရန် လိုသည်။ ကျောက်ကပ်အား ဥပါဒ်မပေးရန် တနေ့လျှင် အနည်းဆုံး ရေ ရှစ်ဖန်ခွက်သောက်ပါ။