ဝမ်းပျက် ဝမ်းလျှောဖြစ်သော ကလေးငယ်များသေဆုံးရခြင်းအကြောင်းအရင်းမှာ ၎င်းတို့၏ကိုယ်ခန္ဓာတွင်ရေဓါတ်လုံလလောက်စွာ မရှိခြင်းကြောင့် ဖြစ်ပေသည်။ ဤကဲ့သို့ရေဓါတ်နည်းပါးခြင်းကို ရေဓါတ်ခမ်းခြောက်ခြင်းဟုခေါ်ပါသည်။
ကိုယ်ခန္ဓာအတွင်းမှ ရေများ သောက်နိုင်သည်ထက် ပိုမိုဆုံးရှုံးခဲ့လျှင် ရေဓါတ်ခမ်းခြောက်ခြင်းကိုဖြစ်စေသည်။ ဤသို့ဖြစ်နိုင်သော အခြေ အနေမှာ ပြင်းထန်စွာဝမ်းပျက် ဝမ်းလျှောဖြစ်ပြီး အထူးသဖြင့်အန်ထွက်ခြင်းပါတွဲသည့် အခြေအနေတွင်ဖြစ်တတ်သည်။ ပြင်းထန်စွာ နာမကျန်းဖြစ်သူ (အစားအစာနှင့်ရေကို လုံလောက်စွာမသောက်စားနိုင်သူ) များတွင်လည်း ဖြစ်တတ်သည်။
လူတိုင်းအသက်အရွယ်မရွေး ရေဓါတ်ခမ်းခြောက်ခြင်းဖြစ်နိုင်သော်လည်း ကလေးငယ်များတွင်မူ ပိုမိုမြန်ဆန်စွာ ရေဓါတ် ခမ်းခြောက်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်သည်။
"အရည်ကျဲကျဲဝမ်းသွားသော ကလေးငယ်တိုင်း အသက်အန္တရာယ်ရှိသော ရေဓါတ်ခမ်းခြောက်ခြင်းဖြစ်နိုင်ပါသည်။"
အရေးကြီးသောအချက်မှာ လူတိုင်း အထူးသဖြင့် မိခင်များသည် ရေဓါတ်ခမ်းခြောက်ခြင်း လက္ခဏာများကို ကြိုတင်သိရှိထားပြီး မည်သို့ ကာကွယ်ကုသရမည်ကို နားလည်ရမည်။
အလွန်ပြင်းထန်သော ရေဓါတ်ခမ်းခြောက်ခြင်းတွင် လက်ကောက်ဝတ်သွေးခုန်နှုန်းမှာ အားပျော့၍အလွန်မြန်နေမည်။ (သွေးလန့်ခြင်းတွင်ကြည့်)
အကယ်၍ တစ်စုံတစ်ဦးသည် အရည်ဝမ်းသွားခြင်း (သို့) ဝမ်းပျက် ဝမ်းလျှောနှင့် အန်ခြင်းဖြစ်ခဲ့လျှင် ရေဓါတ်ခမ်းခြောက်သည့် လက္ခဏာများဖြစ်လာသည် အထိ မစောင့်ပါနှင့်။ ချက်ခြင်းအရေးယူဆောင်ရွက်ရမည်။
ရေဓါတ်ခမ်းခြောက်ခြင်းကိုကာကွယ်ရန်နှင့်ကုသရန်မှာ လူတစ်ယောက်အရည်ဝမ်းသွားနေလျှင် အောက်ပါအတိုင်းချက်ခြင်းဆောင်ရွက်ပါ။
အထူးပြုလုပ်ဖန်တီးထားသော ရေဓါတ်ကို လျှင်မြန်စွာဖြည့်နိုင်သော အရည်(ဓါတ်ဆားရည်) rehydaration drinkသည် အလွန်အမင်း ဝမ်းပျက် ဝမ်းလျှောနေသော လူနာကို ကာကွယ်ကုသကယ်တင်နိုင်ပေသည်။
အရေးတကြီးမှာရန်မှာ ဓါတ်ဆားရည်ဖျော်ရာတွင် အသုံးပြုသော တစ်လီတာဝင်ပုလင်းများနှင့် လက်ဖက်ရည်ဇွန်းများ အလွယ်တကူမရပါက အိမ်တွင်အသုံးပြုနေသော အိုးခွက်များကို ဒေသအချင်အတွယ်များ ဖြင့်သုံးနိုင်ပေသည်။ ကလေးများတွင် ဆန်ပြုတ်တိုက်ရာတွင်လည်း ရေလုံလောက်စွာ ပါဝင်အောင် ရေဖြည့်စွက်ပေးရမည်။ အလွယ်တကူနှင့် ရိုးရှင်းစွာပြုလုပ်ပါ။
ရေဓါတ်ခမ်းခြောက်နေသူကို ၅မိနစ်ခြားတစ်ခါ ဓါတ်ဆားဖျော်ရည်ကိုတိုက်ပါ။ နေ့ရောညပါတိုက်နိုင်ပြီး ဆီးပုံမှန်ထွက်သည်အထိတိုက်ပါ။ လူကြီးတစ်ဦး အတွက် တစ်နေ့လျှင်၃လီတာနှင့်အထက်လိုအပ်ပြီး ကလေးငယ်များအတွက်မူ တစ်နေ့ ၁လီတာခန့်လိုအပ်ပေသည်။ ဝမ်းသွားနေလျှင် ဝမ်းတစ်ကြိမ်သွားပြီးတိုင်း ဓါတ်ဆားရည်တစ်ဖန်ခွက်တိုက်ပါ။ အကယ်၍ လူနာအန်နေလျှင် တစ်ငုံပြီးတစ်ငုံသာတိုက်ပါ။သောက်သမျှအားလုံးတော့ အန်မည်မဟုတ်ပါ။
သတိပြုရန်။ ။အကယ်၍ ရေဓါတ်ခမ်းခြောက်ခြင်းပိုမိုဆိုးဝါးလာလျှင်(သို့) အခြားသော အသက်အန္တရာယ်ရှိလက္ခဏာများပေါ်လာလျှင် ဆေးရုံဆေးခန်းသို့ပြသပါ။ ဓါတ်ဆားရည်ကို အကြောတွင်းမှသွင်းရန်လိုအပ်ပေမည်။ (အကြောသွင်းဆေးရည်)
မှတ်ချက်။ ။အချို့သောနိုင်ငံများတွင် ဓါတ်ဆားထုပ်များကိုအလွယ်တကူရနိုင် ပြီး ရေနှင့်ဖျော်သောက်ရန်သာလိုပေသည်။ ၎င်းဓါတ်ဆားထုပ်တွင် သကြား၊ ဆား၊ အချဉ်ဓါတ်၊ ဇင့်ဓါတ်နှင့်ပိုတက်စီယမ်ဓါတ် များပါဝင်ပါသည်။ သို့သော်လည်း အိမ်တွင်း လုပ်ဖျော်ရည်များ၊ အထူးသဖြင့် ဆန်ပြုတ်အား ကောင်းမွန်သန့်ရှင်းစွာပြုလုပ်ပါလျှင် ဓါတ်ဆားထုပ်ထက်ပိုမိုသက်သာ၊ ပိုမိုဘေးကင်းပြီး ပိုမိုထိရောက်စေပါသည်။
တစ်စုံတစ်ဦးသည် မကြာခဏဝမ်းအရည်သွားခြင်း၊ လျောခြင်းဖြစ်လျှင် ထိုသူသည် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်၏။ အကယ်၍ ဝမ်းထဲတွင် အကျိအချွဲများနှင့်သွေးပါလျှင် ထိုသူသည်ဝမ်းကိုက်ရောဂါဖြစ်၏။
ဝမ်းပျက် ဝမ်းလျှောရောဂါသည် အသင့်အတင့်မပြင်းထန်သောအခြေအနေနှင့် အလွန်ပြင်းထန်သော အခြေအနေတို့ ဖြစ်နိုင်ပါသည်။ ချက်ခြင်းဖြစ်သော အခြေအနေ (ချက်ခြင်းနှင့်ပြင်းထန်ခြင်း) သို့ နာတာရှည်အခြေအနေ (ရက်ရှည်ဖြစ်ခြင်း) ဟူ၍လည်း ဖြစ်နိုင်ပါသည်။
ဝမ်းပျက် ဝမ်းလျှောရောဂါသည် ငယ်ရွယ်သောကလေးငယ်များ၊ အထူးသဖြင့်အာဟာရချို့တဲ့သောကလေးငယ်များတွင် ပိုမိုအဖြစ်များပြီး ပို၍လည်း အန္တရာယ်ရှိပေသည်။
ဝမ်းပျက် ဝမ်းလျှောရောဂါသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်တတ်သည်။ ပုံမှန်အတိုင်းဖြစ်လျှင် ဆေးသောက်ရန်သိပ်မလိုအပ်ပါ။ ကလေးငယ်ကို ဓါတ်ဆားရည်နှင့်အစားအစာကျွေးမွေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းပြန်ကောင်းနိုင်ပါသည်။(အကယ်၍သူငယ်သည် အစားသိပ်မစားနိုင်လျှင် နည်းနည်းနှင့်မကြာခဏကျွေးပါ။) တစ်ခါတစ်ရံ အထူးကြပ်မတ်ကုသရန်လိုအပ်တတ်သည်။ သို့သော် ဝမ်းပျက် ဝမ်းလျှောရောဂါသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေကာမူ အိမ်တွင်အလွယ်တကူအောင်မြင်စွာကုသနိုင်ပါသည်။
ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်စေသော အဓိကအကြောင်းရင်းများ
ဝမ်းပျက် ဝမ်းလျှောဖြစ်ရခြင်းအကြောင်းရင်း များစွာရှိသော်လည်း အဖြစ်အများဆုံးမှာ ရောဂါပိုးဝင်ခြင်းနှင့် အာဟာရ ချို့တဲ့ခြင်း တို့ကြောင့် ဖြစ်သည်။ သန့်ရှင်းကျန်းမာစွာနေထိုင်စားသောက်ခြင်းဖြင့် ဝမ်းပျက် ဝမ်းလျှောရောဂါကိုကာကွယ်နိုင်ပေသည်။ ထိုမှတပါး ထိရောက်မှန်ကန်စွာ ကုသခြင်း (အရည်များများနှင့်အစာကျွေးခြင်း) ဖြင့် ကလေးငယ်များဝမ်းပျက် ဝမ်းလျှောရောဂါဖြင့် သေဆုံးခြင်းကို မဖြစ်စေနိုင်ပါ။
HIV ရောဂါရှိသူ အထူးသဖြင့်ကလေးငယ်များတွင်ဝမ်းပျက်ဝမ်းလျှောခြင်းသည် အသက်အန္တရာယ်ရှိစေနိုင်သည်။ ထိုသူများတွင် Cotrimoxazole ကိုသုံးနိုင်သည်။
အာဟာရချို့တဲ့သောကလေးငယ်များတွင် ဝမ်းပျက် ဝမ်းလျှောဖြစ်လျှင် အာဟာရပြည့်ဝသောကလေးငယ်များတွင်ဖြစ်သည်ထက် ပိုမိုသေစေနိုင်သည်။ ဒါ့အပြင် ဝမ်းပျက် ဝမ်းလျှောခြင်းကြောင့်လည်း အာဟာရချို့တဲ့ခြင်းဖြစ်စေတတ်၏။
အာဟာရချို့တဲ့ခြင်းကြောင့် ဝမ်းပျက် ဝမ်းလျှောဖြစ်သည်။ ဝမ်းပျက် ဝမ်းလျှောခြင်းကြောင့် အာဟာရချို့တဲ့ခြင်းဖြစ်သည်။
ထို့အပြင် နဂိုကအာဟာရချို့တဲ့နေလျှင် ဝမ်းပျက် ဝမ်းလျှောခြင်းလိုက်ပါက အာဟာရချို့တဲ့ခြင်းကို လျှင်မြန်စွာ ပိုဆိုးစေပါသည်။
အာဟာရချို့တဲ့ခြင်းနှင့်ဝမ်းပျက် ဝမ်းလျှောခြင်းသံသရာသည် ကလေးငယ်ပေါင်းများစွာ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်စေပါသည်။
ထိုရလဒ်မှာ မကောင်းကျိုး သံသရာစက်ဝိုင်းကိုဖြစ်စေပါသည်။ တစ်ခုကတစ်ခုကို ပိုဆိုးစေသည့်သံသရာဖြစ်သည်။ ထို့ကြောင့်ဝမ်းပျက် ဝမ်းလျှောရောဂါကို ကာကွယ်ရန်နှင့် ကုသရန်မှာ အာဟာရပြည့်ဝစွာ ကျွေးခြင်းသည် အဓိကကျပေသည်။
အာဟာရချို့တဲ့ခြင်းကို ကာကွယ်ခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါကိုကာကွယ်ပါ။
ဝမ်းပျက် ဝမ်းလျှောရောဂါကို ကာကွယ်ခြင်းဖြင့် အာဟာရချို့တဲ့ခြင်းကို ကာကွယ်ပါ။
ဝမ်းပျက် ဝမ်းလျှောရောဂါအပါအဝင် ရောဂါအမျိုးမျိုးမှကြိုးစားဖယ်ရှားရန်နှင့် ကိုယ်ခံအားကောင်းစေသော အစားအစာများ အကြောင်းကို အခန်း ၁၁တွင် လေ့လာပါ။
ဝမ်းပျက် ဝမ်းလျှောရောဂါကိုကာကွယ်ရန်မှာ အာဟာရကောင်းမွန်ပြည့်ဝခြင်းနှင့် သန့်ရှင်းစွာနေထိုင်ခြင်း ဓလေ့ပေါ်တွင်မူ တည်ပေသည်။ လူတစ်ဦးချင်းစီနှင့်လူထုတစ်ရပ်လုံးသန့်ရှင်းစွာနေထိုင်ခြင်းဓလေ့များအပေါ် အကြံပြုချက်ပေါင်းများစွာကို အခန်း(၁၂)တွင်တင်ပြခဲ့ပြီး ဖြစ်သည်။ ထိုထဲတွင် ယင်လုံအိမ်သာအသုံးပြုနည်းအကြောင်း၊ ရေကောင်းရေသန့်၏အရေးကြီးပုံနှင့် အစားအစာများကိုပုံနှင့် ယင်လုံအောင် ကာကွယ်နည်းများ အကြောင်းစုံလင်စွာပါဝင်ပေသည်။
နို့စို့ကလေးငယ်များ ဝမ်းပျက် ဝမ်းလျှောရောဂါမဖြစ်အောင်ကာကွယ်ရန် အရေးကြီးအကြံပြုချက်တစ်ချို့ကို ဖော်ပြပါဦးမည်။
မိခင်နို့တိုက်ခြင်းဖြင့် ဝမ်းပျက် ဝမ်းလျှောရောဂါမဖြစ်အောင်ကာကွယ်ရာတွင် ကူညီရာရောက်ပေသည်။
ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်တိုင်း ဆေးတိုက်ရန်သိပ်မလိုပါ။ ဆိုးဝါးသော ဝမ်းပျက် ဝမ်းလျှောရောဂါတွင် အကြီးဆုံးအန္တရာယ်မှာ ရေဓါတ်ခမ်းခြောက်ခြင်းပင်ဖြစ်၏။ နာတာရှည်ဝမ်းပျက် ဝမ်းလျှောရောဂါတွင် အရေးအကြီးဆုံးအန္တရာယ်မှာ အာဟာရဓါတ်ချို့တဲ့ခြင်းဖြစ်၏။ ထို့ကြောင့် အရေးကြီးဆုံးလိုအပ်သောကုသမှုမှာ အရည်လုံလောက်စွာပေးခြင်းနှင့် အစာလုံလောက်စွာပေးခြင်းပင် ဖြစ်သည်။ မည်သည့် အကြောင်းကြောင်းကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပါစေ အောက်ဖော်ပြပါအချက်များကို လုံးဝလိုက်နာပါ။
၁။ ရေဓါတ်ခမ်းခြောက်ခြင်းကိုကာကွယ်ပါ (သို့)ထိန်းသိမ်းပါ။ ဝမ်းပျက် ဝမ်းလျှောသူတစ်ယောက်သည် ရေများများသောက်ရမည်။ အကယ်၍ ဝမ်းပျက် ဝမ်းလျှောဖြစ်မှုဆိုးဝါးလျှင် (သို့) ရေဓါတ်ခမ်းခြောက်သောလက္ခဏာများတွေ့လျှင်ဓါတ်ဆားရည်တိုက်ပါ။ အကယ်၍ လူနာ ရေ/အရည်သောက်ရန် ငြင်းဆန်လျှင် စိတ်ရှည်စွာ သောက်ရန်အားပေးပါ။
၂။ အာဟာရလိုအပ်ချက်ကိုကြည့်ပါ။ ဝမ်းပျက် ဝမ်းလျှောဖြစ်သူသည် အစာစားချင်စိတ်ရှိသည်နှင့် အစားစစားရန်လိုအပ်သည်။ ဤသည်မှာ ကလေးငယ်များနှင့်အာဟာရချို့တဲ့နေသူများတွင် အထူး အရေးကြီးပါသည်။ထို့အတူဝမ်းလျှောနေသူသည် အူလမ်းကြောင်း တစ်လျှောက် အစာများ လျှင်မြန်စွာ ဖြတ်သန်းသွား၍ အစာအားလုံး စုပ်ယူချိန်မရလိုက်သောကြောင့် အားမဖြစ်ပါ။ ထို့ကြောင့် ထိုသူကို အစားကို နည်းနည်းချင်း အကြိမ်များများ ကျွေးပေးပါ။
တစ်စုံတစ်ဦးအန်နေလျှင်(သို့)မစားမသောက်ချင်လောက်အောင်ဖျားနေလျှင် ၎င်းသောက်သင့်သည်မှာ
ဝမ်းလျှောနေသူအစား စားချင်စိတ်ဖြစ်ပေါ်သည်နှင့်တဖက်ပါဇယားပါအရည်များကို တိုက်ပါ။ ထို့အတူ အောက်ဖော်ပြပါအစားအစာများကိုလည်းတစ်ပြိုင် နက်စားနိုင်အောင်ကူညီပါ။
မစား/မသောက်ပါနှင့်
မိခင်နို့သည် ကလေးငယ်အတွက်အကောင်းဆုံးအာဟာရဖြစ်သည်။ မိခင်နို့သည် ဝမ်းပျက် ဝမ်းလျှောမဖြစ်အောင် ကူညီတိုက်ခိုက် ပေးသည်။ ကလေးငယ် ဝမ်းပျက် ဝမ်းလျှောဖြစ်လျှင်မိခင်နို့ကိုဆက်တိုက်ပါ။
နွားနို့၊ နို့မှုန့်နှင့် အသင့်စားနို့ပုလင်းများသည် အားအင်ဖြစ်၍ ကိုယ်ခန္ဓာ ကြီးထွားစေသော အစာများဖြစ်သည်။ ၎င်းတို့ကို ကလေးငယ်အား တိုက်ကျွေးနိုင်ပါသည်။ တစ်ချို့သောကလေးငယ်များတွင်သာ ၎င်းသည် ဝမ်းပျက် ဝမ်းလျှောဖြစ်စေပါသည်။ ဖြစ်ခဲ့လျှင် နို့ကိုလျော့၍ အခြားအစားအစာများနှင့်ရောနှော၍ကျွေးပါ။ မှတ်သားရန်မှာ အာဟာရချို့တဲ့သောကလေး ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အားအင်ဖြစ်စေသော အစာနှင့် ကိုယ်ခန္ဓာကြီးထွားစေသော အစားအစာများကို လုံလောက်စွာရရှိရန်လိုအပ်သည်။ နို့နည်းနည်းသာ ရမည်ဆိုလျှင် ချက်ပြုတ်၍ ချေမွထားသော အစားအစာများ(ဥပမာ ကြက်သား၊ ကြက်ဥ၊ အသား၊ ငါးနှင့် ပဲအမျိုးမျိုး)တို့ကို ဖြည့်စွက် တိုက်ကျွေးပါ။ အခွံချွတ်ထားသော ပဲအမျိုးမျိုးသည် ချက်ပြုတ်ချေမွရန် လွယ်ကူသကဲ့သို့ အစာကျေညက်ရန်လည်း လွယ်ကူပါသည်။
ကလေးနေပြန်ကောင်းလာလျှင် ကလေးငယ်သည် ဝမ်းလျှောခြင်းမဖြစ်ပဲ နို့ကိုပိုမိုသောက်နိုင်လာပေမည်။
ရိုးရိုးဝမ်းပျက် ဝမ်းလျှောရောဂါအတွက် ဆေးဝါးမလိုအပ်တတ်ပါ။ သို့သော် အချို့သူများတွင် သင့်တော်သောဆေးဝါးပေးရန် အရေးတကြီးလိုတတ်သည်။ ဝမ်းပျက် ဝမ်းလျှောရောဂါတွင် အသုံးများသောဆေးဝါးများသည် အာနိသင်နည်းပါး၍မကောင်းတတ်ပါ။ တစ်ခါတစ်ရံ အန္တရာယ်ပင်ဖြစ်စေနိုင်သည်။
Kaolin နှင့် Pactin ပါဝင်သောဝမ်းပိတ်ဆေးများ(ဥပမာ Kaopectate) သည် ဝမ်းကိုပျစ်စေပြီးအကြိမ်နည်းစေသည်။ သို့သော် ယင်းသည်ရေဓါတ်ခမ်းခြောက်ခြင်းနှင့်ရောဂါပိုးကိုမကာကွယ်နိုင်ပါ။မထိန်းချုပ်နိုင်ပါ။အချို့ဝမ်းပိတ်ဆေးများဖြစ်သော Loperamide(Imodium) သို့မဟုတ် diphenoxylate (Lomotil) တို့သည် အန္တရာယ်ဖြစ်စေပြီးရောဂါကို ပိုကြာစေပါသည်။
Neomycin (သို့) Streptomycin ပါဝင်သောဝမ်းပိတ်ဆေးရည်များသည် မသုံးသင့်ပါ။ ၎င်းသည်အူတွင်းတွင် မအီမသာဖြစ်အောင်လှုံ့ ဆော်တတ်ပြီးကောင်းကျိုးထက် ဆိုးကျိုးပိုများ၏။
Ampicillin နှင့် Tetracycline ကဲ့သို့ ပိုးသတ်ဆေးများသည် အချို့ဝမ်းပျက် ဝမ်းလျှောရောဂါတွင်သုံးနိုင်သည် ။ သို့သော် တစ်ခါတစ်ရံ ၎င်းတို့ကြောင့် ဝမ်းပိုလျောတတ်၏။ အထူးသဖြင့် ကလေးငယ်များတွင်ပိုဖြစ်တတ်သည်။ ၎င်းဆေးများကို ၂ရက် ၃ရက် ဆက် တိုက်သောက်ခဲ့လျှင် ဝမ်းပျက် ဝမ်းလျှောမှာ ပိုကောင်းမလာပဲ ပိုဆိုးခဲ့လျှင် ၎င်းဆေးကိုရပ်လိုက်ပါ။ ဆေးကြောင့်ဝမ်းလျှောခြင်းဖြစ်နိုင်သည်။
Chloramphenicol ကိုသုံးလျှင်လည်းအန္တရာယ်ရှိသည်။ ၎င်းကို သာမန်ဝမ်းပျက်ဝမ်းလျှောဖြစ်ရုံ(သို့) ၁လအောက်ကလေးငယ်များတွင် လုံးဝမသုံးရပါ။
ဝမ်းလျှောနေသူကို ဝမ်းနှုတ်ဆေးနှင့်ဝမ်းပျော့ဆေးလုံးဝမတိုက်ရပါ။ ရောဂါပိုဆိုးစေပြီး အသက်အန္တရာယ်ရှိသော ရေဓါတ်ခမ်းခြောက် ခြင်းအထိ ဖြစ်စေနိုင်သည်။
ဝမ်းပျက် ဝမ်းလျှောရောဂါအတော်များများအတွက် အကောင်းဆုံးကုထုံးမှာ ရေ/အရည်များများတိုက်ခြင်း၊ အစားများများကျွေးခြင်းနှင့် ဆေးတိုက်ရန်မလိုသော်လည်း တစ်ခါတစ်ရံမှာ အထူးကုသချက်/ကုထုံးများလည်း လိုတတ်ပေသည်။
အချို့သော ဝမ်းပျက် ဝမ်းလျှောရောဂါ အထူးသဖြင့် ကလေးငယ်များတွင်ဖြစ်သော ဝမ်းပျက် ဝမ်းလျှောရောဂါမှာ အူပြင်ပမှဖြစ်သော ရောဂါပိုးများကြောင့်လည်း ဖြစ်တတ်ကြောင်း စဉ်းစားသင့်သည်။ ထို့ကြောင့် နားတွင်းရောဂါပိုးဝင်ခြင်း ရှိမရှိ၊ လည်ချောင်းနှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရှိ မရှိ အမြဲစစ်ဆေးရမည်။ ရှိခဲ့လျှင် ၎င်းရောဂါပိုးများကို ကုသရမည်။ ဝက်သက်ရောဂါ လက္ခဏာများကို ကြည့်ရန်လည်း မမေ့ပါနှင့်။
အကယ်၍ကလေးငယ်သည် သာမန် ဝမ်းပျက် ဝမ်းလျှောဖြစ်ပြီး နှာချေ၊ ချောင်းဆိုး(တုပ်ကွေး) လက္ခဏာဖြစ်နေလျှင် ၎င်းဝမ်းပျက်ခြင်းသည် ဗိုင်းရပ်စ်ပိုး(သို့)အူတုပ်ကွေးရောဂါကြောင့်ဖြစ်ပြီး အထူးကုသရန်မလိုတတ်ပါ။ အရည်များများတိုက်၊ အစားများများကျွေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။
အချို့ပြင်းထန်ခက်ခဲသော ဝမ်းပျက် ဝမ်းလျှောရောဂါများတွင် စနစ်တကျမှန်ကန်စွာကုသနိုင်ရန် ဝမ်းကိုဓါတ်ခွဲစမ်းသပ်စစ်ဆေးရန် လိုအပ်ပါမည်။ သို့သော် အချို့သော တိကျသည့်မေးခွန်းများကိုမေးမြန်းခြင်း၊ ဝမ်းကိုကြည့်ရှုခြင်းနှင့် ရောဂါလက္ခဏာများကို ရှာဖွေကြည့်ရှု ခြင်းဖြင့် ဆေးကုသခြင်းကို အထောက်အကူပြုနိုင်ပါသည်။ အောက်ဖော်ပြပါ ရောဂါလက္ခဏာပေါ်မူတည်၍ ကုသချက် လမ်းညွှန်အချို့ကို ကြည့်ပါ။
ကာလဝမ်းရောဂါကုတင်ကို တစ်ဖက်ပါပုံအတိုင်းပြုလုပ်နိုင်သည်။လူနာဝမ်းမည်မျှများများသွားသည်ကို မှတ်သားထားရန်နှင့်အရည်၊ ဓါတ်ဆားရည်ကို များနိုင်သမျှ များများတိုက်ရမည်။ ဆက်တိုက်နှင့်သောက်နိုင်သမျှတိုက်ရမည်။ ပလပ်စတစ်ဖြင့် ကျည်တောက်ကဲ့သို့ ပြုလုပ်ပါ။
နို့စို့ကလေးငယ်များနှင့် ကလေးငယ်များတွင် ဝမ်းပျက် ဝမ်းလျှောဖြစ်လျှင် အလွန်အသက်အန္တရာယ်ရှိပေသည်။ ဆေးတိုက်ရန် မလိုသော်လည်း အထူးဂရုစိုက်ပြုစုရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်သည်ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် လျှင်မြန်စွာ သေဆုံးနိုင်ပေသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ဝမ်းကိုက်ရောဂါတို့သည် အထူးသဖြင့် ကလေးငယ်များတွင်အသက်အန္တရာယ်အလွန်ကြီးပေသည်။ အောက်ဖော်ပြပါအခြေအနေများတွင် သင်သည် ဆေးအကူအညီလိုအပ်ပေလိမ့်မည်။
လူအတော်များများ အထူးသဖြင့်ကလေးငယ်များသည် မကြာခဏအစာမကြေဖြစ်၍ အန်တတ်သည်။ အန်ရခြင်းအကြောင်းရင်း မရှိတတ်ပါ။ အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက် အနည်းငယ်နာကျင်တတ်ပြီး ဖျားတတ်၏။ ဤကဲ့သို့ရိုးရိုးအန်ခြင်းသည် အရေးမကြီးပဲ အလိုလို ပျောက်တတ်၏။
အန်ခြင်းသည် ကွဲပြားခြားနားသောပြဿနာ/ရောဂါအမျိုးမျိုး၏လက္ခဏာဖြစ်တတ်ပြီး တစ်ခါတစ်ရံသိပ်အရေးမပါသော်လည်း တစ်ခါတစ်ရံ အလွန်ဆိုးဝါးတတ်ပါသည်။ ထို့ကြောင့်လူနာကို ဂရုတစိုက်စမ်းသပ်စစ်ဆေးရန်အရေးကြီးပေသည်။ အန်ခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် ဖြစ်ပွားသောပြဿာနာများတွင်တွေ့ရတတ်သည်။ ဥပမာ-ရောဂါပိုးဝင်ရောက်ခြင်း(ဝမ်းပျက်ဝမ်းလျှောခြင်း) သိုးနေသောအစာများကိုစားမိ၍ အစာအဆိပ်သင့်ခြင်း သို့မဟုတ် ရုတ်တရက် ချက်ချင်းဗိုက်အောင့်ဗိုက်နာခြင်း (အူအတက်ရောင်ခြင်း၊ အူလမ်းကြောင်းတစ်လျှောက်တစ်စုံတစ်ရာပိတ်ဆို့ခြင်း)။
ထို့အပြင် အပြင်းအထန် အဖျားတက်သော အခြေအနေ သို့မဟုတ် ပြင်းထန်စွာ နာကျင်ခြင်းကြောင့်လည်းအန်တတ်သည်။ အထူးသဖြင့်ငှက်ဖျားရောဂါ အသည်းရောင် အသားဝါရောဂါ ၊ အာသီးရောင်ရမ်းခြင်း ၊ နားကိုက်ခြင်း ၊ ဦးနှောက်အမြှေးရောင်ခြင်း ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ၊ သည်းခြေအိတ်နာကျင်ခြင်း သို့မဟုတ် ခေါင်းတစ်ခြမ်းကိုက်ခြင်း တို့တွင်လည်း အန်လေ့ရှိသည်။
ဤဆေးများသည် ဆေးခဲ၊ ဆေးရည်၊ ထိုးဆေးနှင့် စအိုသွင်းဆေးများအနေဖြင့်ရှိပါသည်။ ဆေးခဲနှင့်ဆေးရည်များကိုလည်း စအိုတွင်းသို့ထည့်ပေးနိုင်သည်။ ဆေးခဲကိုအမှုန့်ကြိတ်၍ ရေအနည်းငယ်နှင့်ရောပါ။ ၎င်းကိုဝမ်းချူတောင့်နှင့်ရော၍သော်၎င်း၊ အပ်မပါသော ဆေးထိုးပိုက်နှင့်သော်၎င်း ထည့်ပေးနိုင်သည်။
ဆေးသောက်မည်ဆိုလျှင် ဆေးကိုရေအနည်းငယ်နှင့်သောက်ပြီးနောက် ၅မိနစ်အတွင်းအစာမစားပါနှင့်။ သတ်မှတ်ထားသော ဆေးအချိန်အဆထက် ပိုမတိုက်ပါနှင့်။ ရေဓါတ်ခမ်းခြောက်ခြင်းကို မထိန်းချုပ်နိုင်မချင်းနှင့် ဆီးမထွက်မချင်း ဒုတိယအကြိမ်အတိုက်ပါနှင့်။ အထက်လှန်အောက်လျောဖြစ်၍ မသောက်နိုင် စအိုမှမသွင်းနိုင်လျှင် အအန်ပျောက်ဆေးထိုးပေးနိုင်သည်။ Promethazine ဆေးထိုးနိုင်သည်။ ဆေးမများစေရန် ဂရုစိုက်ပါ။
ရိုးရိုးခေါင်းကိုက်ခြင်းအတွက်အနားယူခြင်းနှင့် aspirin အကိုက်အခဲပျောက်ဆေးပေးခြင်းဖြင့် ပျောက်ပါသည်။ လည်ပင်းနောက်သို့ ရေနွေးအိတ်ကပ်ပေးခြင်း (သို့) လည်ပင်းနှင့်ပခုံးတစ်လျှောက် ညင်သာစွာနှိပ်နယ်ပေးခြင်းလည်း ပျောက်ကင်းနိုင်ပါသည်။ အိမ်သုံးဆေး တစ်ချို့လည်း သုံးနိုင်ပါသည်။
ခေါင်းကိုက်ခြင်းသည် ဖျားနာခြင်းတွင်တွဲ၍အဖြစ်များတတ်သည်။ ခေါင်းကိုက်ခြင်းအလွန်ပြင်းထန်လျှင် ဦးနှောက်အမြှေးရောင် လက္ခဏာရှိ မရှိစစ်ဆေးပါ။
ခေါင်းမကြာခဏကိုက်ခြင်းသည် နာတာရှည်ဖျားနာခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် အလုပ်အကိုင်နှင့် ပတ်ဝန်းကျင်တွင် ဓါတုပစ္စည်းများနှင့် ထိတွေ့ခြင်းကြောင့်ရနိုင်သော လက္ခဏာဖြစ်သည်။ ထို့ကြောင့် အချိန်မှန်မှန်ကောင်းမွန်စွာ စားသောက်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းသည် အလွန် အရေးကြီးပေသည်။ အကယ်၍ သင်ခေါင်းကိုက်ခြင်းသည် ဓါတုဗေဒပစ္စည်း တစ်စုံတစ်ခုကြောင့် ခေါင်းကိုက်သည်ဟု ထင်မြင်လျှင် (သို့) ခေါင်းကိုက်မပျောက်လျှင် ဆေးရုံ၊ ဆေးခန်းသို့ပြသပါ။
ခေါင်းတစ်ခြမ်းကိုက်ခြင်းသည်ပြင်းထန်ပြီး ရင်ခုန်သံနှင့်စီးချက်ညီညီခေါင်းကိုက်ခြင်းဖြစ်ပြီး ဦးခေါင်း၏တစ်ခြမ်းတွင်သာဖြစ်သည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် မကြာခဏဖြစ်တတ်သလို လနှင့်နှစ်နှင့်ချီ၍လည်း ခြား၍ဖြစ်တတ်သည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း၏အဓိကလက္ခဏာမှာ အမြငေ်ဝဝါးခြင်း၊ ထူးဆန်းသောအလင်းရောင်အပျောက်များမြင်ရခြင်း (သို့) ခြေတစ်ဖက်၊ လက်တစ်ဖက်ထုံခြင်းတို့ဖြစ်သည်။ ၎င်းနောက်ပြင်းထန်စွာခေါင်းကိုက်ခြင်းဖြစ်၍ နာရီပိုင်းမှရက်ပိုင်းအထိကြာတတ်သည်။ တစ်ခါတစ်ရံ အန်တတ်သည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် အလွန်နာကျင်ကိုက်ခဲသော်လည်း အသက်အန္တရာယ်မရှိပါ။
aspirin (အကိုက်အခဲပျောက်ဆေးပြား) ၂ ပြားကို ကော်ဖီပြင်းပြင်းတစ်ခွက် (သို့) ဘလက်လက်ဖက်ရည် (နို့မပါ) ဖြင့်သောက်ပါ။
မှောင်၍ငြိမ်သက်အေးဆေးသောနေရာတွင် လှဲလျောင်းအနားယူပါ။ အကြောများကိုလျော့ထားပါ။ ပြဿနာများအကြောင်း မစဉ်းစားမိအောင် ကြိုးစားပါ။
အလွန်ဆိုးဝါးသော ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်ခဲ့လျှင် aspirin သောက်ပါ။ ဖြစ်နိုင်လျှင် codeine (သို့) စိတ်ငြိမ်ဆေးတစ်မျိုးမျိုးသောက်ပါ။ Ergotamine နှင့် Caffeine (Cafergot) ၂ ပြားကိုဦးစွာသောက်ပြီး ခေါင်းကိုက်မပျောက်မချင်း နာရီဝက် ၁ပြားသောက်ပါ။ တစ်နေ့ ၆ ပြား ထက်မပိုရန်သတိပြုပါ။
မှတ်ချက်။ ။ကိုယ်ဝန်ဆောင်ချိန်တွင် cafergot ဆေးကို မသောက်ရပါ။
အအေးမိခြင်းနှင့်တုပ်ကွေးရောဂါသည်ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်ပြီးနှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်း နာကျင်ခြင်းနှင့် တစ်ခါတစ်ရံအဖျားတက်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းတို့ဖြစ်တတ်သည်။ ကလေးငယ်/လူငယ်လူရွယ်များတွင် ဝမ်းအနည်းငယ် လျောတတ်သည်။
အအေးမိခြင်းနှင့်တုပ်ကွေးဖြစ်ခြင်းသည် ဆေးသောက်ရန်မလိုပဲ အလိုလိုပျောက်တတ်ပါသည်။ penicillin ၊ tetracycline နှင့် အခြားပိုးသတ်ဆေးများကိုမသုံးပါနှင့်။ ၎င်းတို့သည် အကူအညီမရပဲဘေးဖြစ်စေတတ်သည်။
မှတ်ချက်။ ။သာမန်အအေးမိခြင်းအတွက်ကလေးငယ်များကို မည်သည့်ပိုးသတ်ဆေးမျှမတိုက်ရ၊ မထိုးရပါ။ ၎င်းသည် အကူအညီ မဖြစ်ပဲ အန္တရာယ်ဖြစ်နိုင်သည်။
အကယ်၍ အအေးမိခြင်းနှင့်တုပ်ကွေးဖြစ်ခြင်းသည် တစ်ပတ်ထက်ပိုကြာခြင်း သို့မဟုတ် လူနာသာအဖျားဝင်၍ ချွဲ (သလိပ်နှင့်ပြည်) ချောင်းဆိုးခြင်း၊အသက်ရှုတိမ်၍မြန်ခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းဖြစ်ခဲ့လျှင် လေပြွန်ရောင်ခြင်းနှင့်အဆုတ်ရောင်ခြင်း(နှင့်၁၇၁) ဖြစ်တတ်သည်။ ပိုးသတ်ဆေးများတိုက်ရမည်။ အအေးမိခြင်းမှအဆုတ်ရောင်ခြင်းသည် သက်ကြီးရွယ်အိုများ၊ နာတာရှည်လေပြှှန်ရောင်ခြင်း ကဲ့သို့ အဆုတ်ရောဂါအခံရှိသူများ၊ လှုပ်ရှားမှုမလုပ်နိုင်သူများ(လေဖြတ်)နှင့် HIV ရောဂါရှိသူများတွင်ပိုဖြစ်တတ်သည်။ HIV ပိုးရှိသူများသည်
Cotrimoxazole ကိုနေ့စဉ်သောက်ခြင်းဖြင့် အဆုတ်ရောင်ရောဂါနှင့်အခြားရောဂါပိုးဝင်ရောက်ကူးစက်ခြင်းမှ ကာကွယ်နိုင်သည်။
လည်ပင်း/ချောင်း နာကျင်ခြင်းသည် အအေးမိခြင်း၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အထူးဆေးကုသရန်မလိုအပ်ပါ။ သို့သော် ရေနွေးဖြင့် အာလုတ်ကျင်းပါ။ သို့သော် ရုတ်တရက်ချက်ချင်း အာသီးရောင်ခြင်းနှင့်အဖျားကြီးခဲ့လျှင် sore throat ပိုးကြောင့် လည်ပင်းနာခြင်း ဖြစ်တတ်သည်။ အထူးဆေးကုသရန် လိုတတ်သည်။
နှာစေးနှာပိတ်ခြင်း (သို့) နှာရည်ယိုခြင်းသည်အအေးမိခြင်း (သို့) ဓါတ်မတည့်ခြင်းကြောင့်(နောက်စာမျက်နှာတွင်ကြည့်) ဖြစ်ရခြင်း ဖြစ်သည်။နှာခေါင်းပေါက်အတွင်းပြည့်နေသောနှပ်ရည်များသည် ကလေးများတွင်နားရောဂါပိုးဝင်ခြင်းကိုဖြစ်စေပြီး လူကြီးများတွင် နှာရည်အိတ် ပြဿနာများ ဖြစ်စေတတ်သည်။
နှာစေးနှာပိတ်ခြင်းပျောက်ကင်းရန်အတွက် အောက်ပါအတိုင်းပြုလုပ်ပါ။
၁။ အလွန်ငယ်သောကလေးငယ်များတွင် နှာခေါင်းတွင်းမှ နှပ်ရည်များကို စုတ်ခွက်နှင့်ကော်လုံး(သို့) အပ်မပါသော ဆေးထိုးပိုက်ဖြင့် ပုံပါအတိုင်း ဂရုတစိုက် စုပ်ထုတ်ပါ။
၂။ အနည်းငယ်ကြီးသောကလေးငယ်များနှင့် လူကြီးများတွင်ဆားရည်အနည်းငယ်ခန့်ကို လက်ခုပ်တွင်းထည့်၍ နှာခေါင်းတွင်းသို့ ရှုသွင်းခိုင်းလိုက်ပါ။ နှပ်ရည်များ ထွက်ကျလာပါမည်။ ဆားရည်သည် အလွန်အမင်း မငန်စေရပါ။ ရေတစ်ဖန်ခွက်တွင် ဆားလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့် ထည့်လျှင် လုံလောက်ပါသည်။
၃။ ရေနွေးငွေ့ကိုတွင်ဖော်ပြထားသည့်အတိုင်း ရှုသွင်းခြင်းဖြင့်လည်း နှာစေးနှာပိတ်ခြင်းကို သက်သာစေနိုင်သည်။
၄။ နှာရည်ယိုခြင်းနှင့်နှာပိတ်ခြင်းတွင် နှပ်ရည်ကိုသုတ်ပစ်ပါ။ သို့သော် နှပ်မညှစ်ရ။ နှပ်ညှစ်ခြင်းအားဖြင့် နားကိုက်ခြင်းနှင့် နှာရည်အိတ် ရောဂါပိုး ဝင်ရောက် ရောင်ရမ်းခြင်းဖြစ်နိုင်သည်။
၅။ အအေးမိခြင်းကြောင့်မကြာခဏနားကိုက်ခြင်းနှင့် နှာရည်အိတ်ရောင်ခြင်းဖြစ်တတ်သူများတွင် phenylephrine (သို့) ephedrine ပါဝင်သောနှာခေါင်းတွင်းအစက်ချဆေးများကိုသုံးနိုင်သည်။ ဆားရည်အနည်းငယ်ရှုသွင်းပြီးလျှင် ပုံပါအတိုင်း နှာခေါင်းအတွင်းသို့အစက်ချပါ။ ခေါင်းတစ်ဖက်စောင်း၍ ဆေးရည် ၂စက် ၃စက်ကို နှာခေါင်းတွင်းသို့ထည့်ပေးပါ။ မိနစ်အနည်းငယ်စောင့်ပြီး နောက်တစ်ဖက်ကိုဆက်ထည့်ပါ။
မှတ်ချက်။ ။နှာခေါင်းအစက်ချဆေးကို တစ်နေ့ကို(၃)ကြိမ်) (၃)ရက်ထက်ပိုမထည့်ပါနှင့်။
နှပ်ပျော်ဆေးရည် (phenylephrine သို့မဟုတ် ဆင်တူသောအခြားဆေးတစ်မျိုးမျိုး)ကိုသုံးနိုင်သည်။
နားနှင့်နှာရည်အိတ်ရောဂါပိုးဝင်ရောင်ရမ်းခြင်းကိုကာကွယ်ရန် နှပ်မညှစ်ပါနှင့်။ သုတ်ပစ်ပါ။
နှာရည်အိတ်ရောင်ရမ်းခြင်းသည် နှာရည်အိတ်များ (သို့မဟုတ်) နှာခေါင်းတွင်းသို့ပွင့်နေသောအရိုးရှိ ချိုင့်ခွက်ငယ်များ ရုတ်တရက် ချက်ချင်း(သို့) နာတာရှည်(ရက်ရှည်) ရောင်ရမ်းခြင်းကြောင့် ဖြစ်သည်။
အကယ်၍ သင်အအေးမိလျှင် (သို့) နှာခေါင်းပိတ်နှာစေးလျှင် သင်၏ နှာခေါင်းကို သန့်ရှင်းစွာ ရှိရန် ဂရုစိုက်ပါ။ တွင်ဖော်ပြချက်များ အတိုင်း လိုက်နာပါ။
နှာရည်ယိုခြင်းနှင့် မျက်စိများယားယံခြင်းသည် လေထဲရှိ ဓါတ်မတည့်ခြင်းဖြစ်စေသောအရာတစ်ခုခုကို ရှုသွင်းမိခြင်း (နောက်စာမျက်နှာတွင်ကြည့်) ကြောင့်ဖြစ်သည်။ နှစ်စဉ်ဖြစ်နေကျအချိန်တွင် ပိုဆိုးတတ်သည်။
Chlorpheniramineကဲ့သို့သော antihistamine ဆေးမျိုးကိုသုံးနိုင်သည်။ အမူးပျောက်ဆေး(ကား/လှုပ်ရှားမှုကြောင့်မူးဝေခြင်း) Dimenhydrinate (Dramamine) ကဲ့သို့ဆေးများဖြင့်လည်းသက်သာနိုင်သည်။
ဤကဲ့သို့ဖြစ်စေသောအကြောင်းအရာကိုရှာဖွေပါ။ (ဥပမာ ဖုန်မှုန့်၊ ကြက်/ငှက်မှှေးများ၊ ပန်းဝတ်မှုန်၊ မှို)။ တွေ့လျှင်ရှောင်ပါ။
ဓါတ်မတည့်ခြင်းဆိုသည်မှာ လူတစ်ချို့သည် ပြင်ပမှလှုံ့ဆော်မှုတစ်စုံတစ်ရာ (သို့) မတည့်ခြင်းကြောင့်ဖြစ်ရသော နာမကျန်းမှု တစ်ခု (သို့မဟုတ်) တုန့်ပြန်မှုတစ်ခုဖြစ်ပြီး ၎င်းမတည့်သောအရာများကို
ဓါတ်မတည့်ခြင်းများအား တုန့်ပြန်မှုသည် သာမန်အဆင့်မှ အလွန်ပြင်းထန်သောအဆင့်အထိဖြစ်နိုင်ပြီး
ဓါတ်မတည့်ခြင်းသည် ရောဂါပိုးဝင်ရောက်ခြင်းမဟုတ်ပါ။ ထို့ကြောင့် တစ်ဦးမှအခြားတစ်ဦးသို့မကူးစက်တတ်ပါ။ သို့သော် မိဘ ၂ ပါးတွင်ဖြစ်လျှင် ကလေးတွင်လည်း ဖြစ်တတ်သည်။
ဓါတ်မတည့်ခြင်းဖြစ်တတ်သူများသည် အမြဲဖြစ်တတ်သောရာသီတွင်သေချာစွာဖြစ်သည်။ (သို့) ၎င်းတို့ကိုဒုက်ခပေးတတ်သော အရာများနှင့် ထိတွေ့လျှင် ဖြစ်တတ်သည်။ မကြာခဏ ဖြစ်တတ်သော ဓါတ်မတည့်ခြင်းများအား တုန့်ပြန်မှုများမှာ
ရင်ကြပ်ပန်းနာဖြစ်သူသည် တက်ခြင်း(သို့) အသက်ရှုကြပ်ခြင်းဖြစ်သည်။၎င်းတို့အထူးသဖြင့် အသက်ရှုထုတ်ချိန်တွင် တစ်ရှှီရှှီ မြည်တတ်သည်။ ၎င်းအသက်ရှုသွင်းချိန်တွင် လက်ပြင်နှင့်ပခုံးရိုးပေါ်ရှိအရေပြားများနှင့်နံရိုးများသည် လေရရန်ချိုင့်ဝင်သွားသည်။ ရင်ကြပ်ချိန်တွင် လေကိုလုံလောက်စွာမရှုနိုင်သဖြင့် လက်သည်းခြေသည်းနှင့်နှုတ်ခမ်းများတွင်ပြာလာတတ်သည်။ လည်ပင်းကြောများ ထောင်ထလာသည်။ အဖျားလုံးဝမရှိပါ။
ရင်ကြပ်ပန်းနာသည် ကလေးဘဝကစတင်ပြီး ဘဝတစ်သက်လုံးဖြစ်တတ်သည်။ ၎င်းသည်ထိတွေ့ခြင်းကြောင့် မကူးစက်သော်လည်း မျိုးရိုးရှိကလေးငယ်များတွင်ပိုဖြစ်တတ်သည်။ ၎င်းသည်တစ်ချို့လများနှင့်ညပိုင်းတို့တွင် ပိုဆိုးတတ်သည်။
ပန်းနာရင်ကြပ်သည် မတည့်သောအစာများစားမိခြင်း (သို့) ရှုမိခြင်းကြောင့်ထတတ်သည်။ ကလေးငယ်များတွင် အအေးမိခြင်းမှစ၍ ဖြစ်တတ်သည်။ထိတ်လန့်ကြောက်ရွံ့ခြင်း(သို့) စိတ်ပူပန်ခြင်းတို့ကြောင့်လည်း ပန်းနာထတတ်သည်။ ပန်းနာရင်ကြပ်သည် မသန့်ရှင်းသော လေ (လေထုညစ်ညမ်းခြင်း) ဥပမာ စီးကရက်မီးခိုးငွေ့များ၊ မီးဖိုချောင်တွင်ချက်ပြုတ်ခြင်းများ၊ မီးလောင်ပြင်များ (သို့) မော်တော်ကား ထရပ်ကားမီးခိုးငွေ့များကြောင့်လည်း ထတတ်သည်။
ပန်းနာရင်ကြပ်ရောဂါရှိသူသည် မတည့်သော အစားအစာစားခြင်း၊ ရှုမိခြင်း မဖြစ်ရန်ဂရုစိုက်ပါ။ အိမ်နှင့်အလုပ် ပတ်ဝန်းကျင် သန့်ရှင်းစွာ ထားပါ။ ကြက်၊ ငှက် တိရိစ္ဆာန်များကို အိမ်အပြင်တွင်ထားပါ။ နေပူစာလှုံပါ။တစ်ခါတစ်ရံအိမ်အပြင်တွင်အိပ်ပါ။ ချွဲပျော်စေရန် အတွက် တစ်နေ့ ရေ(၈)ဖန်ခွက်သောက်ပါ။ ရင်ကြပ်ပန်းနာထနေသူသည် လေကောင်းလေသန့်ရသည့် နေရာသို့ရှှေ့လျှင် ပိုသက်သာသည်။
ရင်ကြပ်ပန်းနာရှိလျှင် ဆေးလိပ်လုံးဝမသောက်ရ။ ဆေးလိပ်သောက်ခြင်းဖြင့် သင်၏အဆုတ်ကို ဆိုးရွားစွာပျက်စီးစေနိုင်သည်။
ချောင်းဆိုးခြင်းသည်ပုံမှန်အားဖြင့် တစ်ခုတည်းနှင့်တော့ နာမကျန်းဖြစ်ခြင်းမဟုတ်ပေ။ သို့သော် လည်ချောင်း၊ အဆုတ်နှင့် လေပြွန်များ (အဆုတ်တွင်းသို့ဖြာဝင်လျှက်ရှိသောလေပြွန်ငယ်လေးများ)တွင်ဖြစ်တတ်သော အမျိုးမျိုးသောနာမကျန်းဖြစ်ခြင်းများ၏ လက္ခဏာတစ်ခု ဖြစ်သည်။ အောက်တွင်ဖော်ပြထားသည့် ချောင်းဆိုးခြင်း အမျိုးမျိုးကြောင့်ဖြစ်ရသောပြဿနာများကို ကြည့်ပါ။
ချောင်းဆိုးခြင်းသည် ကိုယ်ခန္ဓာမှအသက်ရှုစနစ်/လမ်းကြောင်းအားသန့်ရှင်းအောင်ပြုလုပ်ခြင်းဖြစ်ပြီး လည်ချောင်းနှင့် အဆုတ်တွင်းမှ ချွဲသလိပ် (ချွဲနှင့်ပြည်) နှင့်ရောဂါပိုးမွှားများကို ထုတ်ပစ်ခြင်းဖြစ်သည်။ ထို့ကြောင့် ချောင်းဆိုး၍ချွဲသလိပ်များပါလျှင် ချောင်းဆိုးရပ်တန့်ရန်အတွက် ဆေးမသောက်ပါနှင့်။ သို့သော်ချွဲသလိပ်များပျော်အောင်နှင့်ချွဲထွက်လွယ်ကူရန်တစ်စုံတစ်ရာပြုလုပ်ပေးပါ။
မှတ်ချက်။ ။ယူကလစ်ရွက်များနှင့်ရှုဆေးများကို ပန်းနာရင်ကြပ်လူနာများတွင်မသုံးပါနှင့်။ ရောဂါပိုဆိုးစေသည်။
သတိပြုရန်။ ။(၁)နှစ်အောက်ကလေးများတွင် ပျားရည်မသုံးရ။ ပျားရည်အစားသကြားကိုသုံးပါ။
ချောင်းဆိုးခြင်းကိုကာကွယ်ရန် ဆေးလိပ်မသောက်ပါနှင့်။ ချောင်းဆိုးခြင်းပျောက်ရန် အကြောင်းရင်းကိုရှာဖွေကုသပါ။ ဆေးလိပ်မသောက်ရ။ ချောင်းဆိုးသက်သာရန်နှင့် ချွဲသလိပ်ပျော်စေရန် ရေများများသောက်ပေးပါ။ ဆေးလိပ်မသောက်ရ။
အလွန်ဆိုးဝါးစွာချောင်းဆိုးနေသူသည် အသက်ကြီးလွန်းသူ (သို့) အားနည်း၍ရင်ဘတ်အတွင်းမှစေးကပ်သော ချွဲသလိပ်များကို မထုတ်နိုင်သူဖြစ်လျှင် ဤနည်းသည်အသုံးဝင်ပေသည်။ ချောင်းဆိုးနေသူသည် ရေများများသောက်ရမည်ဖြစ်ပြီး အောက်ပါအတိုင်းဆက်လက် ပြုလုပ်ပါ။
အဆုတ်လေပြွန်ရောင်ရမ်းခြင်းသည် လေပြွန်များ (သို့) အဆုတ်တွင်းသို့လေကိုသယ်ယူပို့ဆောင်ပေးသော လေပိုက်ငယ်များ ရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။၎င်းသည် ဆူညံသောချောင်းဆိုးခြင်းကိုဖြစ်စေပြီး ချွဲသလိပ်များထွက်တတ်သည်။ ၎င်းသည် ဗိုင်းရပ်စ်များကြောင့် ဖြစ်တတ်ပြီး ပုံမှန်အားဖြင့် ပိုးသတ်ဆေးပေးရန်မလိုပါ။ လေပြှှန်ရောင်ရမ်းခြင်းသည် တစ်ပတ်ထက်ပိုကြာခဲ့လျှင်နှင့် မသက်သာလျှင် အကယ်၍ လူနာသည် နမိုးနီးယား/အဆုတ်ရောင် (နောက်ဆက်တွဲစာမျက်နှာတွင်ကြည့်) ရောဂါလက္ခဏာများတွေ့ရှိခဲ့လျှင် (သို့) လူနာတွင် နာတာရှည်အဆုတ်ပြဿနာများရှိခဲ့လျှင် ပိုးသတ်ဆေးသုံးရန်လိုအပ်သည်။
နမိုးနီးယား/အဆုတ်ရောင်ရောဂါသည် အဆုတ်တွင်းသို့ရုတ်တရက်ချက်ခြင်းရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။ ၎င်းသည် အခြားသောအဆုတ်ရောဂါများ ဥပမာ ဝက်သက်ရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ တုပ်ကွေးရောဂါ၊ အဆုတ်လေပြှှန်ရောင်ရောဂါ၊ ရင်ကြပ်ပန်းနာကဲ့သို့ရောဂါများ၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်တတ်သည်။ ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများ ပြင်းထန်စွာ နာမကျန်းဖြစ်ပြီး နောက်တွင်လည်းဖြစ်တတ်သည်။ HIV ရောဂါပိုးရှိသူများတွင်လည်း နမိုးနီးယားရောဂါဖြစ်လာနိုင်သည်။
အဖျားကြီးသော ကလေးငယ်များအသက်ရှုတိမ်ပြီးမြန်နေပါကနမိုးနီးယားရောဂါဖြစ်တတ်သည်။မွေးကင်းစကလေးငယ်များ တစ်မိနစ်လျှင် ၆ဝ ချက်ထက်ပိုရှုနေပါက အသက်ရှုမြန်နေသည်ဟုခေါ်သည်။ အသက်(၂)လမှ(၁)နှစ်အထိမှာ တစ်မိနစ်လျှင် အချက်(၅၀)ထက်ပိုလျှင်နှင့် အသက်(၁)နှစ်မှ(၅)နှစ်ကြားတစ်မိနစ်လျှင်အချက်(၄၀)ထက်ပိုလျှင်အသက်ရှုမြန်နေသည်။ (အကယ်၍အသက်ရှုမြန်ပြီးအားစိုက်ထုတ်နေရလျှင် ရေဓါတ်ခမ်းခြောက်ခြင်း ကိုစစ်ဆေးပါ။ (သို့) အသက်ရှုမြန်ခြင်း ကိုကြည့်ပါ။) ကလေးငိုနေချိန်နှင် ့အငိုတိတ်စတွင် အသက်ရှုခြင်းကိုမရေတွက်ပါ။
အသည်းရောင်ခြင်းသည်အများအားဖြင့်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရသော်လည်းဘက်တီးရီးယား၊ အရက်သေစာ(သို့) ဓါတုအဆိပ်သင့်ခြင်းကြောင့်လည်းဖြစ်တတ်သေးသည်။အသည်းရောင်ခြင်းတွင် အဓိကကျသောအမျိုးအစားကွဲ (အေ၊ ဘီနှင့်စီ) ဟူ၍ရှိပြီး ရောဂါလက္ခဏာပြခြင်း ရှိရှိ၊ မရှိရှိ လူတစ်ဦးမှ အခြားလူတစ်ဦးသို့ကူးစက်နိုင်သည်။ အချို့ဒေသများတွင်အသည်းရောင်ခြင်းကို အဖျား အမည်တွင် သော်လည်း အဖျားအနည်းငယ်နှင့်လုံးဝအဖျားမရှိပဲလည်းဖြစ်နိုင်သည်။
အသည်းရောင်ရောဂါအေနှင့် အသည်းရောင်ရောဂါဘီ ကူးစက်ခံရသူသည် ၂ပတ် ၃ပတ်ခန့် အလွန်နေမကောင်းဖြစ်ပြီး ၁ လမှ ၄ လအထိ အားနည်းနေတတ်သော်လည်း မကြာမီ ပြန်၍နေကောင်းလာတတ်သည်။
အသည်းရောင်ရောဂါအေသည် ကလေးငယ်များတွင်သာမန်မျှလောက်သာဖြစ်သော်လည်း သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်များတွင် ပိုဆိုးတတ်သည်။အသည်းရောင်ရောဂါဘီသည်ပိုမိုဆိုးရွားပြီး အသည်းတွင် မပျောက်ပျက်နိုင်သော အမာရွတ်ဖြစ်စေပြီးအသည်းခြောက်ခြင်း၊ အသည်းကင်ဆာနှင့်အသက်သေဆုံးသည်အထိဖြစ်စေနိုင်သည်။အသည်းရောင်ရောဂါစီသည် အဆိုးဆုံးဖြစ်ပြီး အသည်းတွင် နာတာရှည်ရောဂါပိုးဝင် ပိုးသယ်ဆောင်သူဖြစ်တတ်သည်။ ၎င်းသည် HIV ပိုးရှိသူများ သေဆုံးရခြင်းတွင် အဓိကအနေဖြင့် ပါဝင်ပါသည်။
မှတ်ချက်။ ။အသည်းရောင်ရောဂါသည် မသန့်ရှင်းသောဆေးထိုးအပ်ကိုအသုံးပြုဆေးထိုးခြင်းဖြင့် ကူးစက်စေပါသည်။ ထို့ကြောင့် ဆေးထိုးအပ်နှင့်ဆေးထိုးပိုက်ကိုအသုံးပြုတိုင်းအမြဲ ရေနွေးဖြင့်ပြုတ်ပါ။
နာတာရှည်အဆစ်နာကျင်ခြင်း (သို့) အဆစ်ရောင်ခြင်းသည် သက်ကြီးရွယ်အိုများတွင် လုံးဝပျောက်ကင်းအောင် မစွမ်းဆောင် နိုင်သော်လည်း သက်သာစေရန်အောက်ပါအတိုင်းပြုလုပ်ပါ။
အကယ်၍ အဆစ်တစ်ဆစ်သည် ရောင်၍ပူလာလျှင်အထူးသဖြင့် အဖျားဝင်လာလျှင် ၎င်းသည် ရောဂါပိုးဝင်ရောက်ခြင်းကြောင့် ဖြစ်သည်။ penicillin ကဲ့သို့သော ပဋိဇီဝပိုးသတ်ဆေးများကိုသုံးပါ။ ဖြစ်နိုင်လျှင် ဆေးရုံ၊ ဆေးခန်းပြပါ။
လူငယ်လူရွယ်များနှင့် ကလေးငယ်များတွင် အဆစ်နာကျင်လာလျှင် အခြားပြင်းထန်စွာနေမကောင်းဖြစ်ခြင်း ဥပမာ လေးဖက်နာ သို့မဟုတ် တီဘီရောဂါ၏ လက္ခဏာဖြစ်တတ်သည်။ အဆစ်နာကျင်ခြင်းအကြောင်း ပိုသိလိုလျှင် အခန်း ၁၅ နှင့် ၁၆ ရှိ ကလေးဒုက်ခိတကျေးရွာခေါင်းစဉ်တွင်ကြည့်ပါ။
ခါးနာခြင်းဖြစ်ရခြင်း အကြောင်းများစွာ ရှိပါသည်။
မှတ်ချက်။ ။ အကယ်၍ ကျောနာ၊ ခါးနာခြင်းသည် အမြင့်မှကျခြင်း(သို့)ထိခိုက်ဒါဏ်ရာရခြင်းကြောင့်ဖြစ်ခဲ့လျှင် ဤကဲ့သို့ မပြုလုပ်ရ။
သွေးပြန်ကြောများ ရောင်ရမ်းခြင်း၊ ထုံးခြင်းနှင့် အမြဲတမ်း နာကျင်ကိုက်ခဲနေမည်။ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ (သို့) ကလေးများစွာ မွေးထားသူ မိခင်များ၏ ခြေထောက်တွင် အများဆုံး တွေ့ရတတ်သည်။
သွေးပြန်ကြောထုံးခြင်းအတွက် တိကျသောဆေးမရှိပါ။ သို့သော် အောက်ပါအတိုင်းကုနိုင်သည်။
စအိုဝနှင့်ဝမ်းအိမ်ရှိ သွေးကြောများထုံးခြင်းဖြင့် လိပ်ခေါင်းရောဂါ(သို့)သွေးလိပ်ခေါင်းဖြစ်တတ်သည်။ စအိုဝတွင်စူထွက်(သို့)ဘုအလုံးရှိသည်။ ၎င်းသည် နာကျင်သော်လည်းအသက်အန္တရာယ်မရှိတတ်ပါ။ ကိုယ်ဝန်ဆောင်ချိန်တွင် တစ်ခဏသာဖြစ်တတ်ပြီး ကလေးမွေးပြီးလျှင် အလိုအလျောက်ပျောက်တတ်သည်။
လိပ်ခေါင်းရောဂါမှသွေးထွက်လျှင် သွေးတိတ်စေရန်အဝတ်သန့်သန့်ဖြင့် လိပ်ခေါင်းကိုဖိထားခြင်းဖြင့် ပြုလုပ်နိုင်သည်။ အကယ်၍ သွေးမတိတ်ခဲ့လျှင် ဆေးရုံ၊ ဆေးခန်းပြပါ။ သို့မဟုတ် ရောင်ရမ်းနေသော သွေးကြောထုံးများအတွင်းမှ သွေးခဲများကို ဖယ်ထုတ်ရန်ကြိုးစားပါ။
ပထမဦးစွာ စအိုဝကို ဆပ်ပြာနှင့် ရေဖြင့် စင်ကြယ်အောင် ဆေးကြောပါ။ ခွဲစိတ်ဓါး တစ်ချောင်းကို ပြုတ်၍ လိပ်ခေါင်း ပေါ် အပေါက်ငယ် ဖြစ်အောင် ခွဲပါ။ ပိုးသတ်ထားသော ညှပ်ဖြင့်သွေးခဲများ ဖယ်ရှားပါ။ သန့်ရှင်းသော အဝတ်တစ်စဖြင့် သွေးတိတ်ရန် အနာပေါ်ဖိထားပေးပါ။
မှတ်ချက်။ ။လိပ်ခေါင်းကိုဖြတ်ထုတ်ပစ်ရန်စိတ်မကူးပါနှင့်။ သွေးထွက်လွန်၍သေစေနိုင်သည်။
ခြေဖျား၊ ခြေဖမိုး ရောင်ရမ်းခြင်းသည် ပြဿနာ ပေါင်းမြောက်များစွာ ထဲမှ တစ်ခုခုကြောင့် ဖြစ်ရပြီး အချို့မှာ သာမန်သာဖြစ်ပြီး အချို့မှာ အလွန်ဆိုးရွားပါသည်။ သို့သော်လည်း မျက်နှာနှင့် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများပါ ရောင်ရမ်းခဲ့လျှင် ၎င်းသည် ပြင်းထန်စွာနာမကျန်းဖြစ်ခြင်း၏ လက္ခဏာပင်ဖြစ်သည်။
အမျိုးသမီးများ ကိုယ်ဝန်ဆောင် နောက်ပိုင်း ၃လတွင် ခြေဖျား၊ ခြေဖမိုးများ ရောင်တတ်သည်။ ဤသည်မှာ သာမန်သာဖြစ်သည်။ ကလေး၏ ကိုယ်ခန္ဓာ အလေးချိန်သည် ခြေထောက်မှ ှသွေးပြန်ကြောများပေါ် ဖိမိထားသကဲ့သို့ ဖြစ်ပြီး သွေးစီးဆင်းခြင်းကို ဟန့်တားသကဲ့သို့ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ သို့သော် လူနာသည် သွေးဖိအား မြင့်တက်နေခြင်း၊ မျက်နှာ ဖောရောင်နေခြင်း၊ ဆီးတွင်း အသားဓာတ် (protein) ပါဝင်မှုများနေခြင်း (သို့) ရုတ်တရက် ကိုယ်အလေးချိန်တိုးလာခြင်းတို့နှင့် တွဲလာလျှင် ၎င်းသည် ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်သည်။ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသပါ။
သက်ကြီးရွယ်အိုများ တစ်နေရာတည်းတွင် ကြာကြာထိုင် (သို့) ကြာကြာမတ်တပ်ရပ်ပါက ခြေဖျား၊ ခြေဖမိုးများ ရောင်ရခြင်းမှာ သွေးလှည့်ပါတ်မှု နည်းသောကြောင့် ဖြစ်ရသည်။ သို့သော် သက်ကြီးရွယ်အိုများတွင် ခြေဖျားရောင်ခြင်းသည် နှလုံးရောဂါပြဿနာ သို့မဟုတ် ရှားပါး ကျောက်ကပ်ရောဂါတစ်ခုခု ကြောင့်လည်း ဖြစ်နိုင်ပါသည်။
ကလေးငယ်များတွင် ခြေဖျား၊ ခြေဖမိုးရောင်ခြင်းမှာ သွေးအားနည်းရောဂါ သို့မဟုတ် အာဟာရချို့တဲ့ခြင်း ကြောင့်ဖြစ်ရသည်။ အာဟာရ လွန်စွာ ချို့တဲ့ခြင်း ဖြစ်ခဲ့လျှင် မျက်နှာနှင့် လက်များပါ ရောင်လာတတ်သည်။ (Kwashiorkor ကိုရှု)
ရောင်ရမ်းခြင်းကို လျော့ကျစေရန် အကြောင်းရင်းကို ကုပါ။ ဆားအနည်းငယ် (သို့) ဆားမထည့်ပဲ စားပါ။ လက်ဖက်ရည်ကြမ်း သောက်ခြင်း ဖြင့်လည်း ဆီးများများသွားစေပါသည်။ (ပြောင်းဖူးရည်)။ အောက်ပါအတိုင်းလည်း ပြုလုပ်ပါ။
အူကျခြင်းဆိုသည်မှာ ဝမ်းဗိုက်ကို ဖုံးအုပ်ထားသော ကြွက်သားမှအပေါက် (သို့) ကွဲထွက်လာခြင်း ဖြစ်သည်။ ၎င်းသည် အူခွေများကို တွန်းထုတ်လိုက်ပြီး အရေပြားအောက်တွင် ဖုထွက်လာခြင်း ဖြစ်သည်။ အူကျခြင်းသည် အလေးအပင်မခြင်း (သို့) အလွန်အမင်း အားအင်စိုက်ထုတ်ခြင်း (ကလေးမွေးဖွားချိန်) တို့ကြောင့် အများအားဖြင့် ဖြစ်တတ်သည်။ အချို့ကလေးများတွင် မွေးရာပါအူကျခြင်း ဖြစ်တတ်သည်။ အမျိုးသားများတွင် အူကျခြင်းသည် ဆီးစပ်တွင် ဖြစ်တတ်သည်။ ပြန်ရည်ကျိတ်ရောင်ခြင်း ကြောင့်လည်း ဆီးစပ်တွင် အကျိတ်ဖြစ်တတ်သေးသည်။ သို့သော်လည်း
သတိပြုရန်။ ။အကယ်၍ အူကျခြင်းသည် ရုတ်တရက် ချက်ခြင်းကြီး၍ နာကျင်လာလျှင် ၎င်းပြန်ဝင်သွားရန် အတွက် ခြေထောက်ကို ဦးခေါင်းထက် မြင့်အောင် လှဲအိပ်၍ အကျိတ်ကို ညင်သာစွာ ဖိသွင်းပါ။ ပြန်မဝင်ပါက ဆေးရုံ၊ ဆေးခန်းသို့ ပြသပါ။
အကယ်၍ အူကျခြင်းသည် အလွန်အမင်း နာကျင်လာပြီး အန်လျှင်၊ ၎င်းအပြင် ဝမ်းချုပ်လာလျှင် အလွန်အန္တရာယ်ရှိလာပြီ ဖြစ်သည်။ အတွင်းရှိ အူများ လိမ်သွားခြင်းကြောင့် ဖြစ်သည်။ ခွဲစိတ်ကုသရန် လိုအပ်ပါသည်။ ဆေးရုံ၊ ဆေးခန်းသို့ပြပါ။ ဤအခြေအနေတွင် အူအတက်ရောင်ခြင်း တွင်ကဲ့သို့ ကုသပါ။
လူတစ်ဦး ရုတ်တရက် ချက်ခြင်း သတိလစ်ပြီး ထူးဆန်းသော အကြောဆွဲဆန့်ခြင်းဖြစ်ခဲ့လျှင် ထိုသူကို အတက်ရောဂါရှိသည်ဟု သတ်မှတ်ပါသည်။ အတက်ရောဂါမှာ ဦးနှောက်တွင်းတွင် ပြဿနာရှိ၍ ဖြစ်သည်။ ကလေးငယ်များတွင် တက်ခြင်း၏ အဖြစ်များသောရောဂါမှာ အဖျားကြီးခြင်းနှင့် ပြင်းထန်စွာ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်သည်။ အသည်းအသန်ဖြစ်နေသော လူနာများတွင်တော့ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်တွင်း ငှက်ဖျားပိုးဝင်ရောက်ခြင်းနှင့် အဆိပ်မိခြင်းကြောင့် ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်သည်။ လူတစ်ဦး မကြာခဏတက်လျှင် ဝက်ရူးပြန်ခြင်းရောဂါဖြစ်သည်။
လူတစ်ဦးနေကောင်းနေသည်ဟု ယူဆရသူရုတ်တရက်တက်ခဲ့လျှင် ဝက်ရူးပြန်ရောဂါဟုခေါ်သည်။ တက်ခြင်းသည် နာရီပိုင်း၊ ရက်ပိုင်း၊ အပတ်ပိုင်း (သို့) လပိုင်းခြား၍ ဖြတ်တတ်သည်။ အချို့သူများတွင် လုံးဝသတိလစ်ခြင်းနှင့် အကြောဆွဲခြင်းတို့ ဖြစ်တတ်သည်။ မျက်ဖြူလန်သည်။ သာမန်ဝက်ရူးပြန်ရောဂါ ရှိသူသည် ရုတ်တရက် လှုပ်ရှားမှု လွတ်ထွက်ခြင်း၊ ထူးဆန်းသော လှုပ်ရှားမှုများ ပြုလုပ်ခြင်း (သို့) သာမန်နှင့် မတူပဲ တမူထူးခြားစွာ ပြုမူတတ်သည်။ ဝက်ရူးပြန်ရောဂါသည် မျိုးရိုးလိုက်၍ ဖြစ်တတ်သည်။ သို့မဟုတ် မွေးဖွားချိန်တွင် ဦးနှောက်ထိခိုက်မိခြင်း၊ မွေးကင်းစတွင်အဖျားကြီးခြင်း (သို့) သန်ပြားကောင် ဦးနှောက်တွင်း ဝင်ရောက်ခြင်း ကြောင့်လည်း ဖြစ်တတ်သည်။ ဝက်ရူးပြန်ရောဂါသည် ရောဂါပိုးကြောင့် ဖြစ်ခြင်း မဟုတ်သောကြောင့် ထိန်းချုပ်ရန်ခက်ခဲသည်။ ကုမရပါ။ သို့သော် ကလေးများတွင် တစ်ခါတစ်ရံ ပျောက်ကင်းပါသည်။
သတိ။ ။ဤဆေးများသည် ဝက်ရူးပြန်ရောဂါကို ကုသရန် မဟုတ်ပါ။ မတက်ရန် ကာကွယ်ခြင်းသာဖြစ်သည်။ ဆေးမှာ ဘဝ တစ်သက်တာလုံး မှီဝဲရပေမည်။