home

အခန်း ၁၅ အရေပြားရောဂါများ



ခေါင်းစဉ်များ


အရေပြားတွင် ဖြစ်ပွားသော ရောဂါများသည် များသောအားဖြင့် အရေပြားတွင်သာ ဖြစ်သော ရောဂါများ၊ ဓာတ်မတဲ့မှုများ ဟူ၍ရှိသည်။ ဥပမာ ပွေး၊ ကြွက်နို့၊ ကလေးအနှီးအပူလောင်ခြင်း၊ စသည်တို့ဖြစ်သည်။ တစ်ခါတစ်ရံ ရောဂါတစ်ခုခု၏လက္ခဏာ အနေဖြင့်လည်း အရေပြားတွင် လာပေါ်တတ်သည်။ ဥပမာ ဝက်သက်ပေါက်ခြင်း၊ ပက်လက်ဂရာ ဟုခေါ်သော အာဟာရချို့တဲ့မှုရောဂါ တို့ဖြစ်ပွားပါက အရေပြားတွင် လက္ခဏာတစ်ခုအနေဖြင့် တွေ့နိုင်သည်။ ထို့အပြင် တီဘီ၊ ဆစ်ဖလစ်၊ ကုဌနုနာနှင့် အိပ်ချ်အိုင်ဗွီ ကဲ့သို့သော ရောဂါဆိုးအချို့၏ လက္ခဏာအဖြစ်လည်း အရေပြားတွင် တွေ့နိုင်သေးသည်။

ဤအခန်းတွင် ကျေးလက်ဒေသများ၌ ဖြစ်ပွားလေ့ရှိသော အရေပြားရောဂါများကိုသာ ဖော်ပြပါမည်။ အရေပြားရောဂါ အတော်များများကို ချန်လှပ်ထားခဲ့ပါမည်။ အရေပြားရောဂါအချို့သည် ဆင်တူကြသည်။ ခွဲခြားရန် ခက်ခဲသည်။ ကုထုံးမှာမှု မတူကြ။

အရေပြားရောဂါတစ်ခု ကြိုးစားကုသော်လည်း ပိုဆိုးလာလျှင်၊ ကျန်းမာရေးဝန်ထမ်းများထံမှ ဆေးကုသမှု ခံယူပါ။

ခန္ဓာကိုယ်ကို သန့်ရှင်းစွာ ထားခြင်းဖြင့် အရေပြားရောဂါအတော်များများကို ကာကွယ်ကုသနိုင်သည်။ နေ့စဉ် ဆပ်ပြာတိုက်ပြီး၊ ရေချိုးပါ။ အရေအပြား ခြောက်ပါက၊ ဆပ်ပြာလျှော့သုံးပါ။ ရေချိုးပြီးပါက အလှဆီ (Glycerin)၊ ဟင်းသီးဟင်းရွက်ဆီ သို့မဟုတ် ဗက်စလင်း ဂျယ်လီ (Vaseline) တို့ဖြင့် လိမ်းပေးပါ။

အရေပြားရောဂါ ကုသရာတွင် လိုက်နာရမည့် အချက်များ

အရေပြားရောဂါတိုင်းတွင် ၎င်းနှင့် သက်ဆိုင်သည့် ကုထုံးတစ်ခုချင်းရှိသော်လည်း၊ အခြေခံလိုက်နာရမည့် အချက်များလည်း ရှိပါသည်။

ဥပဒေသ ၁

အနာဖြစ်သော အရေပြားနေရာသည် ပူ၍ နာလျှင် (သို့မဟုတ်) ပြည်တည်နေလျှင်၊ အပူနှင့် ကုရမည်။ ရေနွေးစိမ်ထားသော အဝတ်ဖြင့် ကြပ်ထိုးပေးပါ။ (hot compresses)

1501a

ဥပဒေသ ၂

အနာဖြစ်သော အရေပြားနေရာသည် ယားယံနေမည်၊ အရည်ကြည်ဖုများရှိမည် ဆိုပါက အအေးနှင့် ကုရမည်။ ရေအေးစိမ်ထားသော အဝတ်ဖြင့် ကြပ်ထိုးပေးပါ။ (cold compresses)

1532

ဥပဒေသ ၁ (အသေးစိတ်ဖော်ပြရသော်)

အရေပြားတွင် ရောဂါပိုးတစ်ခုခုဝင်ပါက

  • ယောင်နေမည် (ပိုးဝင်ခံရသော အရေပြားတဝိုက်တွင် နီနေမည်၊ အရောင်ရင့်ရင့် ဖြစ်နေမည်။)
  • ဖုထနေမည်
  • နာကျင်မည်
  • ပူနေမည်
  • ပြည်ရှိမည်

အောက်ပါအတိုင်းကုပေးပါ။

  • အဆိုပါ အနာရှိသောဖက်ကို ငြိမ်ငြိမ်ထားပါ၊ မြှောက်ထားပါ။ (ကိုယ်ခန္ဓာ၏ အထက်တွင်ရောက်နေစေရန် ခပ်မြင့်မြင့် ထားခြင်းကို ဆိုလိုသည်။)
  • ရေနွေးစိမ်ထားသော အဝတ်ဖြင့် ကြပ်ထိုးပေးပါ။ (hot compresses)
  • အနာပြင်းပါက (ကိုယ်ပူလာမည်) ပိုးသတ်ဆေး antibiotics ပေးရန်လိုသည်။ (penicillin, sulfonamide, erythromycin)

အန္တရာယ်ရှိသော လက္ခဏာများမှာ၊ သားငန်ကျိတ်များယောင်ရောင်ခြင်း၊ အနာ၏ အထက်ဖက်တွင် အနီရောင် (သို့) အမဲရောင်လိုင်းပေါ်လာခြင်း၊ အနံ့နံလာခြင်း တို့ဖြစ်သည်။ ပိုးသတ်ဆေးတစ်မျိုးမျိုးပေး၍ ကုသော်လည်း မသက်သာပါက ကျန်းမာရေးဌာနသို့ အမြန် သွားပြရမည်။

ဥပဒေသ ၂ (အသေးစိတ်ဖော်ပြရသော်)

အနာဖြစ်သော အရေပြားနေရာသည် ယားယံနေမည်၊ အရည်ကြည်ဖုများရှိမည်၊ မီးလောင်ဖုကဲ့သို့ ဖြစ်လာမည်၊ အရည်နှင့် တစ်စိုစိုဖြစ်နေမည် ဆိုပါက အောက်ပါအတိုင်း ကုပါ။

ရှာလကာရည် (၂ ဇွန်း) နှင့် ရောထားသော ရေအေး (တစ်လီတာ) တွင် စိမ်ထားသော အဝတ်ဖြင့် ကြပ်ထိုးပေးပါ။ (cold compresses)

အရည်များမထွက်တော့ပဲ၊ အရေပြားသားနီနီ စထွက်လာပြီဆိုပါက အနာအား ရေစိုစေလျှက် ပေါင်ဒါမှုန့် talc powder ကို ဖြူးပေးပါ။

အနာကျက်လာပြီဆိုပါကအနာကို အသားလှဆီလိမ်းပြီး ပွတ်ပေးပါ။

ဥပဒေသ ၃

အရေပြားရောဂါဖြစ်လေ့ရှိသော ခန္ဓာအပိုင်းသည် နေနှင့် အမြဲထိတွေ့နေပါက၊ နေရောင်ခြည် တိုက်ရိုက် မထိအောင် ကာပေးပါ။


1504a

ဥပဒေသ ၄

အရေပြားရောဂါဖြစ်လေ့ရှိသော ခန္ဓာအပိုင်းသည် အဝတ်နှင့် အမြဲဖုံးနေပါက နေရောင်ခြည် တိုက်ရိုက် ထိအောင် နေလှမ်းပေးပါ။ တစ်ခါနေလှမ်းလျှင် ၁၀-၂၀ မိနစ်၊ တစ်ရက် ၂-၃ ခါ နေလှမ်းပေးပါ။

1504b

ဥပဒေသ ၃

အရေပြားရောဂါဖြစ်လေ့ရှိသော ခန္ဓာအပိုင်းသည် နေနှင့် အမြဲထိတွေ့နေပါက၊ နေရောင်ခြည် တိုက်ရိုက် မထိအောင် ကာပေးပါ။

ဥပဒေသ ၄

အရေပြားရောဂါဖြစ်လေ့ရှိသော ခန္ဓာအပိုင်းသည် အဝတ်နှင့် အမြဲဖုံးနေပါက နေရောင်ခြည် တိုက်ရိုက် ထိအောင် နေလှမ်းပေးပါ။ တစ်ခါနေလှမ်းလျှင် ၁၀-၂၀ မိနစ်၊ တစ်ရက် ၂-၃ ခါ နေလှမ်းပေးပါ။

ရေနွေးစိမ်ထားသော အဝတ်ဖြင့် အုပ်နည်း (hot compresses)

  1. ဆူပြီးသားရေနွေးကို လက်ထည့်စိမ်နိုင်လောက်သည်အထိ အအေးခံပါ။
  2. အဝတ်အုပ်မည့် အနာနေရာထက် အနည်းငယ်ကြီးအောင် အဝတ်စကို ခေါက်ပါ။ ရေနွေးတွင် စိမ်ပါ။ ရေညစ်ထုတ်ပါ။
  3. အဝတ်စိုကို အနာပေါ် အုပ်ပါ။
  4. အဝတ်ကို ပလတ်စတစ်၊ ကြွပ်ကြွပ်အိပ်တို့ဖြင့် ရေနွေးအဝတ်ကို အုပ်မိုးပေးပါ။
  5. တဘက်စဖြင့် ရေနွေးအဝတ်စနှင့် ပလတ်စတစ်စတို့ကို ငုံမိအောင် သိုင်းပတ်ပေးပါ။
  6. အနာကို မြောက်ထားပါ။
  7. ရေနွေးအဝတ်အေးသွားပါက ရေနွေးပြန်စိမ်ပါ။

အရေပြားရောဂါများကို ရောဂါအမည် ဖော်ထုတ်ခြင်း

အကယ်၍ အရေပြားတွင် အောက်ပါအနာများရှိပြီး၊ ဤကဲ့သို့သော ပုံသဏ္ဍာန်ရှိလျှင် ဖြစ်နေသော ရောဂါမှာ အသေးစိတ် ဖတ်ရန်
ဝက်ခြံကဲ့သို့ အနာသေးများ အနာသေးများ၊ ယားမည်၊ လက်ချောင်းများ၊ လက်ကောက်ဝတ်နှင့် ခါးတွင်ဖြစ်၊ ဝဲ
အနာသေး၊ ပြည်ရှိ၊ ရောင်နေမည်၊ အင်းဆက်ကိုက်ရာ (ခြင်ကိုက်ရာ) ကို ကုတ်ရာမှဖြစ်၊ သားငန်ရည်အကျိတ်များရောင်မည် ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော အနာ
မညီအညာ၊ အဝါရောင်၊ တလက်လက် အနာ impetigo ဟုခေါ်သည့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော အနာ
မျက်နှာပေါ်တွင် ဝက်ခြံကဲ့သို့သော အနာ၊ ရင်ဘတ်တွင်လည်းပေါ်တတ်၊ ပြည်ဖုလေး ထိပ်တွင် ရှိနေတတ် ဝက်ခြံ
လိင်တံတွင် အနာရှိ မနာမယားလျှင် ဆစ်ဖလစ်
နာမည်၊ ပြည်ရှိမည် ရှန်ဂရွိုက် chancroid


အနာခပ်ကြီးကြီး၊ အသက်ကြီးသူများတွင် ခြေကျင်းဝတ်အနီး၌ ပတ်လည်အသားများ ခရမ်းရောင်ရှိနေသော နာတာရှည်အနာ သွေးလည်ပတ်မှု မကောင်း၍ ဖြစ်သောအနာ (ဆီးချိုရောဂါသည်များတွင်ဖြစ်)
အိပ်ရာထဲ လဲနေသော လူနာ၏ အရိုးအဆစ်နေရာများတွင် ဖြစ်သောအနာ အိပ်ရာပူနာ bed sore
ခြေလက်တွင် ထုံနေသော အနာ (ဆူးနှင့် ထိုးလျှင်ပင် မနာ) အနာကြီးရောဂါ leprosy
အသားဖုမှ အနာဖြစ်သွားသော အနာ၊ အနာမကျက်တတ်၊ ကိုယ်နှင့် မျက်နှာတွင် ဖြစ်တတ် leishmaniasis ရောဂါ

အရေပြားအောက်ရှိ အဖု ပူနေမည်၊ နာမည် ပေါက်သွားပါက ပြည်များထွက်လာသည့် အနာ အနာစိမ်း abscess or boil
ပူနေမည်၊ နာမည် သားမြတ်တွင် ရှိသော အနာ သားမြတ်ရောင်ခြင်း mastitis (ဘက်တီးရီးယားပိုးကြောင့်ဖြစ်နိုင်၊) ကင်ဆာလည်းဖြစ်နိုင်
သားမြတ်တွင် တဖြည်းဖြည်းကြီးလာသော အလုံး၊ (မနာပါ) သားမြတ် ကင်ဆာ
ခေါင်း၊ လည်ပင်း၊ ကိုယ်အပေါ်ပိုင်းတွင် အဖုရှိခြင်း (ခန္ဓာကိုယ်၏ အလယ်မျဉ်းတွင် တွေ့ရ) အာဖရိက မျက်စိကွယ်ရောဂါ river blindness

သားငန်ရည်အကျိတ်များ ရောင်ခြင်း လည်ပင်းဘေးဖက်ရှိ သားငန်ရည်အကျိတ်များ ပွင့်အာ၍ အမာရွတ်ဖြစ်ခြင်း တီဘီအကျိတ် scrofula ဟုခေါ်
ပေါင်ခြံရှိ သားငန်ရည်အကျိတ်များ ပွင့်အာ၍ အမာရွတ်ဖြစ်ခြင်း သားငန်ရည်အကျိတ် ကာလသားရောဂါ (venereal lymphogranuloma)
ရှန်ဂရွိုက် (chancroid)

အမဲရောင် အစက် ကြီးကြီး ကိုယ်ဝန်ဆောင်များ၏ နဖူးနှင့် မျက်နှာတွင် အညိုရင့် အစက်များ ကိုယ်ဝန်သည် မျက်နှာဖုံး mask of pregnancy
ခြေလက် လည်ပင်းနှင့် မျက်နှာများတွင် နေလောင်ထားသကဲ့သို့ အသားများကွဲကာ အနာဖေးတက်သော အနာ pellagra ဟုခေါ်သော အစာအာဟာရ ချို့တဲ့သောရောဂါ
အရေပြားနှင့် ပါးစောင်ထဲတွင် တစ်ဖြည်းဖြည်းကြီးလာသော အနက်ရောင်ရှိ အစက် HIV ရောဂါသည်များတွင် တွေ့ရလေ့ရှိသော ကင်ဆာ Kaposi Sarcoma
ကလေးများ၏ ခြေထောက်တွင် ဖြစ်သော ခရမ်းရောင် အစက်၊ အသားများ လှန်နေတတ် အစာအာဟာရ ချို့တဲ့သောရောဂါ
အဖြူရောင် အစက် ကြီးကြီး ကလေးများ၏ မျက်နှာနှင့် ကိုယ်ပေါ်တွင် အဝိုင်းကွက် ပွေး tinea verisicolor
လက်၊ ခြေနှင့် နှုတ်ခမ်းပေါ်ရှိ အဖြူရောင် အကွက် စဖြစ်တုံးက အနီ/ခရမ်းရောင် အကွက်နဲ့စ ပင်တာ ဟုခေါ်
pinta infection
စဖြစ်တုံးက ဘာမှ မရှိ၊ မတွေ့ရ ခရုသင်း vitiligo
အနီရောင် အစက် ကြီးကြီး ကလေးများ၏ ပါး၊ ဒူး၊ တံတောင်ဆစ်တွင် အနီရောင် အကွက် နှင်းခူ eczema
ခပ်မြန်မြန် ပြန့်သွားသော ပူနေသော၊ နာနေသည့် အနီရောင်အကွက် အရေပြားရောင်ရမ်းခြင်း erysipelas (cellulitis)
ကလေးပေါင်ခြံကြား အနီကွက် သေးခံ အပူလောင်ခြင်း
အရေပြားအကွေးများတွင် အဖြူရောင် အဖတ်များကွာထွက်နေသော အနီကွက် moniliasis ဟုခေါ်သော အရေပြား ပွေး၊ မှိုရောဂါ (yeast infection)
နီညိုစက် အရေပြားအကွေးများတွင် အဖြူရောင် အဖတ်များကွာထွက်နေသော အနီကွက် စိုရီရေးစစ် အရေပြားရောဂါ psoriasis (or sometime tuberculosis)

ကြွက်နို့ ရိုးရိုးကြွက်နို့ သိပ်မကြီး သာမာန် ကြွက်နို့ (ဗိုင်းရပ်ပိုး)
ကျား/မ လိင်အင်္ဂါနှင့် စအိုများတွင် တွေ့ရသောကြွက်နို့ picture လိင်အင်္ဂါကြွက်နို့ genital warts
ကိုယ်ခန္ဓာအခြားနေရာများတွင် တွေ့ရသော အလုံး ကြွက်နို့တစ်မျိုး yaws
ခြေထောက်၊ လက်များတွင် လက်မဝက်ခန့်ရှိသော ကြွက်နို့ အကြီးစား အရေပြား တီဘီရောဂါ tuberculosis of the skin

အလယ်တွင် ပြောင်ရှင်းနေပြီး အနားသားများနီ၍ မို့တက်နေသော ပွေးကွက် ၎င်းအစက် ပိုပို ကြီးလာပြီး၊ ယားလာမည် ပွေးကွက် ringworm
စက်ဝိုင်းပုံ ခပ်ကြီးကြီး၊ အနားသားထူထူ၊ ယားယံခြင်းမရှိ အရေပြား ဆစ်ဖလစ် ရောဂါ အပြင်းစား
အဖြူရောင်၊ အရောင်ဖျော့ ထုံနေသော အကွင်းကြီးကြီး၊ အပ်နှင့်ထိုးလျှင်ပင် မနာပါ အနာကြီးရောဂါ leprosy
နားထင်၊ နှာခေါင်းနှင့် လည်ပင်းတွင် အလယ်တွင် ချိုင့်ရှိတတ်သော အကွင်းသေး၊ အရေပြား ကင်ဆာ

welts or hives အလွန်ယားသော အကွက် (မြန်မြန်ပေါ်ပြီး ပျောက်သွားတတ်) ဓာတ်မတည့်ခြင်း allergic reaction

အရည်ကြည်ဖု ယားယံသော အရည်တစ်စိုစိုဖြစ်နေသော အရည်ကြည်ဖု အဆိပ်တစ်ခုခုနှင့် ထိမိ၍ အရေပြားရောင်ခြင်း contact dermaitis (like poison ivy or surmac)
တစ်ကိုယ်လုံး အရည်ကြည်ဖုပေါက်၊ ကိုယ်ပူနေမည် ရေကျောက် chickenpox
ကိုယ်တခြမ်းတွင်သာဖြစ်၊ နာကျင်၊ အရည်ကြည်ဖုအစု ရေယုန် herpes zoster (shingles)
မီးခိုး၊ အမဲရောင်ရှိ အနံ့နံနံ အရည်ကြည်ဖု၊ လေအိတ်ကလေးများပါ တွေ့ရ အသားပုပ်ခြင်း gas gangrene (အလွန်ဆိုးရွားသော ဘက်တီးရီးယားရောဂါပိုး ဝင်၍ ဖြစ်)

တစ်ကိုယ်လုံးတွင် အနီရောင်အစက် ဖျားနေသော ကလေးတွင် တစ်ကိုယ်လုံးအနီစက်ပေါ် ဝက်သက် measles
ကိုယ်ပူဖျားပြီး ရက်အနည်းငယ်ကြာတွင် တကိုယ်လုံး ပန်းရောင် အစက်များ ထွက်လာခြင်း၊ လူနာက အရမ်း ဖျားနေမည် တိုက်ဖွိုက်ရောဂါ typhoid

ဝဲ scabies

ကလေးငယ်များတွင် ဝဲရောဂါ အဖြစ်များသည်။ အလွန်ယားယံသည်။ ခန္ဓာကိုယ်အနှံ့ ဖြစ်တတ်သည်။

အဖြစ်များသော နေရာများမှာ

သန်းကဲ့သို့သော အင်းဆက်ပိုးအသေးလေးများကြောင့် ဖြစ်သည်။ အရေပြားအောက် မြောင်းသေးသေးတူးကာ နေကြသည်။ ပိုးရှိသော အရေပြားနှင့် ပွတ်ထိမိလျှင်သော်၎င်း၊ အဝတ်၊ အိပ်ရာတွင် ဝတ်မိ၊ အိပ်မိလျှင်သော်၎င်း ကူးစက်သည်။ ယား၍ကုတ်လျှင် ရောဂါပိုးဝင်တတ်သည်။ ထိုအခါ ပြည်တည်မည်။ တစ်ခါတစ်ရံ ကိုယ်ပူ၍ ဖျားမည်။ သားငန်ရည်အကျိတ်များ ရောင်မည်။ ဝဲရောဂါစကူးခံရပါက ရောဂါလက္ခဏာပေါ်လာရန် ရက်သတ္တ ၂ ပတ်မှ ၄ ပတ်ထိ ကြာတတ်သည်။ ယခင်က ဝဲဖြစ်ဘူးပါက ၁-၄ ရက်အတွင်း ယားလာမည်။

ကုသခြင်း

  • ဝဲရောဂါ တစ်ဦးတွင် ဖြစ်ပြီဆိုလျှင်၊ မိသားစုဝင်အားလုံးကို ကုပေးရမည်။ လင်မယားအချင်းချင်းလည်း ကုပေးါပ။
  • တစ်ကိုယ်ရေသန့်ရှင်းခြင်းသည် အဓိကကျဆုံးဖြစ်သည်။ နေ့စဉ် ရေချိုး၊ အဝတ်အစားလဲပါ။
  • လက်သည်းညှပ်ပါ။
  • အဝတ်အစားနှင့် အိပ်ယာခင်းများကို ရေနွေးနှင့် ပြုတ်၍ လျှော်ပါ။ နေတွင် ထုတ်လှန်းပါ။
  • တိရိစ္ဆာန်များအားလုံးကို အိမ်အပြင် ထုတ်ထားပါ။
  • ပါမီထရင် permethrin (Elimite အမည်နှင့် မေးဝယ်ကြည့်ပါ။) ပါသော လိမ်းဆေး လိမ်းပါ။ ဦးစွာ ဆပ်ပြာ၊ ရေနွေးဖြင့် အရေပြားများကို သေချာတိုက်ချွတ်၍ ရေချိုးပါ။ ထို့နောက် တစ်ကိုယ်လုံးကို ဆေးလိမ်းပါ။ ဆေးလိမ်းပြီး၊ ၁၀-၁၄ နာရီကြာထားပြီးမှ ရေချိုးပါ။ အဝတ်သန့်သန့် ပြန်ဝတ်၊ အိပ်ယာခင်းအသစ် ပြန်ခင်းပါ။ ရက်သတ္တ တစ်ပါတ်ကြာလျှင် တစ်ခါထပ်ပြန်လုပ်ပါ။
  • လင်ဒိန်း lindane ပါသော ဆေးသည် အဆိပ်ဖြစ်သောကြောင့် မလိမ်းရ။
  • ပါမီထရင် permethrin မရပါက ကရိုတာမီတွန် crotamiton (Eurax, Crotan အမည်နှင့် ရှာကြည့်ပါ။) ကို လိမ်းနိုင်သည်။ သို့သော် အသက် ၃ နှစ်အောက် ကလေးများတွင် မသုံးရ။
  • ဆာဖာအမှုန့် sulfur podwer ကို ဝက်ဆီ lard နှင့်ရော၍ လိမ်းနိုင်သည်။ ဆာဖာမှုန့် တစ်ဆနှင့် ဝက်ဆီ ၁၀ ဆတို့ကို ရောရသည်။ Vaseline ဟူသောအမည်နှင့်လည်း ရှာနိုင်သည်။ အသက် ၁ နှစ်အောက်ကလေးများတွင် မသုံးရ။ တစ်ကိုယ်လုံးကို တစ်ရက် ၃ ခါ၊ ၃ ရက်ဆက်တိုက် လိမ်းပါ။ ဆေးမတဲ့ပါက (အနီကွက် ထလာမည်) မသုံးရ။
  • အထက်ပါနည်းများနှင့် မရပါက၊ အိုင်ဗာမက်တင် ivermectin ကို သုံးနိုင်သည်။ ၁၀-၁၄ ရက်ကြာသွားပါက ထပ်တစ်ကြိမ်ပေးရန် လိုအပ်သည်။ အိပ်ချ်အိုင်ဗွီ HIV ပိုးရှိသူများအတွက် သင့်တော်သည်။

သန်း lice

သန်း ၃ မျိုးရှိသည်။ ခေါင်းတွင်နေသော၊ ကိုယ်ပေါ်တွင်နေသော၊ ဆီးခုံတွင် နေသော သန်းဟူ၍ ဖြစ်သည်။ လူ၏ အမွေးအမှင်ရှိသော နေရာများတွင် နေလေ့ရှိသည်။ ယားယံမည်၊ အရေပြားပိုးဝင်မည်၊ သားငန်ရည်အကျိတ်များ ရောင်မည်။ သန်းမရှိရန် တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးကြီးသည်။ အဝတ်အစားနှင့် အိပ်ရာခင်းများကို လျှော်၍ နေလှန်းပါ။ မကြာခဏ ခေါင်းလျှော်ပါ။ ကလေးများ၏ ဆံပင်ကို မကြာမကြာ စစ်ကြည့်ပေးပါ။ သန်းတွေ့ပါက ချက်ချင်းကုပါ။ အချင်းချင်း မကူးစေရန် ဖြစ်သည်။ သန်းရှိသော ကလေးကို အခြားကလေးများနှင့် အတူ မသိပ်ရ။

ကုသခြင်း

ခေါင်းနှင့် ဆီးခုံ သန်းများ။  ။ ၁၀ မိနစ်ကြာအောင် ခေါင်းသေချာလျှော်၊ ဦးရေကို သေချာကုတ်ရုံနှင့် သန်းများကို ဖယ်ရှားနိုင်သည်။ ရေနှင့် သေချာဆေးပြီး၊ ဘီးစိပ်နှင့် ဖီးချပါ။ သန်းနှင့် ဥများကုန်အောင် နေ့စဉ်၊ ၂ ပါတ်ခေါင်းလျှော်ပါ။

လင်ဒိန်း lindane ပါသော ခေါင်းလျှော်ရည် မသုံးပါနှင့်။ အဆိပ်ဖြစ်တတ်၍ ဖြစ်သည်။ သမားရိုးကျ ခေါင်းလျှော်ရည်နှင့် မရပါက ပိုင်ရီထရင်း pyrethrins (RID) သို့မဟုတ် ပါမီထရင်း permethrin (Nix) ပါသော ခေါင်းလျှော်ရည်ကို သုံးပါ။ မျက်စိထဲမဝင်စေရန်၊ ဆေးတဲ့မတဲ့ကို သတိထားပါ။ အသက် ၂ နှစ်ထက်ငယ်သော ကလေးများနှင့်၊ ကိုယ်ဝန်သည်များ မသုံးရ။

သန်းဥကိုလည်း ဖယ်ရှားရမည်။ သန်းဥရှိသေးပါက သန်းပြန်ရှိလာမည်။ ဘီးစိတ်နှင့် ၂ ပါတ်ကြာ နေ့တိုင်း သေချာဖီးပေးပါ။

  • ဘီးစိတ်နှင့် ဖီးလျှင် သန်းဥများ အလွယ်တကူ ကျလာစေရန် ဆံပင်ကို သံလွင်ဆီနှင့် လိမ်းပေးပါ။ အုန်းဆီ၊ ယူကလစ်ဆီ၊ စားဆီတို့ကိုလည်း သုံးနိုင်သည်။ ဆီနှင့် ဦးရေတဲ့မတဲ့ကိုမူ သတိထားပါ။
  • ရှာလကာရည်နွေးနွေးနှင့်လည်း ဆံပင်ကို စိမ်ပေးနိုင်သည်။ ရှာလကာရည် တစ်ဆ၊ ရေနွေး ၁၀ ဆ ရောထားသော အရည်ကို ဆံပင်တွင် နာရီဝက်ကြာ စိမ်ထားပေးပါ။ ပြီးလျှင် ဘီးစိတ်နှင့် ဖီးချပါ။

ကိုယ်ပေါ်နေ သန်းများ။  ။ ၁၀ ရက်ကြာ နေတိုင်း ရေနွေးတွင် စိမ်ချိုးပါ။ ဆပ်ပြာနှင့် သေချာပွတ်တိုက်၍ ရေနှင့် ဆေးပါ။ ဝဲကုထုံးအတိုင်းလည်း ကုနိုင်သည်။ အဝတ်အစားနှင့် အိပ်ယာခင်းများကို သန့်ရှင်းနေပါစေ။

ကြမ်းပိုး bedbugs

နီညိုရောင်၊ ခပ်ပြားပြား အင်းဆက်ပိုးကောင်အသေးကလေးများဖြစ်သည်။ အိပ်ယာ၊ ပရိဘောဂ၊ နံရံ၊ ကြမ်း ကြားထဲတွင်နေသည်။ အုပ်စုလိုက် ညညထွက်လာပြီး၊ လူကိုကိုက်သည်။

ကြမ်းပိုးများကို ဖယ်ရှားရန်၊ အိပ်ယာများကို ရေနွေးနှင့် အပူချိန် ၁၂၀ ဖာရင်ဟိုက်ထိ ထား၍ ၂၀ မိနစ်ကြာ ပြုတ်၍ လျှော်ပါ။ diatomaceous earth ဟုခေါ်သော သဘာဝ ပိုးသတ်ဆေးရှိပါက ကုတင်ပတ်လည် ဖြူးကာ ကြမ်းပိုးတက်မလာနိုင်အောင် ကာကွယ်ပါ။ ရေ ၂ ဆ၊ အရက် ၂ ဆ၊ ပန်းကန်ဆေး ဆပ်ပြာ ၁ ဆတို့ကို ရော၍ မိမိအိပ်သည့် နေရာနှင့် အိပ်ရာအသုံးအဆောင်များကို ဖြန်းပေးပါ။ ပြီးလျှင် အခြောက်ခံပါ။ ၂ ပါတ်အတွင်း ထပ်တစ်ခါလုပ်ပါ။ ပိုင်ရီထရင်း pyrethrin သို့မဟုတ် ပါမီထရင်း permethrin ကိုလည်း သုံးနိုင်သည်။

ကြမ်းပိုးရန်မှ ကာကွယ်ရန် အိပ်ယာ၊ ဖျာနှင့် ကလေးကုတင်တို့ကို မကြာခဏ နေထုတ်လှမ်းပါ။

ဖြုတ် ticks and chiggers

ဖြုတ်ကိုက်ခြင်းကြောင့် အချို့သော ရောဂါများကူးစက်နိုင်သည်။ ချက်ချင်းဖယ်ရှားရန် လိုအပ်သည်။ ထို့ကြောင့် ဖြုတ်ရှိသော နေရာသွားမိပါက ပိုးများကပ်ပါလာမလာ ပြန်စစ်ကြည့်ပါ။

အရေပြားတွင် ကုပ်တွယ်နေသော ဖြုတ်ကို ဖယ်ရှားရန်၊ ခေါင်းပြတ်မကျန်ခဲ့အောင် သတိထားပါ။ ရောဂါပိုး ကူးစက်စေနိုင်သောကြောင့် ဖြစ်သည်။ ဖြုတ်၏ ကိုယ်ချည်းကိုသာ ဆွဲမဖြုတ်ပါနှင့်။

ဖြုတ်ကို ဇာဂနာနှင့် ညှပ်၍ ဖယ်မည်ဆိုပါက ၎င်း၏ ပါးစပ်ကို မိအောင် ညှပ်ဖမ်းပါ။ (ဖောင်းကားကား ကိုယ်လုံးကို သွားမညှပ်ပါနှင့်။) ဖြုတ်ကို အသာအယာ သေချာညှပ်၍ ဆွဲဖယ်ပါ။ ဖယ်လိုက်သော ဖြုတ်ကို သွားမကိုင်ပါနှင့်။ ၎င်းကို မီးရှို့သတ်ပါ။ အရက်ပျံလောင်းသတ်ပါ။

အလွန်သေးငယ်သော ဖြုတ်ကို ဖယ်ရှားရန် ဝဲကို ကုခဲ့သော နည်းများအတိုင်းကုနိုင်သည်။ ဖြုတ်ကိုက်၍ ယားယံခြင်းကို အက်စပရင် aspirin ဆေးနှင့် ယားယံခြင်းကို ကုသောကုထုံးများအတိုင်းကုပါ။

တောထဲသွားမည်ဆိုပါက ဖြုတ်များ အကိုက်မခံရအောင် ဆာလဖာအမှုန့်များ တစ်ကိုယ်လုံးလူးသွားပါ။ အထူးသဖြင့် ခြေကျင်းဝတ်၊ လက်ကောက်ဝတ်၊ ခါးနှင့် လက်တို့ကို လူးသွားပါ။

ပြည်တည်နာ small sore with pus

အင်းဆက်အကောင်ငယ်များကိုက်ထားသော နေရာကို ကုတ်ခြစ်ရာမှ အရေပြား ပြည်တည်နာ ဖြစ်တတ်သည်။ လက်သည်းရှည်၍ ဂျီးရှိနေ၍လည်း ဖြစ်နိုင်သည်။

ကုသခြင်းနှင့် ကာကွယ်ခြင်း

အနာကို ဆပ်ပြာ၊ ရေကျက်အေးနှင့် သေချာဆေးပါ။ အနာဖေးများကို သေချာခွာချပါ။ ပြည်ရှိနေသရွေ့ ဤကဲ့သို့ ဆေးပေးပါ။

အနာသေးများကို လေသလပ်ထားပါ။ အနာကြီးပါက ပတ်တီးစည်းထားရန် လိုသည်။ ပတ်တီးကို နေ့စဉ် လဲပေးပါ။

အနာဘေး အရေပြား နီ၊ ပူလာပါက သို့မဟုတ် ကိုယ်ပူလာပါက၊ အနာနေရာမှ အနီရောင်လိုင်းပေါ်လာပါက၊ သားငန်ရည်အကျိတ်များ ရောင်လာပါက ပဋိဇီဝပိုးသတ်ဆေး antibiotics (ပင်နီဆလင် penicillin၊ ဆာလဖာဆေးပြား တစ်မျိုးမျိုး sulfa tablets) တိုက်ရန် လိုအပ်သည်။

မကုတ်ပါနှင့်။ အနာကို ပိုဆိုးစေမည်။ ကိုယ်ခန္ဓာ၏ အခြားနေရာများသို့ ပြန့်စေမည်။ ကလေးများ လက်သည်း တိုတိုညှပ်ပါ။ မကုတ်အောင် လက်အိတ် ခြေအိတ် စွပ်ပေးပါ။

အခြား အနာမရှိသော ကလေးများနှင့် အတူ မသိပ်ရ။ ကူးလွယ်သည်။

Impetigo

ဘက်တီးရီယားပိုး ကြောင့်ဖြစ်သည်။ အလွန်မြန်သည်။ အဝါရောင် ခပ်ပြောင်ပြောင် အနာများ လျင်လျင်မြန်မြန် ပြန့်သွားတတ်သည်။ မျက်နှာ အထူးသဖြင့် ပါးစပ်တဝိုက်တွင် ဖြစ်သည်။ အခြားသူထံ အနာမှတဆင့်၊ မသန့်သော လက်မှ တဆင့် အလွယ်တကူ ကူးစက်နိုင်သည်။

ကုသခြင်း

အနာကို ဆပ်ပြာ၊ ရေကျက်အေးတို့ဖြင့် တစ်ရက်လျှင် ၃-၄ ခါဆေးပေးပါ။

ဆေးပြီးသော အနာကို ဆေးပြာ (ဂျမ်းရှင်း ဝိုင်လက် gentian violet) နှင့် လိမ်းပါ။ ဘက်ဆီထရာစင် bacitracin ပါသော လိမ်းဆေးတစ်မျိုးမျိုး (ဥပမာ ပေါ်လီစပိုရင် polysporin) ကိုလည်း လိမ်းနိုင်သည်။

အနာပြန့်သွားပြီး၊ ကိုယ်ပူလာလျှင်၊ ကလော်ဇာဆီလင် cloxacillin သို့မဟုတ် ဒိုင်ကလော်ဇာဆီလင် dicloxacillin တိုက်ရမည်။ ပင်နီဆလင်အုပ်စုဆေးများနှင့် မတဲ့ပါက၊ မတိုးပါက၊ ဒေါ့စီဆိုက်ကလင်း doxycycline သို့မဟုတ် ကိုထရိုင်မိုဇာဇော cotrimoxazole ကို ပေးနိုင်သည်။

ကာကွယ်ခြင်း

တစ်ကိုယ်ရေသန့်ရှင်းခြင်းလမ်းညွှန်ကို သေချာလိုက်နာပါ။ ကလေးများကို ရေနေ့စဉ်ချိုးပေးပြီး၊ အင်းဆက် ကြမ်းပိုး၊ သန်း၊ လှေးများမကိုက်အောင် ကာကွယ်ပေးပါ။ ဝဲပေါက်လာပါက ချက်ချင်းကုပေးပါ။

Impetigo ဖြစ်နေသောကလေးအား အခြားကလေးများနှင့် အတူ မသိပ်ပါနှင့်။ ရောဂါကို ချက်ချင်းကုပါ။

Yaws

ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပြီး၊ အရေပြားအောက်တွင် အဖုတစ်ခုထွက်လာ၊ တဖြည်းဖြည်းကြီးလာ၊ နာကျင်ခြင်းမရှိ။ ၆ လကြာသော်၊ အဖုပျောက်သွားမည်။ လ၊နှစ် ကြာလာသော် ပြန်ပေါ်လာမည်၊ ပြန့်သွားမည်၊ အရည်များ ထွက်မည်။ ဤအဆင့်သည် အခြားသူထံ ကူးနိုင်သည်။ ဤလက္ခဏာများ ထပ်ပျောက်သွားမည်။ မကုပါက၊ ၅-၁၀ နှစ်ကြာလာလျှင်၊ တစ်ကိုယ်လုံးပြန့်သွားပြီး၊ အရိုး၊ အဆစ်နှင့် အခြားကိုယ်အင်္ဂါများကို ဒုက္ခပေးမည်။

ကုသခြင်း

ဆစ်ဖလစ်နှင့် နှီးနွယ်နေတတ်သော်လည်း၊ လိင်ဆက်ဆံရာမှ ကူးစက်ခြင်းမဟုတ်ပဲ၊ ကိုယ်ခန္ဓာအချင်းချင်း ထိမိခြင်းမှ ကူးစက်ခြင်း ဖြစ်သည်။ ဆစ်ဖလစ်အတိုင်းပင် သွေးစစ်နိုင်ပြီး၊ ကုထုံးလည်း အတူတူပင်ဖြစ်သည်။

အနာစိမ်း boils and abscesses

အရေပြားအောက် ပြည်အိတ်တည်နေခြင်းဖြစ်သည်။ မွေးကျွတ်နာများတွင် တွေ့ရသည်။ ချွန်ထက်သော အရာနှင့် စူးမိခြင်း၊ မသန့်သော ဆေးထိုးအပ်ကို သုံးခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။ နာကျင်မည်၊ အနာဘေးရှိ အရေပြား ပူနေမည်၊ နီနေမည်။ သားငန်ရည်အကျိတ်များ ရောင်မည်။ ကိုယ်ပူမည်။

ကုသခြင်း

  • နေ့စဉ် မကြာခဏ ရေနွေးပူအဝတ်စနှင့် ကြပ်ထိုးပေးပါ။
  • အနာစိမ်းအား အလိုအလျောက် ပေါက်ပါစေ။ ပေါက်သွားပါက ရေနွေးပူအဝတ်စနှင့် ဆက်၍ ကြပ်ထိုးပေးပါ။ ပြည်များထွက်လာပါစေ။ အနာစိမ်းကို လက်နှင့် မညစ်ပါနှင့်။ အနာစိမ်းအတွင်းရှိပိုးများ ကိုယ်ခန္ဓာ၏ အခြားအစိတ်အပိုင်းများသို့ ပြန့်သွားမည် စိုးသောကြောင့် ဖြစ်သည်။
  • ၂-၃ ရက်ခန့် ရေနွေးနှင့် ကြပ်ထိုးပြီးသော်လည်း အနာက မပေါက်ပဲ၊ အရမ်းနာကျင် လာပါက အနာကို ဓားနှင့် ခွဲရန် လိုလာပါသည်။ ခွဲပြီး၊ ပြည်များကို ထွက်လာပါစေ။ နာကျင်ခြင်း သက်သာသွားမည်။ ဆေးခန်းသို့ သွားပြရန် လိုကောင်းလိုမည်။
  • သားငန်ရည်အကျိတ်များရောင်လျှင်၊ ကိုယ်ပူလာလျှင် ပင်နီဆလင် penicillin သို့မဟုတ် အရီဒြိုမိုင်ဆင် erythromycin သို့မဟုတ် ဒိုင်ကလောဇာဆီလင် dicloxacillin စသည့် ဆေးတစ်ခုခုကို ၅၀၀ မီလီဂရမ်၊ တရက် ၄ ကြိမ်၊ ၇ ရက်တိုက်ပါ။

အင်ပြင်ထခြင်း itching rash, welts or hives (allergic reactions in the skin)

မတဲ့သော အရာတစ်ခုခုကို ထိမိ၊ စားမိ၊ ထိုးမိ၊ ရှူမိလျှင် အင်ပြင်ထလာတတ်သည်။

အင်ပြင်ထလျှင် အနီရောင်အစက်အပြောက် များထွက်လာပြီး၊ အလွန် ယားယံမည်။ ဟိုတကွက် ဒီတကွက် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေမည်။

မိမိနှင့် မတဲ့သော ဆေးဝါးများကို မှတ်သားထားပါ။ အထူးသဖြင့် ပင်နီဆလင်၊ မြင်း၏ သွေးရည်ကြည်မှ ထုတ်သော မြွေဆိပ်ဖြေဆေး ကဲ့သို့သော ဆေးများနှင့် တဲ့မတဲ့ သိရမည်။ ၎င်းအင်ပြင်များသည် ဆေးထိုးပြီး၊ မိနစ်အနည်းငယ်မှ ၁၀ ရက်ခန့်အတွင်းအထိ ကြာမှ ပေါ်လာတတ်သည်။

ဆေးတစ်ခုခုထိုးပြီး၊ အင်ပြင်ထတတ်ပါက ၎င်းဆေးကို တစ်သက်လုံး ဆက်မသုံး၊ မထိုးပါနှင့်။ အရမ်း အရေးကြီးပါသည်။

အိပ်ချ်အိုင်ဗွီ HIV ပိုးရှိသော လူနာများသည် ၎င်းတို့သောက်ရသောဆေးများဖြစ်သည့် ကိုထရိုင်မိုဇာဇော cotrimoxazole နှင့် နီဗီရာပင်း nevirapine ဆေးတို့နင့် မတဲ့တတ်ပေ။ ဤကဲ့သို့သော ဆေးမတဲ့ခြင်းကို လူနာအား တရက် နည်းနည်း စတိုက်ကျွေးခြင်းဖြင့်၊ ဆေးချိန်အပြည့်သောက်နိုင်သည်အထိ ဆေးကို ယဉ်လာအောင် ကျင့်ပေးနိုင်သည်။ ကို ပေးနိုင်သည်။

ယားယံခြင်းကို ကုသနည်း

  • ရေအေးချိုးပါ။ ရေအေး/ရေခဲ စိမ်ထားသော အဝတ်နှင့် ကြပ်ထိုးပေးပါ။
  • Oatmeal ရည်အေးနှင့် စိမ်ထားသော အဝတ်နှင့်လည်း ကြပ်ထိုးနိုင်သည်။ oatmeal ကို ကြိုပါ၊ ကြိုပြီး ရေကို စစ်ယူပါ။ ၎င်း oatmeal ရည်ပူကို အအေးခံပါ။ အဝတ်စ စိမ်နိုင်ပါပြီ။ oatmeal ထမင်းရည်အေးအေးကို သုံးနိုင်သည်။
  • အရမ်းယားပါက အင်တီဟစ်စတမင်း antihistamine အုပ်စုဝင် ကလိုဖင်နီရာမင်း chlorpheniramine ကို တိုက်နိုင်သည်။
  • ကလေးငယ် မကုတ်စေရန်၊ လက်သည်းများကို ညှပ်ပေးပါ၊ လက်အိတ် ခြေအိပ်စွပ်ပေးပါ။

အရေပြား ယားယံစေသော အပင်များ

ဆူး nettles ၊ ငြောင့် sting trees၊ အဆိပ်ရှိနွယ်ပင် poison ivy ကဲ့သို့သော အပင်များနှင့် ထိမိပါက အရည်ကြည်ဖုများ၊ အင်ပြင်များ ထွက်လာစေတတ်ပြီး၊ လူကို ယားယံစေတတ်ပါသည်။ ခူယားတို့ကလည်း အင်ပြင်ထ၊ ယားယံစေပါသည်။

အချို့သောလူများသည် ရာဘာဖိနပ်၊ နာရီလက်ပတ်၊ နားတွင်းထည့် ခပ်ဆေး၊ မျက်နှာလိမ်းဆေး၊ ရေမွေး၊ ဆပ်ပြာတို့နှင့် မတဲ့၍ အင်ပြင်ထတတ်သည်။

ကုသခြင်း

ယားစေသောအရာကို ဖယ်လိုက်ပါက အလိုလိုပျောက်သွားတတ်သည်။ ထမင်းရည်အေး၊ ရေအေးက ယားယံခြင်းကို သက်သာစေမည်။ အက်စပရင်နှင့် အင်တီဟစ်စတမင်း antihistamine တို့ကလည်း အယားပျောက်စေသည်။ အရမ်းဆိုးသော အင်ပြင်ထမှုများအတွက် ကော်တီဆုန်း cortisone နှင့် ကော်တီကို စတီရွိုက် cortico steroid ပါသောဆေးများ လိမ်းလျှင် လည်း သက်သာလိမ့်မည်။ ယားယံနေသော အရေပြားနေရာ ပိုးမဝင်အောင် သန့်သန့်ရှင်းရှင်းထားပါ။

ရေယုန် (shingle or herh3es zoster)

လက္ခဏာများ

ခန္ဓာကိုယ် တစ်ခြမ်းတွင် ရုတ်တရက်ပေါ်လာသော စပ်ဖျဉ်းဖျဉ်း အရည်ကြည်အဖုများသည် ရေယုန်ဖြစ်ဖို့များသည်။ ကျောကုန်း၊ ရင်ဘတ်၊ လည်ပင်းနှင့် မျက်နှာများတွင် အဖြစ်များသည်။ ၂-၃ ပတ်ကြာရှိနေပြီး၊ အလိုလို ပြန်ပျောက်သွားသည်။ တစ်ခါတစ်ရံ အရည်ကြည်ဖုများ ပျောက်သွားသော်လည်း နာကျင်မှုက ဆက်ကျန်နေတတ်သည်။

ရေကျောက် chickenpox ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပြီး၊ ရေကျောက်ပေါက်ပြီးခါစလူများတွင် တွေ့ရတတ်သည်။ အန္တရာယ်မရှိသောလည်း၊ စပ်ဖျဉ်းဖျဉ်းနှင့် အလွန်နာသည်။ HIV အိပ်ချ်အိုင်ဗွီပိုးရှိလူနာများတွင် ကနဦးလက္ခဏာအနေနှင့် တွေ့နိုင်သည်။

ကုသခြင်း

အဝတ်အစားနှင့် မပွတ်တိုက်မိအောင် ပတ်တီးပါးပါးအုပ်ထားပါ။

နာလျှင် aspirin အက်စပရင် သောက်နိုင်သည်။ အေဆိုက်ကလိုဗာ acyclovir ဆေးက မပြန့်အောင် ကာကွယ်ပေးနိုင်သည်။

ပိုးသတ်ဆေး antibiotic သောက်စရာမလိုပါ။

မှိုရောဂါများ (ပွေး၊ ဒက်) Fungus infections (ringworm, tinea)

တကိုယ်လုံးမည်သည့်နေရာတွင်မဆို ဖြစ်နိုင်သည်။ အများဆုံးဖြစ်လေ့ရှိသော နေရာများမှာ

1521

ပွေးရောဂါအတော်များများမှာ အကွင်းလိုက်ဖြစ်လေ့ရှိသည်။ ဦးခေါင်းတွင် ပွေးဖြစ်ပါက ဦးရေခွံများကွာ၍ ဆံပင်ကျွတ်တတ်သည်။ လက်သည်း၊ ခြေသည်းကြားတွင်ဖြစ်ပါက ကြမ်းတမ်းနေပြီး၊ ထူထူထဲထဲ ဖြစ်နေမည်။

ကုသခြင်း

  • ရေနှင့် ဆပ်ပြာသာလိုအပ်သည်။ နေ့စဉ် ပွေးဖြစ်နေသောနေရာကို ဆပ်ပြာနှင့် ရေတို့ဖြင့် စင်စင်ဆေးပါ။
  • ခြောက်သွေ့အောင်ထား၊ လေသလပ်ခံထား၊ နေလှန်းပါ။ ချွေးထွက်လာပါက အတွင်းခံဘောင်းဘီနှင့် ခြေအိပ်တို့ကို လဲပေးပါ။
  • ဆာလ်ဖာနှင့် ဝက်ဆီရောထားသော လိမ်းဆေးနှင့် လိမ်းနိုင်သည်။ (ဆာလ်ဖာ တစ်ဆ၊ ဝက်ဆီ ၁၀ ဆရောပါ။)
  • ခြေချောင်း၊ လက်ချောင်း၊ ပေါင်ခြံရှိပွေးများကိုမူ ဆလီဆိုင်လိတ် salicylic သို့မဟုတ် အန်ဒီဆိုက်လင်းနစ် undecylenic acid သို့မဟုတ် တော်နပ်ဖ်တိတ် tolnaftate ပါသော လိမ်းဆေးများ လိမ်းပါ။
  • ဦးရေပြားဒက် အခြေနေဆိုးလျှင်သော်၎င်း၊ အထက်ပါနည်းများနှင့် မပျောက်လျှင်သော်၎င်း၊ လူကြီးအတွက် ဂရစ်ဆီယို ဖိုဗင် တစ်ဂရမ် Griseofulvin 1 gram၊ ကလေးအတွက် ဂရမ်ဝက် half a gram တိုက်ပါ။ လချီသောက်ရလေ့ရှိသည်။ ကိုယ်ဝန်သည်များ မသောက်ရ။
  • ကလေး လူပျို/အပျိုဖော်ဝင်သွားလျှင် အဆိုပါ ဦးရေပြားဒက်များ အလိုလို ပျောက်သွားလေ့ရှိသည်။ ပြည်ရှိသော ပွေးများအတွက်မူ ရေနွေးပူကြပ်ထိုးပေးရန်လိုသည်။ ပွေးဖြစ်နေသော ဦးရေပြားတစ်ဝိုက်ရှိ ဆံပင်များကို နှုတ်ပစ်ပါ။ ဂရစ်ဆီယို ဖိုဗင် တစ်ဂရမ် Griseofulvin တိုက်နိုင်သည်။

ကာကွယ်ခြင်း

အလွန်ကူးလွယ်သည်။ ကလေးများအကြား မကူးစက်အောင်-

  • ပွေးရှိသောကလေးကို အခြားကလေးများနှင့် အတူမသိပ်ရ။
  • ခေါင်းဘီးရောမသုံးရ။ အဝတ်အစားများ၊ တဘက်များရောမသုံးရ။ သန့်သန့်ရှင်းရှင်းထားပါ။
  • ရောဂါရှိသောကလေးငယ်အား ချက်ချင်းကုပေးပါ။

ညှင်း (မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်မှ အဖြူစက်များ) tinea versicolor

ညှင်းဆိုသည်မှာ မှိုစွဲခြင်း ရောဂါတစ်မျိုးဖြစ်သည်။ လည်ပင်း၊ ရင်ဘတ်နှင့် ကျောကုန်းများတွင် မညီမညာ အညိုရောင်၊ အဖြူရောင်အစက်အဖြစ် တွေ့ရတတ်သည်။ ယားယံခြင်းမရှိ။ အန္တရာယ်မရှိပါ။

ကုသခြင်း

  • ဆာလ်ဖာနှင့် ဝက်ဆီရောထားသော လိမ်းဆေးနှင့် လိမ်းနိုင်သည်။ (ဆာလ်ဖာ တစ်ဆ၊ ဝက်ဆီ ၁၀ ဆရောပါ။) တစ်ကိုယ်လုံး နေ့စဉ်လိမ်းပါ။ အခြားမှိုလိမ်းဆေးများကိုလည်း သုံးနိုင်သည်။
  • ဆိုဒီယမ် သိုင်အိုဆာလဖိတ် sodium thiosulfate ကိုသုံးနိုင်သည်။ ၎င်းသသည် ဓာတ်ပုံဆရာများသုံးသည့် ဖလင်ချွတ်ဆေး ဖြစ်သည်။ ၎င်းကို ဇွန်းတဝက်ကို ရေတစ်ဖန်ခွက်တွင်ရော၍ တစ်ကိုယ်လုံးကို လိမ်းနိုင်သည်။ ထို့နောက် ရှာလကာရည်စွတ်ထားသော ဂွမ်းနှင့် ပွတ်ပေးပါ။
  • အမြစ်ပြတ်အောင် ၂ ပတ်တစ်ခါ ထပ်လိမ်းပေးပါ။
  • ဆယ်လီနီယမ်ဆာလ်ဖိုဒ် selenium sulfide (Whitfield’s ointment) ကိုလည်း လိမ်းနိုင်သည်။

အခြားအဖြူကွက်များ

နေပူထဲတွင် အချိန်ကြာ နေရသော အသားညိုသူများ၏ ပါးနှစ်ဖက်တွင် တွေ့ရတတ်သည်။ အနားများ ခပ်မှိန်မှိန်၊ ရောဂါပိုးကြောင့်မဟုတ်။ အန္တရာယ်မရှိ။ အရွယ်ရောက်လာလျှင် အလိုလို ပျောက်သွားမည်။ ဆပ်ပြာပြင်းပြင်းမသုံးပါနှင့်။ ဆီလိမ်းပေးနိုင်သည်။ ထွေထွေထူးထူးကုစရာမလို။

အထက်ပါ အဖြူကွက်များသည် သွေးအားနဲခြင်းနှင့် လုံးဝ မသက်ဆိုင်။ အားဆေးသောက်သော်လည်း မပျောက်နိုင်ပါ။ ပါးပြင်ရှိအဖြူစက်များကို ကုစရာမလို။

သတိပြုရန်။ ။ အဖြူရောင်အကွက်များသည် အနာကြီးရောဂါ၏ ကနဦးလက္ခဏာများ ဖြစ်သည်။ အဖြူဆွတ်ဆွတ် ဖြစ်မနေ၊ နာကျင်မှုမရှိ၊ ဆူးနှင့်ထိုးသော်လည်း ထုံနေမည် ဆိုပါက အနာကြီးရောဂါ သေချာသည်။ အနာကြီးရောဂါ ဖြစ်ပွားလေ့ရှိသည့် ဒေသဖြစ်ပါက သေချာစစ်ဆေးပါ။

ခရုသင်း Vitiligo

အချို့လူများသည် အရေပြားကို အရောင်ဖြစ်စေသော ဓာတ် ချို့ယွင်းသွားသောကြောင့် အရေပြားသည် ဖြူဆွတ်လာမည်။ လက်၊ ခြေထောက်၊ မျက်နှာနှင့် ကိုယ်ခန္ဓာအထက်ပိုင်းတွင် အဖြစ်များသည်။ ဤကဲ့သို့ ဖြစ်ခြင်းသည် ခရုသင်း vitiligo ဟုခေါ်သည်။ ရောဂါမဟုတ်ပါ။ အသက်ကြီးသူများ ဆံပင်ဖြူသွားသကဲ့သို့ပင်ဖြစ်သည်။ ကုစရာ ကုထုံးမရှိ။ နေမလောင်စေရန်သာ သတိထားရမည်။ အဝတ်နှင့် ဖုံးထားခြင်း၊ ဇင့်အောက်ဆိုဒ် zinc oxide ပါသောဆေးလိမ်းခြင်း စသည်တို့ဖြင့် နေရောင်၏ ဒဏ်မှ ကာကွယ်နိုင်သည်။ အရောင်ရှိသော လိမ်းဆေး တစ်မျိုးမျိုးလိမ်းကာ ဖြူဆွတ်ဆွတ် ခရုသင်းကို ဖျောက်ထားနိုင်သည်။

အရေပြားကို အဖြူကွက်ဖြစ်စေသော အခြားရောဂါများ

အချို့သောရောဂါများသည် ခရုသင်းကဲ့သို့ အသားအရေကို ဖြူဆွတ်ဆွတ် ဖြစ်စေသည်။ လက်တင်အမေရိက နိုင်ငံများတွင် ပင်တာ pinta ဟုခေါ်သော ရောဂါသည် အရေပြားတွင် အပြာ/အနီကွက်အနေနှင့် စပေါ်လာပြီး၊ အဖြူရောင်သို့ ပြောင်းသွားမည်။

ဘင်ဇာသင်းပင်နီဆလင် ယူနစ် ၂.၄ သန်း benzathine penicillin 2.4 million Units ကို တင်ပါးတွင် (တစ်ဖက်ကို ၁.၂ သန်း၊ နှစ်ဖက်) ထိုးပါ။ ပင်နီဆလင်နှင့်မတဲ့ပါက တက်ထရာဆိုက်ကလင်း tetracycline သို့မဟုတ် အရီဒြိုမိုင်ဆင် erythromycin ၅၀၀ မီလီဂရမ်ကို တစ်ရက် ၄ ကြိမ်သောက်ပါ။ ၁၅ ရက်ကြာသောက်ပါ။

အချို့သော မှိုရောဂါများ (ဥပမာ ညှင်း tinea versicolor) သည်လည်း အရေပြားကို ဖြူဖတ်ဖတ် အကွက်များ ဖြစ်စေသည်။

အစာအာဟာရ ချို့တဲ့သော ကလေးငယ်များတွင်လည်း အရေပြားတွင် အဖြူရောင်အကွက်များ ပေါ်တတ်သည်။ (kwashiorkor နှင့် pellagra တွင်ကြည့်)

ကိုယ်ဝန်ဆောင် မျက်နှာဖုံး mask of pregnancy

ကိုယ်ဝန်ဆောင်မိခင်များ၏ မျက်နှာ၊ သားမြတ်နှင့် ဝမ်းဗိုက်ပိုင်းများတွင် ရှိသော အသားအရေသည် အညိုရောင် အကွက်များ ပြောင်းသွားတတ်သည်။ ကလေးမွေးပြီး၊ ပျောက်သွားတတ်သည်။ သို့သော် တစ်ချို့ကလည်း ကျန်နေတတ်သည်။ ကိုယ်ဝန်တားဆေးသောက်ပါကလည်း ပျောက်သွားကြသည်။

ပုံမှန်ပင်ဖြစ်သည်။ ရောဂါမဟုတ်ပါ။ ဓာတ်ချို့ယွင်း၍လည်း မဟုတ်ပါ။ ကုစရာမလိုပါ။

ပယ်လက်ဂရာ pellagra နှင့် အစာအာဟာရချို့ယွင်းမှုကြောင့် ဖြစ်သော အရေပြားရောဂါများ

ပယ်လက်ဂရာ pellagra ရောဂါဆိုသည်မှာ အစာအာဟာရချို့တဲ့မှုကြောင့် အရေပြားတွင်၎င်း၊ တစ်ခါတစ်ရံ အစာလမ်းကြောင်းနှင့် အာရုံကြောများတွင်၎င်း ရောဂါလက္ခဏာများ ပြသော ရောဂါတစ်မျိုးဖြစ်သည်။ ကဆီဓာတ်များသော အစာ (ဥပမာ ပြောင်းဖူး maize or corn) ကိုသာ အဓိကအစားအစာ အဖြစ်စားသုံးကြပြီး၊ အသားဓာတ် (ပဲ၊ အသား၊ ငါး၊ ဥ) နှင့် ဗီတာမင် သက်စောင့်ဓာတ် (ဟင်းသီးဟင်းရွက်)များ လုံလောက်စွာ မစားကြ၊ မစားရသော ဒေသတွင် နေထိုင်နေကြသော လူများတွင် အများဆုံးတွေ့ရလေ့ရှိသည်။

လက္ခဏာများ

လူကြီးများတွင် အသားအရေခြောက်၊ ကွဲအက်၊ နေလောင်ခံထားရ သကဲ့သို့အရေခွံကွာ၊ အထူးသဖြင့် လက်မောင်း၊ ဂုတ်ပိုးနှင့် ခြေသလုံးသား

ကလေးများတွင် ခြေထောက်ရှိအသားများတွင် အညိုအမဲအကွက်များပေါ်လာမည်။ အရေခွံလှန်နေသော အနာများရှိမည်။ ခြေမျက်စိနှင့် ခြေထောက် ယောင်နေမည်

ခြေထောက်အရေပြားများ ညိုမဲနေမည်၊ အနာရှိမည်

ခြေမျက်စိနှင့် ခြေထောက် ယောင်နေမည်

ကုသခြင်း

အာဟာရရှိသော အစားအစာများကို စားပေးရမည်။ ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်၊ မြေပဲ၊ ကြက်သား၊ ငါး၊ ဥ၊ အသားနှင့် ဒိန်ခဲတို့ကို စားပေးရမည်။ တတ်နိုင်လျှင် ပြောင်းဖူးအစား ဂျုံ (whole wheat) ကိုအစားထိုး စားပါ။

ရောဂါပြင်းထန်ပါက ဗီတာမင်သက်စောင့်ဆေးများကို စားပေးနိုင်သည်။ သို့သော် အာဟာရမျှတသောအစာကို စားပေးခြင်းက ပိုအရေးကြီးသည်။ ဗီတာမင်အားဆေးများတွင် အဓိကအားဖြင့် ဗီတာမင် ဘီနှင့် နိုင်ယာစင် niacin ပါရှိပါစေ။ ဒေသထွက် ဘီယာတွင်လည်း ဗီတာမင် ဘီ ဓာတ် ကြွယ်ဝသည်။

ကောင်းမွန်စွာမစားခင်

1529အစာအာဟာရချို့တဲ့ခြင်းကြောင့် ခြေထောက်ယောင်နေခြင်းနှင့် အညိုအမဲကွက်များများတွေ့ရမည်။ ဤကလေးသည် ပရိုတိန်း အသားဓာတ်နှင့် ဗီတာမင် သက်စောင့်ဓာတ်ပါသော အစာများ မစားရပဲ၊ ပြောင်းဖူးတစ်မျိုးတည်းသာ စားရသည်။
1530 ပြောင်းဖူးအပြင် အသားဓာတ်ပါသော ပဲ၊ ဥတို့ကို တစ်ပတ်ကြာစားပြီးနောက်၊ ခြေထောက်အယောင်ကျသွားသည်၊ အညိုအမဲကွက်များ ပျောက်သွားသည်။

1531 မီးလောင်ကွက်ကဲ့သို့သော အနာပြင်ကြီးဖြစ်နေသည်မှာ ပယ်လက်ဂရာ pellagra ၏ လက္ခဏာတစ်ခုဖြစ်သည်။ အစာအာဟာရ ပြည့်စုံစွာမစားရသောကြောင့် ဖြစ်သည်။
1532 ခြေထောက်တွင် အဖြူကွက်ဖြစ်နေခြင်းမှာ ပင်တာ pinta ဟုခေါ်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။

ကြွက်နို့ warts (verrucae)

ကလေးများတွင် တွေ့ရလေ့ရှိသော ကြွက်နို့များသည် ဖြစ်ပြီး၊ ၃-၅ နှစ်ခန့်ကြာသောအခါ အလိုလို ပျောက်သွားလေ့ရှိသည်။ ခြေဖဝါးတွင်တွေ့ရလေ့ရှိသော ခပ်ပြားပြား ကြွက်နို့များသည် အလွန်နာကျင်စေသည်။ plantar warts ခြေဖဝါးကြွက်နို့ ဟုခေါ်သည်။

ကုသခြင်း

  • ဆေးမြီးတိုနည်းများနှင့်လည်း ပျောက်ကင်းတတ်သည်။ အက်ဆစ်ပြင်းနှင့် အဆိပ်ရှိသော အပင်များက ကြွက်နို့ထက် အသားကို ဒုက္ခပိုပေးနိုင်သဖြင့် မသုံးမိဖို့ အရေးကြီးသည်။
  • ခြေဖဝါးကြွက်နို့များကို ကျန်းမာရေးလုပ်သားများကသာ ဖယ်ရှားပေးနိုင်သည်။
  • လိင်အင်္ဂါနှင့် စအိုရှိ ကြွက်နို့များကို ကုရန် တွင်ကြည့်ပါ။

အသားမာ corns

အသားမာ ဆိုသည့်အတိုင်း ၎င်းနေရာရှိအသား မာနေ၊ ထူနေမည်။ ဖိနပ်နှင့် ခြေထောက်ပွတ်ထိမိသည့် အပိုင်းတွင် ဖြစ်လေ့ရှိသည်။ နာကျင်တတ်သည်။

ကုသခြင်း

  • အသားမာကို မဖိမိသော ဖိနပ်ကို စီးပါ။
  • အသားမာများ ပျော့သွားအောင် အောက်ပါတို့ကို လုပ်ပါ။
1534 ၁။ ခြေထောက်ကို ရေနွေးတွင် ၁၅ မိနစ်ကြာ စိမ်ပါ။
1535 ၂။ ခြေထောက်တိုက်သော တံစဉ်းနှင့် အသားမာကို ပါးသွားအောင် တိုက်ပေးပါ။
1536 ၃။ ခြေချောင်းကြား ပွတ်တိုက်မှုနဲအောင် နူးညံ့သော အဝတ်လိပ်နှင့် ခုခံပေးပါ။ အသားမာကို အုပ်ရန်လိုပါက အကွင်းဖော်ဝိုက်ပေးပါ။

ဝက်ခြံ pimples and blackhead (acne)

လူငယ်အများစုတွင် အဆီပြန်သောနေရာများဖြစ်သည့် မျက်နှာ၊ ရင်ဘတ်နှင့် ကျောကုန်းများတွင် ဝက်ခြံပေါက်လေ့ ရှိသည်။ ဝက်ခြံအသေး၊ ထိပ်တွင် အဖြူရောင် အဆီခဲနှင့်ဆိုလျှင် pimple ဟုခေါ်ပြီး၊ ဖုန်မှုန့်နှင့်ဆိုလျှင် blackheads ဟုခေါ်သည်။ တစ်ခါတစ်ရံ ကြီးလာတတ်ပြီး၊ အနာဖြစ်သွားတတ်သည်။

ကုသခြင်း

  • ဆပ်ပြာ၊ ရေနွေးဖြင့် တစ်ရက် ၂ ခါ မျက်နှာသစ်ပါ။
  • ၂ ရက်တစ်ခါ ခေါင်းလျှော်ပါ။
  • နေရောင်သည် ဝက်ခြံများကို ပျောက်စေသည်။ ဝက်ခြံပေါက်သောနေရာများတွင် နေရောင်လှန်း၊ နေရောင်ခံပေးပါ။
  • ကောင်းကောင်းစား၊ ရေများများသောက်ပါ။ အိပ်ရေးဝပါစေ။
  • အဆီပါသော မျက်နှာလိမ်းဆီ၊ ခေါင်းလိမ်းဆီများ မသုံးပါနှင့်။
  • အိပ်ခါနီး မျက်နှာကို (အရက် ၁၀ ဆ၊ ဆာလ်ဖာ ၁ ဆရောထားသော) အရည်ဖြင့် လိမ်း၍ အိပ်ပါ။
  • ပြည်ရှိလာလျှင်၎င်း၊ ဝက်ခြံဖုကြီးလာလျှင်၎င်း၊ အထက်ပါအတိုင်း မသက်သာလျှင်၎င်း၊ တက်ထရာဆိုက်ကလင်း tetracycline တစ်တောင့်၊ တစ်ရက် ၄ ကြိမ်၊ ၃ ရက်ဆက်သောက်ပါ။ ပြီးလျှင် နေ့စဉ် ၂ တောင့် တစ်လခန့်သောက်ပါ။

အရေပြားကင်ဆာ cancer of the skin

နေရောင်ထဲတွင် အမြဲသွားလာလှုပ်ရှားရသော အသားဖြူသည့်သူများတွင် အဖြစ်များသည်။ နေရောင်ခြည် အထိခံရဆုံးသော အရေပြားနေရာတွင် ဖြစ်လေ့ရှိသည်။

1538

အရေပြားကင်ဆာသည် ပုံစံအမျိုးမျိုးနှင့် ရှိနေတတ်သည်။ အလယ်တွင် ချိုင့်နေသော ပုလဲဖြူရောင် အကွက်နှင့် စသည်။ တဖြည်းဖြည်းကြီးလာမည်။

အချိန်မီကုပါက အန္တရာယ်မရှိပါ။ ခွဲစိပ်ဖယ်ရှားရန်လိုသည်။ အရေပြားအနာတစ်ခု ကြာကြာနှင့် မပျောက်ပါက ကျန်းမာရေးဌာန တစ်ခုသို့ သွားပြသင့်သည်။

ကာကွယ်ရန်

အသားဖြူသူများ နေရောင်ထဲ ကြာကြာမနေရ။ နေရောင်ထဲသွားရမည်ဆိုလျှင် နေရောင်တိုက်ရိုက်မထိရန် အဝတ် လုံလုံဝတ်သွားပါ၊ ဦးထုပ်ဆောင်းပါ။ မလွဲမရှောင် နေပူထဲ အလုပ်လုပ်ရမည် ဆိုပါက နေရောင်ဒဏ်ခံနိုင်သော အရေပြားလိမ်းဆေးတစ်မျိုးမျိုးလိမ်းပါ။ ဇင့်အောက်ဆိုဒ် zinc oxide သည် ဈေးအသက်သာဆုံးနှင့် အကောင်းဆုံးဖြစ်သည်။

အရေပြားတီဘီ tuberculosis of the skin and lymph nodes

အဆုပ်တီဘီကို ဖြစ်စေသော ပိုးကြောင့်ပင်ဖြစ်သည်။

1539

အရေပြားတီဘီသည် တစ်ဖြည်းဖြည်းချင်းဖြစ်လာပြီး၊ နာတာရှည်မည်၊ လနှစ်ချီကာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေမည်။

သားငန်ရည်အကျိတ်များတွင်လည်း တီဘီ ဖြစ်တတ်သည်။ လည်ပင်း၊ ညှပ်ရိုးနောက်၊ လည်ပင်းနှင့် ပုခုံးကြားနေရာ စသည်တို့တွင် ဖြစ်သည်။ အဖုသည် တစ်ဖြည်းဖြည်းကြီးလာမည်၊ ပေါက်ထွက်သွားပြီး၊ ပြည်ထွက်လာမည်။ အပေါက်ပြန်ပိတ်သွားမည်။ တစ်ဖန် ပြန်ပေါက်၊ ပြည်ထွက်လာမည်။ များသောအားဖြင့် နာကျင်မှုမရှိ

ကုသခြင်း

သားငန်ရည်အကျိတ်များ နာတာရှည် အနာဖြစ်၊ ပြည်ပေါက်ထွက်၊ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပါက ကျန်းမာရေးဌာနသို့ ပြရမည်။ ရောဂါသိအောင် သွေးစစ်ရန်လိုမည်။ အဆုပ်တီဘီကဲ့သို့ပင် ဆေးသောက်ကုရမည်။ ရောဂါအမြစ်ပြတ်အောင် ဆေးကို လချီစွဲသောက်ရန် လိုသည်။

အရေပြားနီခြင်း erysipelas နှင့် အရေပြားယောင်ခြင်း and cellulitis

အရေပြားနီခြင်း erysipelas (St. Anthony’s fire) သည် အရေပြားပိုးဝင်ခြင်းတစ်မျိုးဖြစ်ပြီး၊ အလွန်နာကျင်သည်။ အနာနေရာသည် ပူနေမည်၊ နီရဲနေမည်၊ အနားများ ထင်ရှားမည်။ ဘေးသို့ လျင်လျင်မြန်မြန် ပြန့်သွားမည်။ မျက်နှာနှင့် နှာခေါင်းတို့တွင် ဖြစ်လေ့ရှိသည်။ သားငန်ရည်အကျိတ်များယောင်မည်၊ ကိုယ်ပူမည်၊ ချမ်းတုန်မည်။

အရေပြားယောင်ခြင်း cellulitis သည်လည်း အရေပြားကို ပိုးဝင်ခြင်းပင်ဖြစ်ပြီး၊ အလွန်နာသည်။ ခန္ဓာကိုယ်မည်သည့် နေရာတွင်မဆို ဖြစ်နိုင်သည်။ အရေပြားတွန့်ခေါက်သည့် နေရာများတွင် ဖြစ်လေ့ရှိသည်။ အရေပြားအောက် ခပ်နက်နက်ထိ ပိုးက ပြန့်နေသည်။ အနာ၏ အနားသတ်များ မထင်ရှားပါ။

ကုသခြင်း

ရောဂါ ၂ ခုလုံးကို ချက်ချင်းကုရန်လိုသည်။ ပင်နီဆလင် သောက်ဆေး ၄ သိန်းအား penicillin tablets 400,000 units ကို တစက်ရက် ၄ ကြိမ် သောက်ပါ။ ပိုဆိုးပါက ပရိုကိန်း ပင်နီဆလင် ထိုးဆေး ၈ သိန်းအား injectable procaine penicillin 800,000 units ကို နေ့စဉ်ထိုးပါ။ ရောဂါလက္ခဏာများပျောက်ပြီး၊ ဆေးကို ၂ ရက်ထပ်သောက်၊ ထပ်ထိုးပါ။ အနာသက်သာရန် အကိုက်အခဲပျောက်ဆေး အက်စပရင် aspirin သောက်ပါ၊ ရေနွေးကြပ်ထိုးပါ။

အသားပုပ်ခြင်း gangrene (gas gangrene)

ဒဏ်ရာထဲ ပိုးဝင်ခြင်း၏အလွန်အန္တရာယ်ရှိသော အခြေအနေတစ်ရပ်ဟု ဆိုရမည်။ အနံ့နံသည့် ညိုပုပ်ပုပ်အရည်များ ထွက်မည်။ အနာဘေးအရေပြားတွင် အမဲရောင် အရည်ကြည်ဖုများ ဖြစ်နေမည်။ အသားမှ လေပူဖောင်းများ စီနေမည်။ ဒဏ်ရာရပြီး၊ ၆ နာရီမှ ၃ ရက်အတွင်း ပိုးဝင်သည်ဟု ခန့်မှန်းနိုင်သည်။ မြန်မြန်ကြီး ဆိုးရွားလာပြီး၊ လျင်လျင်မြန်မြန် ပြန့်သွားမည်။ မကုသပါက ရက်ပိုင်းအတွင်း အသက်ဆုံးရှုံးမည်။

ကုသခြင်း

အနာကို ခပ်ကျယ်ကျယ် ဖွင့်ဟထားပေးပါ။ ရေကျက်အေး၊ ဆပ်ပြာတို့နှင့် ဆေးကျောပါ။ ပုပ်နေသောအသားစများကို ဖယ်ရှားပါ။ ဖြစ်နိုင်ပါက ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ် hydrogen peroxide အရည်နှင့် ၂ နာရီခြားတစ်ခါ ဆေးပေးပါ။

ပင်နီဆလင် တစ်သန်းအား crystalline penicillin 1,000,000 units ကို ၃ နာရီခြား တစ်ခါ ထိုးပေးပါ။

အနာကို လေသလပ်ခံထားပါ။ ဆေးခန်းသို့ အမြန်သွားပါ။

သွေးလည်ပတ်မှုမကောင်းသောကြောင့် ဖြစ်သော အရေပြားရောဂါများ

ခပ်ကြီးကြီး အရေပြားအနာများဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။ သို့သော် ခြေထောက်သွေးကြောများ ထုံးနေသော အသက်ကြီးကြီးအမျိုးသမီးများ ခြေကျင်းဝတ်တွင် နာတာရှည်အနာ ဖြစ်လျှင် သွေးလည်ပတ်မှု မကောင်းသောကြောင့်ဟု ဆိုနိုင်သည်။ ခြေထောက်တွင် သွေးကောင်းစွာ မလျှောက်တော့။ ၎င်းအနာများ ပိုပိုကြီး လာတတ်သည်။ အနာဘေးရှိ အရေပြားမှာ အပြာရောင်သို့ပြောင်းနေပြီး၊ ပြောင်ချောနေကာ ပါးလျနေမည်။ ခြေထောက်က ယောင်နေမည်။

ကုသခြင်း

အနာကျက် အလွန်နှေးသည်။ ကောင်းကောင်းဂရုစိုက်မှသာ တော်ရုံကျမည်။ အရေးကြီးဆုံးမှာ တတ်နိုင်သလောက် ခြေထောက်ကို မြင့်မြင့်မြောက်ထားပါ။ ခြေထောက်ကို ခေါင်းအုံးပေါ်တင်၍ အိပ်ပါ။ နေခင်းဘက်တွင် ၁၅-၂၀ မိနစ်လျှင်တစ်ခါ ခြေထောက်ကို မြင့်မြင့်မြောက်လျှက် နေပါ။ လမ်းလျှောက်ခြင်းကလည်း သွေးလည်ပတ်မှုကို ကောင်းစေသည်။ သို့သော် ကြာကြာရပ်နေလျှင်သော်၎င်း၊ ခြေထောက်တွဲလောင်းချလျှက် ထိုင်လျှင်သော်၎င်း သွေးလည်ပတ်မှုကို မကောင်းစေသဖြင့် အန္တရာယ်ရှိသည်။

အနာနေရာတွင် (ဆား တစ်ဇွန်းကို ရေနွေး တစ်လီတာနှင့်ရော၍) ဆားငန်ရည် ရေနွေးကြပ်ပူထိုးပေးပါ။ အနာကို ပိုးသတ်ထားသော ပတ်တီး သို့မဟုတ် အဝတ်သန့်သန့်နှင့် ခပ်လျော့လျော့ ပတ်စီးထားပါ။ သန့်သန့်ရှင်းရှင်း ထားပါ။

သွေးကြောထုံးများကို တွန့်ရှုံ့ခြေအိတ် သို့မဟုတ် ပတ်တီး elastic bandage နှင့် စည်းပေးပါ။ အနာကျက်ပြီးသည်အထိ စည်းပေးထားပါ၊ ခြေထောက်ကို မြင့်မြင့်မြောက်ထားပါ။ အနာဖေးကို မကုတ်ခြစ်မိအောင်၊ ဒဏ်ရာထပ်မရအောင် သတိပြုပါ။

အနာကို ပျားရည်၊ သကြားတို့ဖြင့်လည်း ကုနိုင်သည်။

အရေပြားအနာမဖြစ်အောင် သွေးကြောထုံးများကို ဂရုစိုက်ပါ။

အိပ်ရာပူလောင်အနာ bed sores (pressure sores)

အိပ်ရာထက်တွင် မလူးလိမ့်နိုင်သည်အထိ အပြင်းဖျားနေသောသူများတွင် အချိန်ကြာလာပါက အိပ်ရာပူလောင်အနာများ ဖြစ်လာမည်။ အထူးသဖြင့် ပိန်ပိန်၊ အားအင်ချိနဲ့သော အသက်ကြီးလူနာများတွင် အဖြစ်များသည်။ အိပ်ရာနှင့် ဖိမိလေ့ရှိသော အရိုးငေါထွက်နေသော အပိုင်းတွင် ဖြစ်လေ့ရှိသည်။ တင်ပါးရိုး၊ ကျောရိုး၊ ပုခုံး၊ တံတောင်ဆစ်နှင့် ခြေထောက်နေရာများသည် အဖြစ်အများဆုံ ဖြစ်သည်။

1546

ကာကွယ်ခြင်း

  • တစ်နာရီခြား တစ်ခါ လူနာကို လှည့်ပေးပါ။ မှောက်လျှက်၊ လှန်လျှက်၊ ဘေးနှစ်ဘက် လှည့်ပေးပါ။
  • နေ့စဉ်ရေချိုးပေးပါ။ မွေးကင်းစကလေးများသုံးသည့် အရေပြားလိမ်းဆီနှင့် လိမ်းပေးပါ။
  • နူးညံ့သော အိပ်ယာနှင့် ခေါင်းအုံး၊ ဖက်လုံးတို့နှင့် အိပ်ပါစေ။ အိပ်ရာခင်းကို နေ့စဉ်လဲပေးပါ။ ဆီး၊ ဝမ်း၊ အန်ဖတ်တို့ ပေကျန်သွားတိုင်းလည်း လဲပေးပါ။
  • အရိုးနှင့် ထိသောအပိုင်းတို့ကို ခေါင်းအုံးသေးများနှင့် ခုပေး၊ ခံပေးပါ။
  • အစာများကို ပုံမှန်ကျွေးမြဲကျွေးပေးပါ။ အစားပျက်ပါက ဗီတာမင်အားဆေးနှင့် သံဓာတ်အားဆေးတိုက်ပါ။
  • နာတာရှည်ဖျားနေသော ကလေးများကို အမေ၏ ပေါင်ပေါ်တွင် ပွေ့ချီပေးပါ၊ သိပ်ပေးပါ။
  • 1547

    ကုသခြင်း

  • အထက်ပါနည်းအတိုင်း ပြုစုပါ။
  • အိပ်ရာပူအနာကို ဆပ်ပြာ၊ ရေကျက်အေးနှင့် တစ်ရက် ၃ ခါ ဆေးပေးပါ။ ကွာနေသော အရေပြားများကို ဖယ်ရှားပေးပါ။ ရေကျက်အေးနှင့် နိုင်နိုင်ဆေးပါ။
  • အနာမြန်မြန်ကျက်စေရန်နှင့် ပိုးမဝင်စေရန်၊ အနာကို ပျားရည်နှင့် သကြားရောထားသော အရည်ပျစ်ပျစ်နှင့် ဖုံး၊ ဖို့ပေးပါ။ တစ်ရက် ၂ ခါ ဆေးကြောပြီး၊ အထက်ပါအရည်ပျစ်ပျစ်နှင့် လိမ်းပေးပါ။ ပျားရည်နှင့် သကြားရောထားသော အရည်ကို ခပ်ထူထူလိမ်းပေးရန် အရေးကြီးသည်။ ပါးပါက ရောဂါပိုးများကို အားပေးသလို ဖြစ်နေမည်။
  • မွေးကင်းစ ကလေးငယ်များတွင် ဖြစ်သော အရေပြားရောဂါများ

    သေးခံအဝတ် အပူလောင်ခြင်း Diaper Rash

    သေးခံအဝတ်ရှိ ကလေး၏ ဆီးကြောင့် ပေါင်ကြားနှင့် တင်ပါးတစ်ဝိုက် အရေပြားနီနေတတ်သည်။

    တုံးလုံးနေပါစေ။

    1549

    ကုသခြင်း

    ဆပ်ပြာပျော့ပျော့၊ ရေနွေးနှင့် နေ့စဉ် ရေချိုးပေးပါ။ ခြောက်ခြောက်သွေ့သွေ့ထားပါ။

    အပူလောင်ခြင်းကို ကုရန် ကလေးကို တုံးလုံးထားပါ။ သေးခံ မဝတ်ပေးပါနှင့်၊ နေပူဆာလှုံပေးပါ။

    သေးခံသုံးမည်ဆိုပါက မကြာခဏ လဲပေးပါ။ သေးခံအဝတ်ကို လျှော်ပြီးပါက၊ ရှာလကာရည်နှင့် ထပ်မံဆေးပေးပါ။

    ပေါင်ဒါမသုံးပါနှင့်၊ အပူလောင်ခြင်း ပျောက်ကင်းသွားမှသာ သုံးပါ။

    ဘောက် dandruff (cradle cap, seborrhea)

    ဘောက်ဟုခေါ်သော အဖြူဖတ်များကို ဦးရေပြား၊ ပါးပြင်၊ နဖူး၊ မျက်ခုံး၊ နှာခေါင်းနှင့် နားတို့တွင် တွေ့ရတတ်သည်။ အရေပြားသည် နီနေမည်၊ ယားမည်။ မွေးကင်းစကလေးများကို ခေါင်းမလျှော်ပေးလျှင်၊ ခေါင်းကို အမြဲ ဦးထုပ်ဆောင်းပေး ထားလျှင် ဘောက်များထွက်လာတတ်သည်။ အိပ်ချ်အိုင်ဗွီ HIV ဝေဒနာရှင်များတွင်လည်း ဘောက်ထွက်နေတတ်သည်။

    ကုသခြင်း

    1551

    နေ့စဉ်ခေါင်းလျှော်ပါ။ ဆေးဆပ်ပြာရှိလျှင် ပိုကောင်းသည်။ ရိုရိုးဆပ်ပြာနှင့်လည်း လျှော်နိုင်သည်။

    ဘောက်များကို ကုတ်ခြစ်၍ ဖယ်ပေးပါ။ ဘောက်အဖတ်များ ခွာရလွယ်အောင် ရေနွေးစိမ်ထားသော အဝတ်နှင့် ခဏပါတ်စည်းပေးပါ။

    ဦးထုပ် ဆောင်းမပေးပါနှင့်၊

    ဦးထုပ် ဆောင်းမပေးပါနှင့်၊ လေသလပ်ခံပေးပါ၊ နေရောင်ရအောင်လုပ်ပေးပါ။

    ပိုးဝင်သည့် လက္ခဏာများတွေ့ရပါက၊ အင်ပက်တီကို impetigo ကုထုံးအတိုင်းကုပေးပါ။

    နှင်းခူ (အနီရောင် အရည်ကြည်ဖု အဖတ်များ) eczema (red patches with little blisters)

    လက္ခဏာများ

  • ကလေးငယ်များ၏ ပါးပြင်၊ လက်မောင်းနှင့် လက်များတွင် အနီရောင် အဖတ်များ အဖြစ်တွေ့ရမည်။ အနာသေးသေးလေးများနှင့် အရည်ကြည်ဖုတို့ကို ထိုအနီဖတ်များကြားတွင် တွေ့ရမည်။ အရည်များနှင့် တစိုစိုဖြစ်နေတတ်သည်။
  • အသက်ကြီးသူများတွင်မူ နှင်းခူကို ခပ်ခြောက်ခြောက် အနီဖတ်အဖြစ် တွေ့ရမည်။ ဒူးခေါင်းနှင့် တံတောင်ဆစ် အတွင်းသားများတွင် တွေ့ရမည်။
  • ပိုးမရှိတတ်၊ ဓာတ်မတဲ့၍ ထွက်သည့် အနီပြင်နှင့် ပိုတူသည်။
  • ကုသခြင်း

  • အနီပြင်ပေါ်ကို ရေအေးအဝတ်နှင့် ကြပ်ထိုးပေးပါ။
  • ပိုးဝင်သည့် လက္ခဏာများတွေ့ရပါက၊ အင်ပက်တီကို impetigo ကုထုံးအတိုင်းကုပေးပါ။
  • နေရောင်ထိပါစေ။ နေလှန်းပေးပါ။
  • ပိုဆိုးလာပါကကော်တီဆုန်း cortisone (cortico steroid) လိမ်းဆေး လိမ်းပေးပါ။ ဆေးခန်းပြပါ။
  • ဆိုရီရေးစစ်စ် Psoriasis

    အနီ (တခါတရံ အပြာ)ရောင် အရေပြားပေါ်တွင် ရှိသော ထူထူကြမ်းကြမ်း အဖြူရောင် (ငွေရောင်) အရေပြား အဖတ်ကို ခေါ်သည်။ ပုံတွင်ပြထားသော နေရာများတွင် ဖြစ်တတ်သည်။

    နာတာရှည် ဖြစ်နေမည်။ ပျောက်ပြီး၊ ပြန်ပေါ်တတ်သည်။ ရောဂါပိုးကြောင့်မဟုတ်၊ အန္တရာယ်မရှိပါ။

    ကုသခြင်း

    ဖြစ်သည့်နေရာကို နေလှန်းပေးခြင်းက အကောင်းဆုံးဖြစ်သည်။

    ပင်လယ် ဆားငန်ရေ စိမ်လျှင်လည်း ရသည်။

    ဆေးခန်းပြရန် လိုလိမ့်မည်။ ရေရှည် ကုရမည်။