home

အခန်း (၂၃) ဆေးသေတ္တာ



ခေါင်းစဉ်များ


2301

အိမ်တိုင်း၊ ရွာတိုင်းတွင် အရေးပေါ်အသုံးပြုရန် ဆေးများ ကြိုတင်ဆောင်ထားသင့်သည်။

  • အိမ်တိုင်းတွင် ရှေးဦးသူနာပြုစုခြင်းအတွက်နှင့်၊ အဖြစ်များသော ရောဂါများအတွက် ပဋိဇီဝ ပိုးသတ်ဆေးများနှင့် အခြားဆေးများကို မိသားစုသုံး ဆေးသေတ္တာ (မိသားစုသုံး ဆေးသေတ္တာ တွင် ရှု ) တွင် ဆောင်ထား သင့်သည်။
  • ကျေးရွာတိုင်းတွင်လည်း အလားတူ ဆေးသေတ္တာများကို ပိုမိုပြည့်စုံသော ဆေးအမယ်များနှင့် အသင့် ဆောင်ထားသင့်သည်။ (ကျေးရွာသုံး ဆေးသေတ္တာ တွင် ရှု ) နေ့စဉ်သုံးဆေးဝါးများ၊ ရောဂါဆိုးများအတွက် ဆေးများ၊ အရေးပေါ်ဆေးများ စသည်ဖြင့် ဆောင်ထားမည်။ ကျေးရွားလူထုက အားထားရသော ရွာသားတစ်ဦး (ကျန်းမာရေးဝန်ထမ်းသော်၎င်း၊ ကျောင်းဆရာ/ ဆရာမသော်၎င်း၊ မိဘတစ်ဦးကသော်၎င်း၊) တာဝန်ယူ ဦးစီးရမည်။ ဖြစ်နိုင်ပါက တရွာလုံးကို ကျေးရွာသုံး ဆေးသေတ္တာထားရှိမည့် အစီအစဉ်ကို ချပြပြီး၊ လုပ်ထုံးလုပ်နည်းများကို သဘောတူညီမှုရယူထားရမည်။ ပိုတတ်နိုင်သူများက အလှူငွေပိုထည့်နိုင်သည်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ရွာသူရွာသား အားလုံး၏ ကျန်းမာရေးအတွက် ဖြစ်သည်ကို သဘောပေါက်အောင် ရှင်းပြထားရမည်။

နောက်စာမျက်နှာများတွင် မည်သည့်ဆေးများကို ဆေးသေတ္တာတွင် ဆောင်ထားရမည်ကို ရှင်းပြထားသည်။ မိမိ၏ ဒေသတွင် အဖြစ်များသော ရောဂါများအပေါ်မူတည်ကာ ပြောင်းလဲနိုင်သည်။ ဖြည့်စွက်နိုင်သည်။ အစွမ်းထက်သည့် ဒေသသုံး ဆေးမြီးတိုများ ကိုလည်း ထပ်ဖြည့်နိုင်သည်။

ဆေး အရေအတွက် မည်မျှ ဆောင်ထားမည်နည်း

တတ်နိုင်သမျှ အနည်းဆုံး အရေအတွက်ကိုသာ ဆောင်ထားရန်လိုသည်။ အချို့ဆေးများဆိုလျှင် ကနဦးကုသရန် အတွက် လိုအပ်သော ဆေးအရေအတွက်သာ ရှိရန် လိုအပ်သည်။ အဆိုပါ လူနာများသည် ဆေးရုံသို့ လွဲပြောင်းကုသမှသာ သင့်တော်မည် ဖြစ်သောကြောင့် ဖြစ်သည်။

တစ်နည်းအားဖြင့် တစ်ခါကုသလှျှင် လိုအပ်သော အရေအတွက်၊ ကုပေးရတတ်သော လူနာဦးရေနှင့်၊ ကုန်သွားသော ဆေးဝါးများ ပြန်လည် ဖြည့်တင်းရန် သွားရောက် ယူဆောင်ဝယ်ယူရမည့် နေရာနှင့် အကွာအဝေးတို့ အပေါ် မူတည်၍ ဆောင်ထားရမည်။ ဆေး၏တန်ဖိုးနှင့် ကျေးရွာက မည်မျှတတ်နိုင်သည်ပေါ်လည်း မူတည်မည်။ အချို့သောဆေးများသည် စျေးကြီးကောင်းကြီးမည်၊ သို့သော် အရေးပေါ်အခြေအနေအတွက် ဆောင်ထားရမည်။

သားဖွားဆရာမများနှင့် ကိုယ်ဝန်သည်များအတွက် ကလေးမွေးရန်လိုအပ်မည့် ဆေးနှင့် ပစ္စည်းများစာရင်းကိုဤနေရာတွင် ကြည့်နိုင်သည်။

ဆေးသေတ္တာကို မည်ကဲ့သို့ ဂရုစိုက်ရမည်နည်း

  1. ကလေးများ လက်လှမ်းမမှီနိုင်သော နေရာတွင် ထားပါ။ မည်သည့်ဆေးမဆို ပမာဏများများ သောက်မိပါက အသက် အန္တရာယ် ရှိသည်။
  2. ဆေးအမည်၊ အညွှန်၊ အသုံးပြုပုံတို့ကို ဆေးပုလင်းတိုင်းတွင် မြင်သာအောင် ကပ်ထားရမည်။ ဤစာအုပ်ကို ဆေးသေတ္တာနှင့် အတူ ထားသင့်သည်။
  3. ဆေးများကို အေး၍ သန့်ရှင်းခြောက်သွေ့သော နေရာတွင် ထားရမည်။ ကြွက်၊ ပိုးဟပ်တို့၏ ရန်မှ ကာကွယ်ထားရမည်။ ဆေးကုရာတွင် သုံးသည့် ကိရိယာတန်ဆာများ၊ ဝါဂွမ်း ပတ်တီးများကို ပုလတ်စတစ်အိပ်တွင် အလုံပိတ် ထည့်ထားရမည်။
  4. အရေးပေါ်လူနာများအတွက် သုံးလေ့ရှိသော ဆေးဝါးများကို ယူရလွယ်သော နေရာတွင် ထားရမည်။ အရေးပေါ်ဆေးများ သုံးမိပါက ချက်ချင်း ပြန်လည် ဖြည့်တင်းရမည်။
  5. ဆေးများ၏ အာနိသင် ရက်လွန် မလွန် ဂရုပြုပါ။ ရက်လွန်လျှင်သော်၎င်း၊ ပျက်ဆီးလျှင်သော်၎င်း အဆိုပါဆေးများကို ဖျက်ဆီးပစ်ပါ။ အသစ်နှင့် ပြန်အစားထိုးပါ။

မှတ်ချက်။ ။ ရက်လွန်နေသော ဆေးအချို့ ဥပမာ တက်ထရာဆိုက်ကလင်း tetracycline ကဲ့သို့သော ဆေးများကို သောက်ပါက အန္တရာယ်ရှိသည်။ သို့ရာတွင် ဆေးမှုန့်အခြောက်အဖြစ် ရှိသော ပင်နီဆလင် penicillin ကဲ့သို့သော ဆေးများတွင်မူ တစ်နှစ်ခန့် ရက်လွန်သွားသော်လည်း၊ အေး၍ သန့်ရှင်းခြောက်သွေ့သော နေရာတွင် ထားထားပါက ဆေးအာနိသင် ကျန်သေး သဖြင့် သောက်သုံးနိုင်သည်။ ဆေးအာနိသင် အနည်းငယ်လျော့နေတတ်၍၊ ဆေးပမာဏကို တိုးကာ သောက်သုံးနိုင်သည်။ (သတိပြုရန်၊ ၊ ဤအချက်သည် ပင်နီဆလင် အတွက်သာ အကျုံးဝင်သည်။ ရက်လွန်နေသော အခြားဆေးများ၏ ဆေးပမာဏကို တိုးကာ အလားတူ မသောက်သုံးရ။)

ဆေးများကို ကလေးများ လက်လှမ်းမမှီနိုင်သော နေရာတွင် ထားပါ။

ဆေးသေတ္တာအတွက် ဆေးဝယ်ယူခြင်း

ဤစာအုပ်တွင် ဖော်ပြထားသော ဆေးအများစုကို ဆေးဆိုင်အတော်များများတွင် ဝယ်ယူရရှိနိုင်ပါသည်။ မိသားစုများ စု၍ဝယ်လျှင် လက်ကားဆေးနှင့် ရနိုင်သဖြင့် ဈေးသက်သာမည်။ လက်လီဆိုင်များထက် ပင်ရင်းဆိုင်များတွင် ဝယ်ပါကလည်း ဈေးသက်သာမည်။

မိမိအလိုရှိသော တံဆိပ်မရပါက အခြားတံဆိပ်ကို ဝယ်နိုင်သည်။ ဆေး၏ ပါဝင်မှုပမာဏကိုမူ စစ်ဆေးရမည်။

ဆေးဝယ်လျှင် ဈေးနှုန်းကို မလဲမသွေ စစ်ကြစမြဲပင်။ အချို့ဆေးများက ပါဝင်မှုပမာဏ တူသော်လည်း ဈေးကြီးနေတတ်သည်။ ဈေးကြီးတိုင်း အရည်အသွေးပိုကောင်းသည်ဟု မဆိုနိုင်ပေ။ ကုမ္ပဏီနာမည်နှင့် ဆေးသည် မူရင်းဆေး အမည်နှင့် ဆေးထက် ဈေးပိုကြီးတတ်သည်။ ပမာဏများများဝယ်ယူပါက ဈေးပိုပေါတတ်သည်။ ဥပမာ ၆၀၀၀၀၀ ယူနစ် ပင်နီဆလင်သည် ၃၀၀၀၀၀ ယူနစ်အား ပင်နီဆလင်ထက် ဆေးအနည်းငယ်မျှသာပိုသဖြင့်၊ ပမာဏများသည်ကို ဝယ်၍ နှစ်ယောက်စာ သုံးနိုင်သည်။

မိသားစုသုံး ဆေးသေတ္တာ

မိသားစုသုံး ဆေးသေတ္တာတစ်ခုတွင် အောက်ပါဆေးဝါးများ ဆောင်ထားသင့်သည်။ ဖြစ်လေ့ရှိသော ရောဂါ အတော်များများကို ကုသနိုင်မည်။

ဒေသသုံး ဆေးမြီးတိုများကိုလည်း ဆောင်ထားနိုင်သည်။

လိုအပ်သော ပစ္စည်းများ တန်ဘိုးငွေ အရေအတွက်
ထိခိုက် ဒဏ်ရာ နှင့် အရေပြားရောဂါများအတွက်
လက်တွင် စွပ်ရန် ပလပ်စတစ် (သို့) ရော်ဘာ လက်အိတ်၊ (သို့) ပလပ်စတစ်အိတ် အိတ်သေး တစ် အိတ်စာ
ပိုးသတ်ထားသော ပတ်တီးစ (လေလုံအောင်ပိတ်ထားသော အိတ်တွင် သိမ်းထားရမည်) 20
၁ လက်မ၊ ၂ လက်မ၊ ၃ လက်မ ပတ်တီးလိပ် ၂ ခုစီ
ဝါဂွမ်းသန့်သန့် အိတ်သေး တစ် အိတ်စာ
၁ လက်မ(အကျယ်) အနာကပ် ပလပ်စတာလိပ် ၂ လိပ်
ဆပ်ပြာ (ပိုးသတ်ဆေးပါသော ဆပ်ပြာကာဘောလိပ် ဆပ်ပြာ) ၁ တုံး
အရက်ပြန် (၇၀% ပြင်းအားရှိသော) လီတာ တစ်စိတ် (တစ်လီတာ ရေသန့်ဗူး၏ လေးပုံ တစ်ပုံ)
ဟိုက်ဒြိုဂျင် ပါအောက်ဆိုဒ် (အနက်ရောင် ပုလင်းထဲတွင် ထည့်ထားပါ။ ပုလင်း အကြည်တွင် မသိမ်းရ။) ပုလင်းသေး တစ် ပုလင်း
ဗက်ဆယ်လင်း Vaseline ဂျယ်လီ (ဗူး သို့မဟုတ် အတောင့်) 1
ရှာလကာရည် (White Vinegar) လီတာ တစ်ဝက် (တစ်လီတာ ရေသန့်ဗူး တစ်ဝက်)
ကန့် (Sulfur) ၁၀၀ ဂရမ်
ကပ်ကြေး (သံချေး မတက်သော၊ သန့်ရှင်းသော) ၁ စုံ
ဇာဂနာ (tweezers) ၁ စုံ
ကိုယ်အပူချိန်တိုင်းရန်
ကိုယ်အပူချိန်တိုင်း ပြဒါးတိုင်
ပါးစပ်တွင်းထည့်တိုင်းရန် နှင့်
စအိုတွင်းထည့်တိုင်းရန်
၁ ခုစီ
ပစ္စည်းများ သန့်ရှင်းစွာ ထုပ်ပိုးနိုင်ရန်
ပလပ်စတစ်အိတ် ခပ်များများ ဆောင်ထားပါ။

ဆေးဝါးများ

ဆေးဝါးအမည် ဒေသတွင်း ရနိုင်သော တံဆိပ် တန်ဘိုးငွေ အရေအတွက်
ဘက်တီးရီးယားပိုးသတ်ဆေးများ
၁။ ပင်နီဆလင် ၂၅၀ မီလီဂရမ် သောက်ဆေး
Penicillin 250 mg. tablets
40
၂။ ကိုထရိုင်မိုဇာဇော (ဆက်ပ်ထရင် ဟုလည်းခေါ်သည်)
Cotrimoxazole (sulfamethoxazole 400 mg., with trimethoprim, 80 mg.)
100
၃။ အပ်ပီဆလင် ၂၅၀ မီလီဂရမ် ဆေးတောင့်
Ampicillin 250 mg. capsules
24
သန်ချဆေးများ
၄။ မီဘင်ဒဇော ၁၀၀ မီလီဂရမ် သောက်ဆေး
Mebendazole 100 mg. tablets
40
အနာသက်သာဆေးနှင့် ကိုယ်ပူကျဆေး
၅။ အက်စ်ပရင် ၃၀၀ မီလီဂရမ် သောက်ဆေး
Aspirin 300 mg. (5 grain) tablets
50
၆။ အဆီတာမီနိုဖင် (ပါရာဆီတမော ဟုခေါ်နေသောဆေး) ၅၀၀ မီလီဂရမ် သောက်ဆေး
Acetaminophen 500 mg. tablets
50
သွေးအားနည်းရောဂါအတွက်
၇။ သံဓာတ် အားဆေး ၂၀၀ မီလီဂရမ် (ဗီတာမင် စီ နှင့် ဖောလစ်အက်ဆစ်ဆေးများ တွဲပါလျှင် ပိုကောင်းသည်)
Iron (ferrous sulphate) 200 mg. pills (best if pills also contain vitamin C and folic acid)
100
ဝဲရောဂါအတွက်
၈။ ပါမီထရင် Permethrin (ပုလင်း သို့မဟုတ် ညစ်ဆေးထောင့် နှင့် ရနိုင်သည်။) 1
ယားယံခြင်းနှင့် အန်ခြင်းအတွက်
၉။ ပရိုမက်သာဇင်း ၂၅ မီလီဂရမ် သောက်ဆေး
Promethazine, 25 mg. tablets
12
အရေပြားရောဂါ (သာမာန်) အတွက်
၁၀။ ဂျန်ရှင်း ဝိုင်အိုလက် ပုလင်းသေး သို့မဟုတ် ညစ်ဆေးဗူး 1
မျက်စိအနာအတွက်
၁၁။ ပဋိဇီဝ ပိုးသတ်ဆေးပါသော မျက်စဉ်းဆေး ညစ်ဆေးဗူး 1

ကျေးရွာသုံး ဆေးသေတ္တာ The Village Medical Kit

မိသားစုသုံး ဆေးသေတ္တာတွင် ပါဝင်သော ဆေးအမယ်များသာ ဖြစပြီး၊ ကျေးရွာ လူဦးရေနှင့် ဆေးထပ်ဖြည့်လျှင် သွားရမည့် အကွာအဝေးပေါ် မူတည်၍ ဆေးပစ္စည်း အရေအတွက်ကို တိုးပေးရပါမည်။ အောက်ပါဆေးဝါးများကိုလည်း အပိုဆောင်း ဆောင်ထားသင့်သည်။ အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါများကို ကုသနိုင်သည့် ဆေးဝါးများကို ပါဆောင်ထားရန်လိုသည်။ မိမိဒေသတွင် အဖြစ်များသော ရောဂါများအပေါ်မူတည်ကာ လိုတိုး ပိုလျော့ လုပ်နိုင်သည်။

ဒေသသုံး ဆေးမြီးတိုများကိုလည်း ဆောင်ထားနိုင်သည်။

အပိုဆောင်း ပစ္စည်းများ

လိုအပ်သော ပစ္စည်းများ တန်ဘိုးငွေ အရေအတွက်
ဆေးထိုးရန်
ဆေးထိုးပြွန် ၅ စီစီ
ဆေးထိုးအပ်၊ ဂိတ် ၂၂၊ ၃ ဆင်တီမီတာ အရှည်
ဂိတ် ၂၅၊ ၁.၅ ဆင်တီမီတာ အရှည်

၃၆
၂၄
ဆီးချူရန်
ဆီးချူပိုက် (ရာဘာ သို့ ပလပ်စတစ်၊ နံပါတ် ၁၆၊ ဖရန့်ချ်)
Catheter (rubber or plastic # 16 French)
သွေးပြန်ကြောယောင်ခြင်းနှင့် အရွတ်များ ဒဏ်ဖြစ်ခြင်းအတွက်
အလပ်စတစ် ပတ်တီး ၂ လက်မ၊ ၃ လက်မ အကျယ်
Elastic Bandage 2 and 3 inches wide
၃၆
နားအတွင်းကြည့်ရန်
လက်နှိပ်ဓာတ်မီး အသေး
Penlight (small flashlight)

အပိုဆောင်း ဆေးဝါးများ

ဆေးဝါးအမည် ဒေသတွင်း ရနိုင်သော တံဆိပ် တန်ဘိုးငွေ အရေအတွက်
ကူးစက်ရောဂါပိုးများကို နှိမ်နှင်းရန်
၁၊ ပင်နီဆလင် ထိုးဆေး၊ (ပရိုကိန်း ပင်နီဆလင် ၆ သိန်းအား)
Penicillin, injectable;if only one, procaine penicillin 600,000 U. per ml.
၂၀ - ၄၀
၂. အမ်ပီဆလင် ထိုးဆေး ၂၅၀ မီလီဂရမ်
Ampicillin, injectable 250 mg. ampules
(နှင့်/သို့မဟုတ်)and/or
စထရက်တိုမိုင်စင် ၁ ဂရမ် (အမ်ပီဆလင် ဈေးကြီးသောဒေသများအတွက် ပင်နီဆလင်နှင့် ရောသုံးရန်)
streptomycin 1 g. vials for combined use with penicillin (if ampicillin is too expensive)
၂၀ - ၄၀


၂၀ - ၄၀
၃. တက်ထရာဆိုင်ကလင်း သောက်ဆေး ၂၅၀ မီလီဂရမ်
Tetracycline, capsules or tablets 250 mg.
၄၀ - ၈၀
အမီဘားနှင့် ဂျီယာဒီယားရောဂါများအတွက်
၄. မက်ထရိုနိုက်ဒါဇော သောက်ဆေး ၂၅၀ မီလီဂရမ်
Metronidazole, 250 mg. tablets

၄၀ - ၈၀
တက်ခြင်း၊ ဝက်ရူးပြန်ခြင်း
၅. ဖီနိုဘာဘီတယ် သောက်ဆေး ၁၅ မီလီဂရမ်
Phenobarbital, 15 mg. tablets

၄၀ - ၈၀
ပြင်းပြင်းထန်ထန် ဓာတ်မတည့်ခြင်းနှင့် ပန်းနာရင်ကြပ်ရောဂါ အတွက်
၆. အပီနက်ဖရင်း (အဒရီနယ်လင်) ထိုးဆေး ၁ မီလီဂရမ်
Epinephrine (Adrenalin) injections, ampules with 1 mg.

၅ - ၁၀
သာမာန် ပန်းနာရင်ကြပ်ရောဂါ အတွက်
၇. ဆယ်ဗျူတမော ရှုဆေးဗူး(အရေးပေါ်သုံးရန်)
Salbutamol, rescue inhaler

1
ကလေးမွေး အပြီး၊ သွေးသွန်ခြင်းအတွက်
၈. အောက်စီတိုစင် ထိုးဆေး ၁၀ ယူနစ်/မီလီလီတာ
Oxytocin for injection, 10 Units/ml. or
(သို့မဟုတ်) မီဆိုပရိုစတော သောက်ဆေးပြား ၂၀၀ မိုက်ခရိုဂရမ်
Misoprostol tablets of 200 mcg.
၆ - ၁၂

၁၈ - ၃၆

အခြားလိုအပ်သော ဆေးဝါးများ

ဆေးဝါးအမည် ဒေသတွင်း ရနိုင်သော တံဆိပ် တန်ဘိုးငွေ အရေအတွက်
မျက်စိခြောက်ခြင်း အဖြစ်များသော ဒေသများအတွက်
ဗီတာမင် အေ ဆေးတောင့် ၂ သိန်းအား ၁၀ - ၁၀၀
မေးခိုင်ရောဂါ အဖြစ်များသော ဒေသများအတွက်
မေးခိုင်း ကာကွယ်ဆေး ၅၀,၀၀၀ အား
Tetanus antitoxin, 50,000 units (Lyophilized if possible)
၂၄ ပုလင်း
မြွေနှင့် ကင်း ပေါသော ဒေသများအတွက်
အဆိပ်ဖြေဆေး 26
ငှက်ဖျားပေါသော ဒေသများအတွက်
အာတီမီစင်း ပါဝင်သော ဆေးများ (သို့မဟုတ်) အခြားသင့်တော်သော ဆေးများ
Artemisinbased combination therapy or whatever medicines are recommended in your area.
၅၀ - ၂၀၀
ကိုယ်အလေးချိန် မပြည့်ပဲ မွေးလာသော ကလေးများ သွေးယိုခြင်းကို ကာကွယ်ရန်
ဗီတာမင် ကေ ၁ မီလီဂရမ် ထိုးဆေး
Vitamin K, injections of 1 mg.
36

နာတာရှည်ရောဂါအတွက် ဆေးဝါးများ

တီဘီ၊ အနာကြီးရောဂါနှင့် စစ်စတိုဆိုမီယေးစစ် ကဲ့သို့သော နာတာရှည် ရောဂါများအတွက် ဆေးများကို ဆောင်ထားရန် လိုချင်မှလိုလိမ့်မည်။ ပုံမှန်အားဖြင့် အထက်ပါ နာတာရှည်ရောဂါများကို ကျန်းမာရေးဌာနတွင် ဦးစွာ စစ်ဆေးရမည်။ ရောဂါရှိသည်ဟု တွေ့ရှိပါက အဆိုပါ ကျန်းမာရေးဌာနကပင် ဆေးများကို ထောက်ပံ့ပေးလေ့ရှိသည်။ မြန်မာနိုင်ငံတွင် မြို့နယ် အားလုံးနီးပါးတွင် တီဘီ၊ အနာကြီးရောဂါ၊ အေအိုင်ဒီအက်စ် ကဲ့သို့သော ကာလရှည် ဆေးစွဲသောက်ရမည့် ရောဂါများအတွက် လိုအပ်သော ဆေးဝါးများကို အခမဲ့ ထောက်ပံ့ပေးလျှက် ရှိသည်။ ထို့ကြောင့် နီးစပ်ရာ ဆေးရုံ၊ ကျန်းမာရေးဌာနများတွင် မည်သည့်ရောဂါအတွက် အခမဲ့ကုသနိုင်သည်ကို မေးမြန်း စုံစမ်းထားရမည်။

ကာကွယ်ဆေးများ

ကျန်းမာရေးဌာနတိုင်းမှ ကာကွယ်ဆေးများကို အခမဲ့ ထိုးနှံ တိုက်ကျွေးနေပါသည်။ ကျေးရွာ ဆေးသေတ္တာတွင် ဆောင်ထားစရာ မလိုပါ။ သိုသော် မိမိ၏ ကျေးရွာ ဒေသ အတွင်းရှိ ကလေးများအားလုံး အသက်အလိုက် လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပြီး မပြီးကို စာရင်းနှင့် ပြုစုထားသင့်သည်။ ရေခဲသေတ္တာနှင့် လျှပ်စစ် ရှိပါက ကျေးရွာဆေးခန်း/ သူနာပြုဆရာမက ကျေးရွာမှ ကလေးများအတွက် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ရောဂါ ကာကွယ်ဆေးများ ထားသို သိမ်းဆည်းနိုင်သည်။

ကျေးရွာ ဆေးဆိုင်များအား မေတ္တာရပ်ခံလွှာ

ဆေးဆိုင်များကို ရွာသားများက ၎င်းတို့ခံစားနေရသော ရောဂါတစ်ခုခု အတွက် မည်သည့် ဆေးကို သောက်ရမည်ကို အမြဲ မေးလေ့ရှိသည်။ ထို့ကြောင့် ရွာသူရွာသားများ ကျန်းမာရေးအတွက် ဆေးဆိုင်မှ ဆေးရောင်းသူများသည် အရေးကြီးသည့် အခန်းကဏ္ဍ ပါဝင်လာပေသည်။

ဆေးရောင်းသူများအနေနှင့် ဤစာအုပ်က ဆိုညွှန်ထားသည့်အတိုင်း ဆေးလာဝယ်သူကို အကြံဉာဏ်ပေးပါ။ ရောင်းချပေးပါ။ အမှန်တစ်ကယ် လိုအပ်သော ဆေးများကိုသာ ဆေးဝယ်သူအား ရောင်းပေးပါ။ မလိုအပ်သော ဆေးဝါးများ မရောင်းမိပါစေနှင့်။

လူအတော်များများသည် မိမိအတွက် မလိုအပ်သော ဆေးဝါးများကို ဝယ်ယူခြင်းဖြင့် ငွေများကို အလဟဿ ဖြုန်းနေတတ်သည်။ ဆေးရောင်းသူမှ သေချာရှင်းပြပြီး၊ ငွေကို အကျိုးရှိရှိအသုံးချနိုင်အောင် ကူညီပေးပါ။ ဥပမာ

  • ဝမ်းပိတ်ရန် ချောင်းဆိုးပျောက်ဆေးရည်ကို လာဝယ် သောအခါ၊ သွေးအားနည်းရောဂါအတွက် ဘီ ၁၂ (သို့မဟုတ်) အသည်းပေါင်းရည် လာဝယ်သောအခါ၊ ကြွက်သားနာကျင်ကိုက်ခဲခြင်းအတွက် ပင်နီဆလင်ကို လာဝယ်သောအခါ၊ နှာစေးခြင်းအတွက် တက်ထရာဆိုင်ကလင်းဆေး လာဝယ်သောအခါ၊ ဆေးလာဝယ်သူအား ဤဆေးများက ၎င်းတို့ခံစားနေရသော ရောဂါအတွက် အကျိုးမရှိကြောင်း၊ မလိုကြောင်း၊ အန္တရာယ်ပင်ပေးတတ်ကြောင်း ရှင်းပြပေးပါ။
  • ဗီတာမင်အားဆေးများ လာဝယ်ပါက ဆေးဝယ်သူအား ဗီတာမင်အားဆေးအစား ဥ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို ဝယ်စားခြင်းက ပိုလည်းသက်သာ၊ ပိုလည်း ဗီတာမင်ဓာတ်များ ရကြောင်း ရှင်းပြပါ။
  • သောက်ဆေးများသည် ထိုးဆေးနည်းတူ အာနိသင်လည်းရှိသည့်အပြင်၊ အန္တရာယ်လည်း ကင်းကြောင်း ရှင်းပြပါ။
  • ဈေးကြီးပေးရလေ့ရှိသော နှာစေးပျောက်ဆေးများ ဝယ်သောက်မည့်အစား ဈေးသက်သက်သာသာနှင့် အက်စပရင်၊ ပါရာဆီတမော စသည့်ဆေးများကို ဝယ်သောက်ကာ အရည်များများသောက်ခြင်းက ပိုကောင်းကြောင်းရှင်းပြနိုင်သည်။

ဤစာအုပ်ပါ အကြောင်းအရာများကို ဆေးဝယ်သူနှင့် အတူ ဖတ်ကာ ရှင်းပြပါက ပို၍ ထိရောက်မည်။

အသုံးတည့်မည့် ဆေးများကိုသာ ရောင်းပေးပါ။ မိသားစုနှင့် ကျေးရွာသုံး ဆေးသေတ္တာတွင် ပါဝင်ရမည့် ဆေးများကို အသင်၏ ဆေးဆိုင်တွင် အသင့် ဝယ်ယူနိုင်အောင် အမြဲ ဖြည့်တင်းထားပါ။ အရည်အသွေးတူပြီး၊ ဈေးသက်သာသော ဆေးဝါးများနှင့် တံဆိပ်များကိုသာ တင်ရောင်းပါ။ ရက်လွန်နေသော၊ ပျက်ဆီးနေသော၊ အသုံးမဝင်သော ဆေးဝါးများကို မရောင်းပါနှင့်။

သင်၏ ဆေးဆိုင်တွင် လူအများက ကျန်းမာရေးအကြောင်း၊ ဆေးဝါးအကြောင်း လေ့လာသင်ယူနိုင်သော နေရာတစ်ခု ဖြစ်လာအောင် ဖန်တီးပေးပါ။ ဆေးများကို သတိရှိရှိ၊ အကျိုးရှိရှိ၊ အသုံးချတတ်အောင်၊ ဆေးလာဝယ်သူအားလုံးကို သိသင့်သိထိုက်သော ဗဟုသုတများ မျှဝေပေးပါ။ ဝယ်သွားသော ဆေးနှင့် ပါတ်သက်၍ မည်မျှသောက်ရမည်၊ ဘယ်နှစ်ကြိမ် သောက်ရမည်၊ မည်သည့် ဘေးထွက် ဆိုးကျိုုးများ ရှိသည်၊ ဘာကို သတိထားရမည်ကို သေချာ ရှင်းပြပါ။ ဤနည်းဖြင့် အများပြည်သူ၏ အကျိုးစီးပွားကိုလည်း ဂရုစိုက်သော ဆေးဆိုင်တစ်ဆိုင် ဖြစ်လာအောင် ကြိုးစားရမည်။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။