home

အခန်း ၅ ဆေးဝါးမကူပဲ ကုသခြင်း



ခေါင်းစဉ်များ


ရောဂါအများစုသည် ဆေးဝါးကူစရာမလိုပဲ၊ ကုသနိုင်သည်။ ကျန်ုပ်တို့၏ ခန္ဓာကိုယ်သည် သဘာဝအလျောက် ရောဂါများကို ပြန်လည်ခုခံတိုက်ထုတ်နိုင်သည်။ ရောဂါအတော်များများတွင် ဤသဘာဝခုခံအားစနစ်သည် ဆေးဝါးထက်ပင် ပို၍ အရေးပါသည်။

ရောဂါအများစုသည် ဆေးဝါးကူစရာမလိုပဲ၊ သဘာဝအလျောက် ပြန်သက်သာသည်။ နှာစေးအအေးမိနှင့် တုတ်ကွေးဖျားတို့သည် ဤနည်းဖြင့် ပြန်ကောင်းကြသည်။

ခန္ဓာကိုယ်မှ ရောဂါများကို တန်ပြန်တိုက်ခိုက်ရာတွင် လိုအပ်သောအရာများမှာ

0501a
0501b
0501c

ရောဂါအတော်များများတွင် ဆေးဝါးကူရန်လိုအပ်သော်လည်း၊ မိမိ၏ခန္ဓာကိုယ်မှ တန်ပြန်တိုက်ထုတ်ခြင်းက အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ သန့်သန့်ရှင်းရှင်းနေထိုင်ခြင်း၊ အနားယူခြင်း၊ အစာများများစားခြင်းနှင့် ရေများများသောက်ခြင်းတို့သည်လည်း အလွန် အရေးကြီးသည်။

ရောဂါတစ်ခုကို ကုသရာတွင် ဆေးဝါးကိုချည်း အမြဲအားကိုးမနေသင့်ပေ။ ခေတ်ပေါ်ဆေးဝါးများမရှိသော ဒေသတွင်ပင် ရောဂါအများစုကို ကာကွယ်နိုင်၊ ကုသနိုင်သည့်နည်းလမ်းများ ရှိသည်။

ရောဂါအများစုကို ဆေးဝါးမသုံးပဲ၊ ကာကွယ်နိုင်၊ ကုသနိုင်သည်။

ရေကို မှန်မှန်ကန်ကန် အသုံးပြုပုံကိုသာ သေချာသိရှိပါက ရောဂါအတော်များများကို ကာကွယ်သွားနိုင်သည်။ ဆေးဝါးများကိုပင် သုံးစရာမလိုပေ။

ရေဖြင့် ရောဂါကုခြင်း

ကျွှန်ုပ်တို့သည် ဆေးဝါးများ မရှိပဲလဲ၊ အသက်ရှင်နိုင်ကြသည်။ သို့သော် ရေမရှိပဲ အသက်မရှင်နိုင်။ အမှန်တကယ်အားဖြင့် လူ၏ ခန္ဓာကိုယ်၏ တဝက် (၅၇%) သည် ရေဖြင့် ဖွဲ့စည်းထားသည်။ တောရွာတွင်နေကြသော လူများ ရေကို မှန်မှန်ကန်ကန် အသုံးပြုတတ်ပါက ရောဂါ အတော်များများကို ကာကွယ်နိုင်ပြီး၊ အသေအပျောက် လျော့နည်းစေနိင်သည်။ အထူးသဖြင့် ကလေးသေနှုန်းကို လျှော့ချပေးနိုင်သည်။

ဥပမာ၊ ဝမ်းလျှောခြင်းကို ရေတစ်ခုတည်းကသာ ကာကွယ်ရေးတွင်၎င်း၊ ကုသရေးတွင်၎င်း အရေးအပါဆုံးဖြစ်သည်။ ကလေးသေနှုန်းများနေခြင်း၏ အဓိက အကြောင်းရင်းမှာလည်း ဤ ဝမ်းလျှောရောဂါပင်ဖြစ်သည်။ တနည်းအားဖြင့် မသန့်ရှင်းသော ရေကြောင့် ဝမ်းလျှောနေကြခြင်း ဖြစ်သည်။

သန့်ရှင်းသည့် သောက်ရေရရှိရေးသည် ဝမ်းရောဂါနှင့် အခြားရောဂါများကို ကာကွယ်ရန် အရေးကြီးသည်။ သောက်သုံးရေအတွက် အသုံးပြုသည့် စမ်းရေများ၊ ရေတွင်းနှင့် ရေကန်များကို အမှိုက်များမဝင်ရန်၊ တိရိစ္ဆာန်အညစ်အကြေးများ မဝင်ရန်၊ ခြံခတ်ကာရန် ထားရမည်။

ပတ်ပတ်လည်ကိုလည်း ကန်ဘောင်အပြင်၊ ရေဆိုးထုတ်မြောင်းများကို ဘိလပ်မြေ၊ အုပ်၊ သဲတို့ဖြင့် ပြုလုပ်ပေးရမည်။ သို့မှသာ မိုးရေနှင့် အခြားရေဆိုးများ ဝင်ရောက်ခြင်းမှ ဟန့်တားထားနိုင်မည်။

0502

ဝမ်းရောဂါကာကွယ်ရန်အတွက် ရေကောင်းရေသန့် ရရှိရန် ခက်ခဲပါက ရေကို ကျိုချက်၍သော်၎င်း၊ ရေစစ်၍သော်၎င်း၊ သောက်သုံးရန်နှင့် အစားအသောက်များချက်ပြုတ်ရန် သုံးရမည်။ ကလေးငယ်များအတွက် ဤသို့ပြုလုပ်ရန် အထူးအရေးကြီးသည်။ ကလေးငယ်၏နို့ဘူးနှင့် ခွက်ယောက်ပန်းကန်များကိုလည်း ရေနွေးနှင့် ပြုတ်ရန် လိုအပ်သည်။ ဤကဲ့သို့ နို့ဘူးကို မပြုတ်နိုင်ပါက နို့ကို ခွက်ထဲထည့်ကာ ဇွန်းနှင့် တိုက်ပါက ပို၍ စိတ်ချရသည်။ အိမ်သာတက်ပြီးတိုင်းနှင့် အစာမစားမီ လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင် ဆေးခြင်းသည်လည်း အရေးကြီးသည်။

0503

ဝမ်းလျှောသည့် ကလေးငယ်များ သေဆုံးရခြင်း၏ အကြောင်းရင်းများတွင် ရေဓာတ်ခမ်းခြောက်ခြင်း (dehydration)က အဓိကျသည် (အခန်း ၁၃ တွင်ရှု)။ ဝမ်းလျှောနေသည့် ကလေးအား သကြားနှင့် ဆားခတ်ထားသော ရေများများတိုက်ခြင်းဖြင့် ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်နိုင်သလို၊ ရေဓာတ်ပြန်ဖြည့်ပေးခြင်းလည်း ဖြစ်သည် (ဓာတ်ဆားရည် တွင်ရှု)

ဝမ်းလျှောကလေးအတွက် ဆေးဝါးထက် အရည်များများဝင်အောင် တိုက်ခြင်းက ပိုအရေးကြီးသည်။ အရည်များများသောက်နိုင်သော ဝမ်းလျှောကလေးငယ်ဆိုလျှင် ဆေးဝါးပင် သောက်စရာမလိုတတ်ပေ။

အောက်ပါဇယားတွင် ဆေးဝါးထက် ရေများများဝင်အောင် တိုက်ပေးရန် လိုအပ်သော ရောဂါ အခြေအနေများ ကို ဖော်ပြထားသည်။


ရေကဆေးထက်ပိုစွမ်းသော အခြအနေများ

ကာကွယ်ခြင်း
ကာကွယ်နိုင်တဲ့ ရောဂါ ရေကို ဘယ်လိုသုံးမလဲ
ဝမ်းလျှော၊ သန်ကောင်၊ အစာလမ်းကြောင်းပိုးဝင် ရေကို ကျိုချက်၊ ရေစစ်၊ လက်ဆေး စသည်
0504
အရေပြားအနာ ရေ ခဏခဏ ချိုး
အနာပိုးဝင်၊ မေးခိုင်ပိုး အနာကို ရေနှင့်ဆပ်ပြာဖြင့်ဆေး
0505

ကုသခြင်း
ကုသနိုင်တဲ့ ရောဂါ ရေကို ဘယ်လိုသုံးမလဲ
ဝမ်းလျှော၊ ရေဓာတ်ခမ်း အရည်များများသောက်
0506
ကိုယ်ပူဖျား အရည်များများသောက်
ကိုယ်ပူအပြင်းဖျား အဝတ်အစားချွတ်၊ ရေပတ်တိုက်
0507
ဆီးလမ်းကြောင်းပိုးဝင် (မိန်းကလေးတွင် အဖြစ်များ) ရေများများသောက်
ချောင်းဆိုး၊ ပန်းနာရင်ကြပ်၊ လေပြွန်ရောင်၊ အဆုပ်ရောင် ရေများများသောက်နှင့် (သလိပ်ပျော်ရန်)ရေနွေးငွေ့ရှု
0508
အရေပြားယားနာ၊ ပွေး ဆပ်ပြာနဲ့ပွတ်၊ ရေဆေး
0509
အနာပိုးဝင်၊ အနာစိမ်း၊ မွေးကြွတ်နာ ရေပူကြပ်ထိုး၊
0510
အဆစ်နှင့် ကြွက်သားများ တောင့်တင်း ရေပူကြပ်ထိုး၊
0511
အဆစ်မျက်၊ အရွတ်နာ ပထမနေ့း ရေအေးတွင်စိမ်
နောက်နေ့ ရေနွေးတွင်စိမ်
0512
အရေပြားယားယံ၊ ပူစပ် ရေခဲကြပ်ထိုး
အပူလောင် ချက်ချင်း ရေအေးစိမ်
0513
လည်ချောင်းနာ၊ အာသီးရောင် ဆားရေနွေးနဲ့ ပလုတ်ကျင်း
မျက်စိထဲ အက်ဆစ်၊ ဖုံ၊ ဓာတုဆေးရည်ဝင်သော် ရေအေးများများနဲ့ မျက်စိကိုချက်ချင်းဆေး၊ နာရီဝက်ကြာအတွင်း ခဏခဏဆေး
0514
နှာခေါင်းပိတ် ဆားရည်ရှုသွင်း
ဝမ်းချုပ် ရေများများသောက် (စအိုထဲ ဆပ်ပြာဆေးရေထည့်တာက ဝမ်းနှုတ်ဆေးထက် အန္တရာယ်ပိုကင်း
0515
အရေပြားအပူကန် ရေခဲနှင့် အုံပေး (မိနစ်အတန်ကြာ)
0516

အထက်ပါ ရောဂါအခြေအနေများ (အဆုပ်ရောင်ရောဂါမှအပ) တွင် ရေကို မှန်ကန်စွာသုံးတတ်ပါက ဆေးဝါးပင်မလိုအပ်ပေ။ ဤစာအုပ်တွင် အခန်းတော်တော်များ၌ ဆေးဝါးမကူပဲ၊ သဘာဝအလျောက် ရောဂါပျောက်အောင် ကုနိုင်သည့် နည်းလမ်းများကို အလျဉ်းသင့်သလို ဖော်ပြထားသည်။ အမှန်တကယ်လိုအပ်ပါမှ ဆေးဝါးကို သုံးပါ။