home

အခန်း ၃ လူနာကို ဘယ်လိုစမ်းသပ်မလဲ



မာတိကာ


လူနာများရဲ့ ပြဿနာတွေကို သိချင်ရင် သင့်အနေနဲ့ ထိုလူနာကို သေချာမေးမြန်းပြီး စမ်းသပ်ရန် လိုပါသည်။ လူနာရဲ့ ရောဂါလက္ခဏာများကို သေချာစမ်းသပ်ခြင်းအားဖြင့် ထိုလူနာခံစားနေရသော ရောဂါဝေဒနာများကို သေချာသိရှိနိုင်ပါမည်။

နာမကျန်းလူနာများကို စမ်းသပ်ရာမှာ အမြဲတမ်း အလင်းရောင်ကောင်းသောနေရာတွင်သာ စမ်းသပ်ရပါမည်။ မှောင်သောနေရာတွင် မစမ်းသပ်ရပါ။

နာမကျန်းလူနာကို စမ်းသပ်ရမည့် အခြေခံအချက်များစွာရှိပါသည်။ ယင်းအချက်များတွင် လူနာက ပြောသောလက္ခဏာများ (symptom) နှင့် ထိုလူနာကို ဆေးကုမည့်သူက စမ်းသပ်တွေ့ရှိသော လက္ခဏာများ (sign) ပါဝင်ပါသည်။

ကလေးငယ်များနဲ့ စကားမပြောနိုင်သောလူနာများတွင် ထိုလူနာကို စမ်းသပ်တွေ့ရှိမည့် လက္ခဏာများ sign က ပိုအရေးပါလာပါသည်။

လူနာကို စမ်းသပ်စစ်ဆေးပြီး တွေ့ရှိချက်များကို ကျန်းမာရေးဝန်ထမ်းများ သိရှိနိုင်ရန်အလို့ငှာ မှတ်တမ်းရေးမှတ် ရပါမည်။

ရောဂါရာဇဝင်

လူနာရဲ့ ရောဂါရာဇဝင်များကို စတင်မေးမြန်းပါမည်။

ရောဂါဝေဒနာကို တိတိကျကျ သိရှိရန် ဆက်လက် အသေးစိတ် စမ်းသပ်ပါမည်။

ဥပမာ နာကျင်မှုခံစားနေရသောလူနာဆိုလျှင်

နာမကျန်းလူနာသည် ကလေးဆိုရင် နာကျင်မှုပုံစံကို ကြည့်ပါ။ ကလေးရဲ့လှုပ်ရှားမှု၊ ငိုနေတဲ့ပုံစံကိုကြည့်ပါ။ (ဥပမာနားနာနေသောကလေးဆိုရင် သူ့ရဲ့နားကို ပွတ်နေတတ်ပါသည်။

ကျန်းမာနေသူရဲ့ ယေဘုယျ အခြေအနေများ

နာမကျန်းလူနာကို မစမ်းသပ်မှီ ထိုလူကို သေချာကြည့်ပါ။ ထိုလူနာရဲ့ အားနည်းမှုပုံစံ၊ လှုပ်ရှားမှု၊ အသက်ရှူမှုပုံစံ၊ စိတ်အခြေအနေကို ကြည့်ရပါမည်။ ရေဓါတ်ခမ်းခြောက်မှုပုံစံနဲ့ ရှော့ရနေသော အခြေအနေကိုလည်း ကြည့်ရပါမည်။

လူနာသည် အာဟာရဓါတ် ပြည့်ဝရဲ့လား? ချို့တဲ့နေလားဆိုတာလည်း ကြည့်ရပါမည်။ ထိုလူနာသည် ပိန်နေလားဆိုတာလည်း ကြည့်ရပါမည်။ လူနာသည် တစ်ဖြည်းဖြည်းနဲ့ ပိန်လာတဲ့လူဆိုရင် နာတာရှည်ရောဂါတွေကို စဉ်းစားရပါမည်။

လူနာရဲ့ မျက်လုံးနဲ့ အသားအရောင်ကိုလည်း ကြည့်ရှုဖို့ အရေးကြီးပါသည်။ တစ်ချို့လူနာတွေမှာတော့ (ဥပမာ အသားမဲတဲ့ လူနာသည် အသားအရေ ပြောင်းလဲမှုကို ဖုံးလှှမ်းနေနိုုင်ပါသည်) လက်ဖဝါး၊ ခြေဖဝါး၊ လက်သည်း၊ လျှာ၊ မျက်လုံးတွေရဲ့ ဖြူဖျော့သွားမှု၊ ပြောင်းလဲမှုတွေကိုလည်း ကြည့်ရပါမည်။

အရေပြားကို တစ်ဖက်မှ ဓာတ်မီးဖြင့်ထိုး၍ အခြားတဖက်မှကြည့်ကာ စစ်ဆေးသင့်သည်။ ကိုယ်ပူနေသောကလေးတွင် ဝက်သက်ရောဂါ၏ ကနဦးလက္ခဏာကို တွေ့နိုင်သည်။

အဖျားတိုင်းခြင်း

လူနာသည် အဖျားမရှိပုံပေါ်သော်လည်း အဖျားတိုင်းခြင်းက တန်ဖိုးရှိပါသည်။ လူနာသည် အဖျားကြီးပါက တစ်ရက် ၄ ခါခန့်တိုင်းပြီး ရေးမှတ်ထားရန် လိုအပ်ပါသည်။

အဖျားတိုင်းကိရိယာ (သာမိုမီတာ) မရှိပါက သင့်ရဲ့လက်ဖမိုးကို လူနာပေါ်တင်ပြီး အခြားလက်ဖမိုးကို နေကောင်းသောလူပေါ်တင်ပြီးတိုငး်ကြည့်နိုင်ပါသည်။ လူနာမှာ အဖျားရှိပါက လူနှစ်ယောက်ရဲ့ အပူချိန်ကွာခြားမှုကို သိရှိနိုင်ပါသည်။

အဖျားတစ်ခုရဲ့ အချိန်၊ ကြာရှည်မှုနဲ့ သက်သာသွားမှုကို လည်း ရှာဖွေဖို့ အရေးကြီးပါသည်။ ထိုအရာများက သင့်ရဲ့ ဖျားနာမှုရဲ့ အကြောင်းအရင်းကို ပြောပြပေးနိုင်ပါသည်။ ဥပမာ

အဖျားတိုင်းကိရိယာကို ဘယ်လိုသုံးမလဲ

မိသားစုတိုင်း အဖျားတိုင်းကိရိယာ ရှိသင့်ပါသည်။ ဖျားနာသူရဲ့ အဖျားကို တစ်နေ့ ၄ ကြိမ်တိုင်းပြီး ချရေးထားသင့်ပါသည်။

0304

အဖျားဘယ်လိုတိုင်းမလဲ

  1. အဖျားတိုင်းကိရိယာကို ဆပ်ပြာရည်၊ ရေ၊ အရက်ပြန်တို့နဲ့ သန့်ရှင်းပါ။ ပြီးနောက် အဖျားတိုင်းကိရိယာ အမှတ်ကို ၃၆ ဒီဂရီ အောက်ရောက်အောင် လှုပ်ရမ်းပါ။
  2. အဖျားတိုင်းကိရိယာကို လျှာအောက်၊ ချိုင်းအောက်၊ ကလေးဆိုပါက တင်ပါးကြားထဲ ထည့်ပြီးတိုင်းပါ။
  3. 0306

  4. ၃၊ ၄ မိနစ်ကြာအောင် ထားပါ။
  5. အမှတ်ဖတ်ပါ။ (ချိုင်းကြားအပူချိန်က အနည်းငယ်လျှော့နေတတ်ပြီး တင်ပါးအပူချိန်က ပုံမှန်ထက် အနည်းငယ်ပိုနေတတ်ပါသည်)
  6. အဖျားတိုင်းကိရိယာကို ဆပ်ပြာ၊ ရေတို့နှင့် ဆေးပါ။

မှတ်ချက်။   ။ မွေးကင်းစ ကလေးတွင် အဖျားသည် မြင့်နေလျှင် (သို့မဟုတ်) ၃၆ ဒီဂရီအောက် နည်းနေပါက ပျင်းထန်သော ပိုးများကြောင့် ဖြစ်တတ်ပါသည်။

အသက်ရှူခြင်း (Respiration)

လူနာရဲ့ အသက်ရှူမှု ပုံစံကို သတိထားကြည့်ရှုရန် အရေးကြီးပါသည်။ အနက်( ရှိုက်ပြီး ရှူလား? အပေါ်ယံ ဖျော့ဖျော့လေးရှူလား? )၊ အသက်ရှူနှုန်း (တစ်မိနစ်မှာ ဘယ်နှစ်ကြိမ်ရှူလဲ?)၊ ပြီးနောက် ခက်ခက်ခဲခဲ ရှူရလား?။ ရင်ဘတ်နှစ်ဘက်လုံး အသက်ရှူတဲ့ အခါ ညီလားဆိုတာလည်း ကြည့်ရပါမည်။

သင့်မှာ နာရီ (သို့မဟုတ်) အချိန်မှတ်စရာတစ်ခုခုရှိပါက လူနာရဲ့ တစ်မိနစ်မှာ ရှူသောအကြိမ်ကို မှတ်သားထားရပါမည်။ တစ်မိနစ်မှာ ၁၂ ကြိမ်မှ ၂၀ အတွင်းရှူပါက လူကြီးနှင့် ကလေးကြီးများအတွက် ပုံမှန်ဖြစ်ပါသည်။ အကြိမ်ရေ ၃၀ အထိသည် ကလေးငယ်များအတွက် ပုံမှန်ဖြစ်ပါသည်။ မွေးကင်းစကလေးငယ်များအတွက် အကြိမ် ၄၀ သည် ပုံမှန်ဖြစ်ပါသည်။ လူနာသည် အဖျားကြီးပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးများဝင်နေပါက အသက်ရှူနှုန်းသည် ပုံမှန်က မြန်မြန်ရှူနေပါမည်။ ဥပမာ အပေါ်ယံ အသက်ရှူပြီး လူကြီးတွင်အကြိမ်ရေ ၃၀၊ မွေးကင်းစတွင် အကြိမ်ရေ ၆၀ ထက်ပိုနေပါက နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်နိုင်ပါသည်။

အသက်ရှူသော အသံကို သေချာနားထောင်ရန်လိုအပ်ပါသည်။ ဥပမာ

အသက်ရှူနေစဉ် နံရိုးနှင့် လည်ပင်းရှိအသားများ အရိုးထဲထိရောက်အောင် ရှိုက်ပြီးရှူနေရပါက အသက်ရှူလမ်းကြောင်းတွင် ပြဿနာဖြစ်နေတာ ဖြစ်နိုင်ပါသည်။

အကယ်၍ လူနာသည် ချောင်းဆိုးပါက အိပ်မရအောင်ဆိုးတာလား မေးရပါမည်။ ပြီးတော့ ချွဲပါလား? ချွဲအရောင်၊ သွေးပါလား သေချာကြည့်ရှုရပါမည်။

သွေးခုန်နှုန်းရဲ့ ပြင်းအား၊ အကြိမ်ရေ နဲ့ ပုံမှန်ဖြစ်မဖြစ် ကြည့်ရပါမည်။ နာရီ (သို့မဟုတ်) အချိန်မှတ်စရာ တစ်ခုခုရှိပါက သွေးခုန်နှုန်း အကြိမ်ရေ မှတ်သားထားရပါမည်။

သွေးခုန်နှုန်း

0307

နားနေချိန် ပုံမှန် သွေးခုန်းနှုန်းများ

သွေးခုန်းနှုန်းတွေသည် လှုပ်လှုပ်ရှားရှား လုပ်ပြီးချိန်၊ စိတ်လှုပ်ရှားချိန်၊ ကြောက်ရွံချိန်နဲ့ အဖျားတက်နေချိန်တွေမှာ တက်နေတတ်ပါသည်။ ယေဘုယျအနေနဲ့ သွေးခုန်နှုန်းတွေသည် အဖျား ၁ဒီဂရီ စင်တီဂရိတ်တက်တိုင်း အကြိမ် ၂၀ တက်နေတတ်ပါသည်။

အကယ်၍ လူနာသည် အပြင်းဖျားနေလျှင် သွေးခုန်နှုန်းကို မကြာခဏ တိုင်းသင့်ပြီး ကိုယ်အပူချိန်၊ အသက်ရှူနှုန်းတို့နှင့် အတူ ရေးမှတ်ထားသင့်သည်။

သွေးခုန်နှုန်းတွေရဲ့ အရေးကြီးပုံကိုလည်း သိရှိရန် လိုအပ်ပါသည်။ ဥပမာ

မျက်လုံး

မျက်လုံးရဲ့ ဖြူနေတဲ့ ဧရိယာကို ကြည့်ပါ။ ပုံမှန် အဖြူရောင်ပဲလား၊ နီနေလား၊ ဝါနေလား ကြည့်ပါ။ လူနာရဲ့ အမြင်အာရုံပြောင်းလဲမှုတွေကိုလည်း ကြည့်ပါ။

လူနာမျက်လုံးသည် အပေါ်အောက် ဘေးတိုက် ဖြည်းညင်းစွာ လှုပ်ရှားနေရလားဆိုတာလည်း ကြည့်ရပါမည်။ ထိုအရာတွေသည် ဦးနှောက် ပျက်စီးနေမှု လက္ခဏာတွေ ဖြစ်နိုင်ပါသည်။

မျက်လုံးအတွင်းပိုင်းရှိ မည်းနေသော အပိုင်း(သူငယ်အိမ်) ကို သေချာကြည့်ပါ။ အကယ်၍ အလွန်ကြီး၊ အလွန်သေးငယ်နေလျှင် အဆိပ်အတောက်(သို့မဟုတ်) ဆေးဝါးများကြောင့် ဖြစ်နိုင်ပါသည်။ အကယ်၍ အဖြူအစိတ်အပိုင်းများရှိနေပါက အတွင်းတိမ်၊ ကင်ဆာများ ဖြစ်နိုင်ပါသည်။

မျက်လုံးနှစ်လုံးရဲ့ ကွဲပြားခြားနားမှုတွေကိုလည်း ယှဉ်ကြည့်ရန်လိုအပ်ပါသည်။ အထူးသဖြင့် သူငယ်အိမ် အရွယ်အစားကိုကြည့်ရမည်။

0308

သူငယ်အိမ် အရွယ်အစား သိသိသာသာ ခြားနားနေခြင်းသည် အရေးပေါ်ကုရမည့်ရောဂါ တစ်ခုခု ဖြစ်နေနိုင်သည်။

သတိမေ့နေသော လူနာနဲ့ ခေါင်းထိခိုက်ထားသော လူနာတွေမှာ အမြဲတမ်း သူငယ်အိမ် အရွယ်အစာကို ကြည့်ရှုရန် အရေးကြီးပါသည်။

နား၊ နှာခေါင်း၊ လည်ချောင်း

နား။နားနာကျင်မှု လက္ခဏာနဲ့ ပိုးဝင်နေသော လက္ခဏာတွေကို ကြည့်ပါ။ အထူးသဖြင့် အဖျားရှိပြီး အေးစက်နေသော ကလေးတွေမှာ ကြည့်ပါ။ ကလေးသည် အလွန်ငိုပြီး နားကို ကိုင်နေပါက နားပိုးဝင်နေတာ ဖြစ်နိုင်ပါသည်။

နားကို ဖြည်းညင်းစွာ ဆွဲပါ။ အကယ်၍ နာလာပါက နားပြွန်နေမှာ ပိုးဝင်နေတာ ဖြစ်နိုင်ပါသည်။ နားအတွင်းပိုင်း နီးနေခြင်း၊ ပြည် များကိုလည်း ကြည့်ပါ။ နားအတွင်းပိုင်းသို့ တုတ်ချောင်း၊ ဝါယာနဲ့ အခြားပစ္စည်းများထည့်ခြင်းကို ရှောင်ကြဉ်ပါ။

လူနာသည် အကြားအာရုံ ကောင်းရဲ့လား၊ တစ်ဖက်က လေးနေတာများကိုလည်း စမ်းသပ်ရန်လိုပါသည်။ သင့်ရဲ့ လက်မနဲ့ လက်ချောင်းလေးများကို လူနာရဲ့ နားတွင် ပွတ်သပ်ခြင်းနဲ့ အကြားအာရုံ ကောင်းမကောင်းစမ်းသပ်ရပါမည်။

လည်ချောင်းနှင့် ပါးစပ်။ ဓါတ်မီး (သို့မဟုတ်) နေရောင်ဖြင့် ပါးစပ်နဲ့ လည်ချောင်းကို ကြည့်ပါ။ လျှာကို လျှာဖိသောပစ္စည်းနှင့် ဖိပြီး လူနာကို " အား………" ဟု အော်ခိုင်းပါ။ လည်ချောင်းနဲ့ အာသီးရောင်နေလား ကြည့်ပါ။ ပါးစပ်အတွင်း နီနေခြင်း၊ ရောင်နေခြင်း၊ သွားဖုံးရောင်ခြင်း၊ လျှာနီနေခြင်း၊ သွားပြည်တည်ခြင်းနဲ့ အခြားပြဿနာများကိုလည်း ကြည့်ရပါမည်။

နှာခေါင်း နှာရည်ယိုနေလား ကြည့်ပါ။ ဓါတ်မီးဖြင့် နှာခေါင်းတွင်း အကျိအချွဲ၊ ပြည်၊ သွေး၊ ရောင်ရမ်းခြင်း၊ နီနေခြင်းနဲ့ အနံ့ဆိုးများ ထွက်နေခြင်းများကိုလည်း ကြည့်ပါ။

အရေပြား

လူနာသည် ပုံမှန်ဖျားနေပေမည့်လည်း ခန္ဓာကိုယ်တစ်ခုလုံး စစ်ဆေးဖို့ လိုအပ်ပါသည်။ မွေးကင်းစနဲ့ ကလေးဆိုလျှင် တစ်ကိုယ်လုံးချွတ်ကြည့်ပါ။ ပုံမှန်မဟုတ်သော အရာများကို သေချာကြည့်ပါ။

ကလေးများကို တင်ပါးကြား၊ လိင်အင်္ဂါတစ်ဝိုက်၊ ခြေလက်ကြား၊ နားအနောက်ပိုင်း၊ ဆံပင်ကြား များကို သေချာကြည့်ပါ။

ဝမ်းဗိုက်

အကယ်၍ လူနာသည် ဗိုက်နာနေပါက နာနေခြင်းအကြောင်အရင်းကို သေချာစမ်းသပ်ပါ။

ဗိုက်က တစ်ဖြည်းဖြည်းနာလာတာလား၊ ချက်ချင်းနာလာတာလား ကြည့်ဖို့လိုပါသည်။

ဝမ်းဗိုက်ကို ကြည့်ပါက ပထမဦးစွာ ပုံမမှန် အလုံးအကျိတ်များရှိမရှိကြည့်ပါ။

ဗိုက်နာသည့်နေရာကရောဂါဖြစ်စေသော အကြောင်းအရင်းများကို ပြောပြနိုင်ပါသည်။

0311

ဝမ်းဗိုက်သည် ပျော့လား၊ မာလာား အပြင် လူနာသည် အစာအိမ်နဲ့ ဗိုက်ကြွက်သားများ ပျော့သွားအောင် လျှော့နိုင်သလား ကြည့်ပါ။

ဝမ်းဗိုက်တစ်ပြင်လုံး မာတောင့်နေပါက အရေးပေါ်ခွဲစိတ်ရမည့် ဝမ်းဗိုက်ရောဂါများ ဖြစ်နိုင်ပါသည်။

ဝမ်းဗိုက်တွင် ပုံမမှန်အလုံးများနှင့် မာတောင့်နေသောနေရာ များကြည့်ရှုဖို့ အရေးကြီးပါသည်။

အကယ်၍ လူနာသည် အစာအိမ်နာကျင်သည့်အပြင် ပျို့နေပြီး လေမလည် ဝမ်းမသွားပါက နားကို ဝမ်းဗိုက်တွင် ၂ မိနစ်ခန့် ကပ်နားထောင်ပါ။

0312

အူအတွင်းမှ လှုပ်သံများမကြားရပါက အရေးပေါ် အခြေအနေဖြစ်ပါသည်။

အောက်ပါပုံများတွင် ဝမ်းဗိုက်နာကျင်သောနေရာနှင့် ဆက်စပ်သော ရောဂါများကို ဖော်ပြထားပါသည်။

0313

0314

0315

ကြွက်သားနှင့် အာရုံကြောများ

လူနာတွင် ထုံကျင်၊ အားနည်းပြီး တစ်ကိုယ်လုံး ထိန်းချုပ်ရန် ခက်ခဲသကဲ့သို့ ပြောလာပါက ထိုလူနာ၏ လမ်းလျှောက်ပုံနှင့် ရွေ့လျားပုံကို ကြည့်ပါ။

လူနာကို ရပ်လျှက်၊ ထိုင်လျှက်(သို့မဟုတ်) မတ်မတ်လှဲလျောင်းပြီး ခန္ဓာကိုယ် နှစ်ဖက်လုံး ညီမညီ ကြည့်ပါ။


မျက်နှာ လူနာကို ပြုံးခြင်း၊ မျက်မှောင်ကြုံ့ခြင်း၊ မျက်လုံးကျယ်ကျယ်ဖွင့်ခိုင်းခြင်း၊ လေချွန်ခိုင်းခြင်းနှင့် ပါးစပ်ပိတ်ခို်င်းခြင်းများ ပြုလုပ်ခိုင်းပြီး အားနည်းသည့်ဖက်ကို ကြည့်ပါ။

လူနာတွင် လျှင်မြန်စွာ လှုပ်ရှားခြင်း၊ နှေးကွေးစွာ လှုပ်ရှားခြင်းများရှိပါက ခေါင်းဒဏ်ရာ၊ လေဖြတ်ခြင်းနှင့် လေဖြန်းခြင်းရောဂါများ ဖြစ်နိုင်ပါသည်။

ထိုအရာများ တစ်ဖြည်းဖြည်း ဖြစ်ပေါ်လာခြင်းသည် ဦးနှောက်ကင်ဆာများဖြစ်နိုင်ပါသည်။

လူနာ၏ မျက်လုံးလှုပ်ရှားမှု၊ သူငယ်အိမ် အရွယ်အစားနှင့် အမြင်အာရုံများကိုလည်း ကြည့်ရှုရန် လိုအပ်ပါသည်။

လက်နှင့် ခြေထောက်ကြွက်သားလျော့ရွဲခြင်းကို ကြည့်ပါ။

ခြေ လက် နှစ်ဖက် အရွယ်ညီမညီ ကြည့်ပြီး တိုင်းတာပါ။

လူနာ၏ လှုပ်ရှားမှုနှင့် လမ်းလျှောက်ပုံကို ကြည့်ပါ။ တစ်ကိုယ်လုံးကြွက်သားများလျော့နည်း အားပျော့နေခြင်းသည် အစာအာဟာရချို့တဲ့ခြင်းရောဂါများ၊ နာတာရှည် တီဘီကဲ့သို့သော ရောဂါများဖြစ်နိုင်ပါသည်။

0317a


0317b

ကလေးတွင် တစ်ဖက်တည်း ကြွက်သားများလျော့နည်း အားပျော့နေခြင်းသည် ပိုလီယိုရောဂါများ၊ လူကြီးတွင် ကြွက်သားများလျော့နည်းအားပျော့နေခြင်းသည် ခေါင်းဒဏ်ရာနှင့် လေဖြတ်ခြင်းရောဂါများ ဖြစ်နိုင်ပါသည်။

ကြွက်သား မာတောင့်၊ ထုံကျင်မှု စမ်းသပ်ခြင်း

လက်၊ ခြေနှင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများအား အာရုံသိမှု စမ်းသပ်ခြင်း

လူနာကို လက်တစ်ဖက်ဖြင့် မျက်လုံးမှိတ်ခိုင်းပါ။ ခန္ဓာကိုယ် နေရာများကို ဖြေးညင်းစွာ ထိပါ။ ထိခြင်းကို သိ၊မသိ မေးပါ။