မိန်းကလေးအများစု၏ အပျိုဖော်စတင်ဝင်ချိန်သည် အသက် ၁၁နှစ် နှင့် ၁၆နှစ်ကြားတွင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဤမိန်းကလေးသည် ကိုယ်ဝန်ဆောင်နိုင်သည့် အရွယ်သို့ စတင်ရောက်ရှိခြင်းဖြစ်သည်။
ယျေဘုယျအားဖြင့် ဓမ္မတာလာချိန်သည် ၂၈ရက်လျှင် တစ်ကြိမ်ဖြစ်တတ်ပြီး၊ တစ်ကြိမ်လာလျှင် ၃ရက် မှ ၆ရက်အထိကြာတတ်ပါ သည်။ သို့သော် မိန်းကလေးတစ်ဦးနှင့်တစ်ဦးအကြား ကွဲပြားမှုရှိပါသည်။
ရာသီပေါ်ချိန်ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ကိုက်ခဲနာကျင်ခြင်းသည်ဆယ်ကျော်သက်အရွယ် မိန်းကလေးများတွင်အဖြစ်များပါသည်။ ရောဂါရှိ၍မဟုတ်ပါ။
ပြင်းထန်စွာနာကျင်ပါက အက်စပရင် Asprin သို့မဟုတ် အိုင်ဗျူပရိုဖင် Ibuprofen အကိုက်အခဲပျောက်ဆေးသောက်လျှင် သက်သာနိုင်ပါသည်။ ထို့အပြင် အိပ်ပြီးရေနွေးအိတ်ဖြင့် နာကျင်သည့် ဗိုက်နေရာတွင် ကပ်ပေးခြင်းဖြင့်လည်း သက်သာနိုင်ပါသည်။
ရာသီလာနေစဉ်အတွင်း (အချိန်တိုင်း) အမျိုးသမီးတိုင်းသည် တစ်ကိုယ်ရေသန့်ရှင်းမှု၊ လုံလောက်စွာ အိပ်စက်အနားယူမှုနှင့် အာဟာရဓါတ်ပြည့်ဝသောအစားအစာများကို ပုံမှန်စားသုံးသင့်ပါသည်။ ပုံမှန်စားသောက်နိုင်ပြီး နေ့စဉ်လုပ်နေကျ အလုပ်များကို ဆက်လက် လုပ်ဆောင်နိုင်ပါသည်။ ဓမ္မတာလာနေစဉ်အတွင်း မိမိ၏အိမ်ထောင်ဖက်နှင့် အတူနေခြင်းသည် အန္တရာယ်မရှိပါ။ သို့သော် ကူးစက်ရောဂါ ဥပမာ HIV ပိုးရှိပါက အလွယ်တကူ ကူးစက်နိုင်ပါသည်။
အချို့အမျိုးသမီးများသည် ရာသီသွေးပေါ်ချိန်မမှန်သော်လည်း ရောဂါမရှိတတ်ပါ။ သို့သော်အချို့တွင်မူ နာတာရှည်ရောဂါ၊ သွေးအားနည်း ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ တီဘီရောဂါ၊ ခုခံအားကျဆင်းမှုရောဂါ ပိုဆိုးလာခြင်း (သို့မဟုတ်) ကူးစက်ရောဂါ (သို့မဟုတ်) သားအိမ်တွင် အလုံးအကျိတ်ရှိခြင်းတို့ကြောင့် ရာသီမမှန်ဖြစ်တတ်ပါသည်။
ဓမ္မတာပုံမှန်လာသင့်သည့်အချိန်ထက်နောက်ကျနေပါက ကိုယ်ဝန်ရှိသည့်လက္ခဏာလည်းဖြစ်နိုင်ပါသည်။သို့သော်အပျိုဖော်ဝင်စမိန်းကလေး အများစုနှင့် အသက် ၄၀ ကျော် အမျိုးသမီးများသည် ထိုသို့ ရာသီမမှန်ဖြစ်တတ်ပါသည်။ စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုများလျှင်လည်း ဓမ္မတာ မမှန် ဖြစ်တတ်ပါသည်။
အိမ်ထောင်သည်အမျိုးသမီးများတွင် ရာသီသွေးပုံမှန်လာနေကျအချိန်ထက် နောက်ကျပြီး၊ သွေးပို၍ များများဆင်းကာ၊ အချိန် ကြာမြင့်စွာ ရာသီလာနေလျှင် ကိုယ်ဝန်ပျက်ကျခြင်းလည်း ဖြစ်နိုင်ပါသည်။
၆ရက်ထက် ပိုကြာအောင် သွေးဆင်းပြီး၊ ပုံမှန်ရာသီလာခြင်းထက် ပို၍ သွေးဆင်းခြင်း (သို့မဟုတ်) တစ်လလျှင် တစ်ကြိမ်ထက် ပို၍ ရာသီသွေးဆင်းခြင်းတို့ ဖြစ်ပါက ဆရာဝန်နှင့် ပြသ သင့်ပါသည်။
သွေးဆုံးချိန်သည် အမျိုးသမီးများ၏ လစဉ် ဓမ္မတာသွေးဆင်းခြင်း ရပ်တန့်သွားသည့်အချိန်ဖြစ်သည်။ သွေးဆုံးပြီးနောက် သူမ သည် ကလေးမီးမဖွားနိုင်တော့ပါ။ ယေဘုယျအားဖြင့် ဤပြောင်းလဲမှုသည် အသက် ၄၀ နှစ်နှင့် ၅၀ နှစ်ကြားတွင်ဖြစ်တတ်ပါသည်။ ရာသီသွေး ပေါ်ခြင်းမရပ်တန့်မီ (သွေးမဆုံးမီ)တွင် လပေါင်းများစွာ ဓမ္မတာမမှန်ခြင်း ဖြစ်တတ်ပါသည်။
သွေးဆုံးပြီးနှင့် သွေးဆုံးခါနီးအချိန် သွေးဆင်းမမှန်သော အချိန်တွင် လိင်ဆက်ဆံမှု ရှောင်ကြဉ်စရာ မလိုပါ။ သို့သော် ထိုအမျိုးသမီး သည် ဤအချိန်အတွင်း ကိုယ်ဝန်ရနိုင်ပါသေးသည်။ ကလေးထပ်မလိုချင်လျှင် သားဆက်ခြားနည်းတစ်ခုခု ဆက်လက် လုပ်ဆောင်ရပါမည်။ ရာသီသွေး လုံးဝရပ်တန့်ပြီး ၁၂လအထိ သားဆက်ခြားခြင်းကို ဆက်လက်လုပ်ဆောင်ရန်လိုပါသည်။
သွေးဆုံးချိန်အတွင်း ကိုယ်လက် မအီမသာ ဖြစ်တတ်ပါသည်။ ဥပမာ စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်း၊ ပူပူရှိန်းရှိန်းဖြစ်ခြင်း၊ ကိုယ်ခန္ဓာ တစ်ခုလုံး နာကျင်ကိုက်ခဲခြင်း၊ ဝမ်းနည်းလွယ်ခြင်း အစရှိသည်တို့ ဖြစ်တတ်သည်။ သွေးဆုံးပြီးနောက်တွင် အမျိုးသမီး အများစုမှာ ပြန်ကောင်းလာပါမည်။
ရာသီသွေးအလွန်အကျွံဆင်းသည့် (သို့) နာကျင်ကိုက်ခဲသည့် အမျိုးသမီးများသည် သွေးဆုံးချိန်နှင့် သွေးဆုံးပြီး နှစ်ရှည်လများကြာသော်လည်း သွေး ပြန်ဆင်းတတ်ပါသည်။ ထိုသို့ဆင်းပါက ဆေးပညာကျွမ်းကျင်သူများနှင့် ပြသသင့်ပါသည်။ ကင်ဆာ (သို့မဟုတ်) အခြားပြဿနာများ ရှိ/မရှိ သေချာစွာ စမ်းသပ်စစ်ဆေးသင့်ပါသည်။
သွေးဆုံးပြီးနောက် အမျိုးသမီးများသည် အရိုးပွတတ်ပြီး ကျိုးပဲ့လွယ်ပါသည်။ ထိုသို့ မဖြစ်ပွားစေရန်အတွက် ကယ်လစီယမ် (ထုံး ဓါတ်)များသော အစာများစားရန်လိုအပ်ပါသည်။
ကလေးထပ်ထိန်းစရာမလိုသောကြောင့် သွေးဆုံးပြီး အမျိုးသမီးများအဖို့ အားလပ်ချိန်များစွာ ရလာမည်။ မြေးများနှင့် ပျော်ရွင်စွာ နေထိုင်နိုင်ခြင်း သို့မဟုတ် လူမှုရေးအဖွဲ့အစည်းများ၌ တက်ကြွစွာပါဝင်နိုင်လာမည်။ အချို့သည် သားဖွားဆရာမ သို့မဟုတ် ကျန်းမာရေး အလုပ်သမားများအဖြစ် နေထိုင်သွားကြပါသည်။
အောက်ပါလက္ခဏာများသည် ပုံမှန်ကိုယ်ဝန်သည်တစ်ဦးတွင် တွေ့ရသော လက္ခဏာများဖြစ်သည်။
ပုံမှန်အားဖြင့် ကိုယ်ဝန်ဒုတိယလ (သို့မဟုတ်) တတိယလတွင် နံနက်ခင်းပိုင်း၌ ဆိုးဝါးစွာဖြစ်တတ်သည်။ မုန့်ခြောက်များကို အိပ် ယာ ဝင်ခါနီးအချိန်နှင့် အိပ်ယာမှထခါစတွင် စားသုံးခြင်းဖြင့် ကောင်းပါသည်။ အစာနည်းနည်းကို ခဏခဏစားခြင်းက တစ်ခါတည်းအများ ကြီး စားခြင်းထက် ပိုကောင်းပါသည်။ ချွဲသောအစားအစာများရှောင်ကြဉ်ရမည်။ လဖ႓က်ရည်သောက်သင့်သည်။ သိပ်ပြီးဆိုးဝါးလျှင် အအန် သက်သာစေသည့်ဆေးများကို အိပ်ယာဝင်နှင့် အိပ်ယာထစ နံနက်ခင်းတွင် သောက်ရပါမည်။
ဝမ်းဗိုက် သို့မဟုတ် ရင်ဘတ်ထဲတွင် ပူခြင်း သို့မဟုတ် နာခြင်း (အစာမကျေခြင်း နှင့် ရင်ပူခြင်း တွင် ကြည့်ရန်) ဖြစ်ပါကအစာစားရာတွင်တစ်ကြိမ်လျှင် အနည်းငယ်သာစားခြင်းနှင့် ရေမကြာခဏသောက်ပေးပါ။ အစာကြေဆေးအထူးသဖြင့် ကယ်လစီယမ် ကာဗွန်နိတ်ဓါတ်ပါသော ဆေးများသောက်ပါ။ ချိုချဉ် (သကြားလုံး) ငုံခြင်းဖြင့်လည်း ရင်ပူ / အောင့်ခြင်းသက်သာနိုင်ပါသည်။ ကိုယ်ခန္ဓာအပေါ် ပိုင်း (ရင်ဘတ်နှင့်ဦးခေါင်း)ကို ခေါင်းအုံး (သို့မဟုတ်) စောင်ခေါက်ဖြင့် မြှင့်တင်ပြီး အိပ်စက်ပါက သက်သာနိုင်ပါသည်။
အိပ်စက်အနားယူသည့်အချိန်တိုင်းတွင် ခြေထောက်များကို မြှင့်ထားပါ။ အစာစားရာတွင် ဆား လျော့စားပြီး ငန်သောအစာများရှောင်ကြဉ်ပါ။မျက်နှာ၊ ခြေထောက်နှင့်လက်များ လွန်စွာဖောယောင်ပါက ဆေးပညာကျွမ်းကျင်သူနှင့် ပြသသင့် ပါသည်။ ကိုယ်ဝန်ဆောင်စဉ်နောက်ပိုင်းကာလများ၌ ကလေးမှဖိသဖြင့် ပို၍ယောင်တတ်ပါသည်။ အထူးသဖြင့် သွေးအားနည်းသော (သို့) အာဟာရဓါတ်ချို့တဲ့သော အမျိုးသမီးများ၌ ပိုဆိုးသည်။ ထို့ကြောင့် အာဟာရဓါတ်ပြည့်ဝသော အစားများကိုပို၍စားသုံးသင့်ပါသည်။
ကိုယ်ဝန်ဆောင်များတွင်အဖြစ်များသည်။ သက်သာစေရန် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ခါးမတ်စွာဖြင့်ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း ပြုရ ပါမည်။
ကျေးလက်တောရွာများရှိ အမျိုးသမီးတော်တော်များများသည် ကိုယ်ဝန်မရှိမီကတည်းက သွေးအားနည်းတတ်ကြပြီး၊ ကိုယ်ဝန်ရှိ သောအခါ ပို၍ ဆိုးလာပါသည်။ ကျန်းမာသော ရင်သွေးလေးမီးဖွားစေရန် အစာကောင်းစွာစားရပါမည်။ဖြူဖျော့နေပါက (သို့)အခြားလက္ခဏာ များ တွေ့ရှိပါက အသားဓါတ်များများပါသော အစားအစာနှင့်သံဓါတ်ပါသောအစာများ လိုအပ်ပါသည်။ ပဲမျိုးစုံ၊ မြေပဲ၊ ကြက်သား၊ နို့၊ ဒိန်ခဲ၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါးနှင့် သန့်ရှင်းလတ်ဆတ်သောဟင်းသီးဟင်းရွက်များ စားသုံးရပါမည်။ အထူး သဖြင့်အာဟာရပြည့်ဝသော အစားအစာမရှိလျှင် သံဓါတ်အားဆေး များကိုလည်း သောက်သင့်ပါသည်။ ထိုနည်းအားဖြင့် သွေးအားပိုကောင်းမွန်လာကာ ကလေးမီးဖွားပြီးသွေးသွန်ခြင်းမှကာကွယ်နိုင်ပါသည်။ဖြစ်နိုင်လျှင်သံဓါတ်အားဆေးသာမကပဲ အခြား ဖောလစ် အက်ဆစ်နှင့် ဗီတာမင်စီဆေးများပါသောက်သင့်ပါသည်။ (ဗီတာမင်စီသည် ခန္ဓာကိုယ်တွင်းရှိ သံဓါတ် အသုံးပြုမှုကို အားပေးပါသည်။
သွေးကြောထုံးခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် အဖြစ်များပါသည်။ အဘယ်ကြောင့်ဆိုသော် ရင်သွေးလေး၏ ကိုယ်အလေးချိန် ဖြင့် ခြေထောက်မှလာသော သွေးပြန်ကြောများကို ဖိထားသောကြောင့်ဖြစ်သည်။ ခြေထောက်များကို အချိန်ရသလို မြှင့်တင်ထားရပါမည်။ အကယ်၍သွေးပြန်ကြောပွခြင်း၊ လွန်ကဲစွာကြီးပြီး နာကျင်လျှင် နေ့အချိန်တွင်ပုံတွင်ပြထားသည့်အတိုင်း ခြေစွပ် (သို့) ပတ်တီးဖြင့် သေချာစည်းထုပ်ထားရပါမည်။ ညရောက်မှသာ ခြေစွပ် သို့မဟုတ် ပတ်တီးများကိုဖြည်ပါ။
လိပ်ခေါင်းသည် စအိုရှိသွေးပြန်ကြောများပွခြင်း၊ ထုံးခြင်းပင်ဖြစ်သည်။ ကလေးကြောင့် သွေးပြန်ကြောများ အဖိခံရခြင်းကြောင့် ဖြစ်သည်။ နာကျင်ပါက သက်သာစေရန် ဒူးထောက်ပြီးတင်ပါးများ ကြွထားရမည်(ပုံအတိုင်း)။ သို့မဟုတ် တင်ပါးများကို ရေနွေး ဇလုံတွင်ထိုင်၍ ရေနွေးစိမ်ပေးရမည်။
ဝမ်းချုပ်လျှင် ရေများများသောက်ပါ။ အသီးအရွက်များများစားပါ။ (ဥပမာ ပီလောပီနံမှုန့်၊ ဖွဲနုမှုန့်) လေ့ကျင့်ခန်းလုပ်ပါ။ ဝမ်းနှုတ်ဆေး အပြင်းစားများကို မသောက်ရပါ။
ကိုယ်ဝန်ရပြီးနောက် မည်သည့်အချိန်တွင်မဆို သွေးဆင်းလျှင် အနည်းငယ်ဆင်းသော်လည်း အန္တရာယ်ရှိသည့်လက္ခဏာဖြစ်သည်။ သားပျက် သားလျောခြင်း သို့မဟုတ် သားအိမ်အပြင်တွင် သန္ဓေတည်ခြင်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ပါ က ငြိမ်သက်စွာ လဲလျောင်းစေပြီး ကျန်းမာရေးဝန်ထမ်းထံသို့ ပို့ဆောင်ကုသရပါမည်။
ကိုယ်ဝန် ၆လကျော်မှ သွေးဆင်းလျှင် အချင်း (နောက်လိုက်)သည် မွေးလမ်းကြောင်းဝတွင် ပိတ်ဆို့ခြင်း (အချင်းရှေ့ရောက်ခြင်း) ဖြစ်နိုင်သည်။ ကျွမ်းကျင်ပညာရှင်၏အကူအညီမရလျှင် သွေးဆင်းများပြီးသေနိုင်ပါသည်။ မိန်းမကိုယ်အတွင်း လက်ထည့်စမ်းသပ်ခြင်း (သို့) ပစ္စည်းတစ်ခုခုဆို့ခြင်း လုံးဝမပြုလုပ်ရပါ။ ချက်ချင်း ဆေးရုံသို့ပို့ဆောင်ရန်စီစဉ်ရမည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ဖြူဖျော့ကာ မောပန်းလွယ်ခြင်း ဖြစ်ပါက သွေး အားနည်းသည့်လက္ခဏာဖြစ်ပါသည်။ မကုသပါကကလေးမီးဖွားသည့်အခါ သွေးဆင်းပါကအသက်သေနိုင်ပါသည်။ အရမ်းဆိုးဝါးလျှင် အစား အစာ ကောင်းကောင်းစားသော်လည်း အချိန်မီ မကောင်းနိုင်ပါ။ ကျန်းမာရေးဝန်ထမ်းနှင့် ပြသကာ သံဓါတ်အားဆေးများကို သောက်ရပါမည်။ ဖြစ်နိုင်လျှင် ကလေးကို ဆေးရုံတွင် မွေးဖွားသင့်ပါသည်။ (သွေးသွင်းခံရနိုင်သဖြင့်)
သွေးပေါင်ချိန်(သွေးဖိအား) ၁၄၀/၉၀ သို့မဟုတ် ထို့ထက်ကျော်လျှင် ကိုယ်ဝန်ဆိပ်တက်မည့် လက္ခဏာဖြစ်နိုင်ပါသည်။ ဆီးတွင် (ပရိုတင်းဓါတ်များပါခြင်း၊ ကိုယ်အလေးချိန် ရုတ်တရက် တက်လာခြင်းနှင့် ဖောရောင်ခြင်းတို့သည် အရေးကြီးသော လက္ခဏာများဖြစ်ပါသည်။ ကိုယ်ဝန်ဆိပ်တက်ခြင်းမှ တက်ခြင်း (အကြောဆွဲခြင်း)နှင့် သေသည်အထိ ဖြစ်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်၏ သွေးပေါင်ချိန်တက်ပါက ငြိမ်သက်စွာ လဲလျောင်းကာပိုအနားယူသင့်သည်။ အသားဓါတ်ပြည့်ဝသော အစာ များနှင့် အာဟာရဓါတ်များစွာပါဝင်သောအစာများစားနိုင်သည်။ ဆားငန်သောသားရည်စာနှင့် မုန့်များကိုရှောင်သင့်သည်။ ရက်အနည်းငယ်ကြာသော် သွေးပေါင်ချိန်ပြန်စစ်ဆေးသင့်ပါသည်။
သွေးပေါင်ချိန်တက်နေခြင်း (သွေးတိုးခြင်း)ကို ပြန်မစစ်မိပါက သို့မဟုတ် အသားဓါတ် (ပရိုတိန်း)များ ဆီးထဲပါ ပါက ကိုယ်ဝန် အဆိပ်တက်သည့် အခြားလက္ခဏာများကိုစောင့်ကြည့်ရပါမည်။
သွေးပေါင်ချိန်သည် ၁၆၀ / ၁၁၀ သို့မဟုတ် ပိုမြင့်တက်ပါက (သို့မဟုတ်) အထက်ဖော်ပြပါ လက္ခဏာတစ်ခုခုရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန၏ အကူအညီကို အမြန်ဆုံးယူရပါမည်။
မိခင်တွင် ခုခံအားကျဆင်းမှုရောဂါပိုးရှိလျှင် သူမ၏ရင်သွေးငယ်သို့ ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားချိန်တွင် ကူးစက်နိုင်ပါသည်။ မိခင်မှကလေးသို့ ကူးစက်မှုလျော့ချရန်ဆေးဝါးများရှိပါသည်။ အတွေ့အကြုံရှိသော ကျန်းမာရေးဝန်ထမ်းများနှင့်ဆွေးနွေးရမည်
ကျန်းမာရေးစောင့်ရှောက်မှုဌာနများနှင့်သားဖွားဆရာမများသည် ကိုယ်ဝန်ဆောင်စဉ် လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများ မှန်မှန် ပြုလုပ်ရန်တိုက်တွန်းလေ့ရှိသည်။ အကယ်၍သင်သည် ကိုယ်ဝန်ဆောင်ဖြစ်ပြီး စစ်ဆေးမှုများပြုလုပ်နိုင်လျှင် ကိုယ်ဝန်ဆောင်စဉ်ကြုံတွေ့ရ မည့် ပြဿနာများကို သင်ယူနိုင်မည်ဖြစ်သည်။
အကယ်၍ သင်သည်သားဖွားဆရာမတစ်ဦးဖြစ်လျှင် ကိုယ်ဝန်ဆောင်များအား သွားရောက်ကြည့်ရှုခြင်းဖြင့် သော်လည်းကောင်း၊ ၄င်း တို့အား ခေါ်ယူ၍သော်လည်းကောင်း အရေးကြီးသော ဝန်ဆောင်မှုများပေးနိုင်ပါသည်။ ကိုယ်ဝန် ၆လအတွင်းတွင် တစ်လတစ်ကြိမ်၊ ၇-၈ လတွင် တစ်လနှစ်ကြိမ်၊ နောက်ဆုံးလတွင် တစ်ပတ်တစ်ကြိမ် ခေါ်ယူတွေ့ဆုံသင့်သည်။
မိခင်ဖြစ်သူအား ၄င်း၏ပြဿနာများနှင့် လိုအပ်ချက်များကို မေးမြန်းရပါမည်။ သူမကိုယ်ဝန်ဆောင်အရေအတွက်ကို မေးရပါမည်။ ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ် ကြုံတွေ့ရသော ပြဿနာများအား ဖော်ထုတ်ရပါမည်။ ကလေးနှင့်မိခင်ကျန်းမာစေရေးအတွက် အောက်ပါ အချက်အလက်များအား ပြောပြရမည်။
အမေသည် အာဟာရမျှတပါရဲ့လား၊ သွေးအားနည်းနေသလား၊ ထို့ကြောင့် ပိုမိုကောင်းမွန်သော အစားအသောက် နေထိုင်ပုံများအား ဆွေးနွေးသင့်သည်။ ဖြစ်နိုင်လျှင် သံဓါတ်အားဆေး၊ ဖောလစ်အက်ဆစ်နှင့် ဗီတာမင်စီများ သောက်သုံးမှုရှိရန် စောင့်ကြည့်လမ်းညွှန်ရမည်။ ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်းနှင့် လေပူထခြင်းအား မည်သို့သက်သာအောင်လုပ်သင့်သည်ကို အကြံဥာဏ်ပေးရပါမည်။
အလေးချိန်တိုးခြင်းမှာ ပုံမှန်လား၊ ဆေးခန်းသို့လာသည့်အခါတိုင်း ကိုယ်အလေးချိန်ချိန်ပေးရမည်။ ပုံမှန်အားဖြင့် ကိုယ်ဝန် ၉လ တွင် ၈ကီလိုဂရမ် မှ ၉ကီလိုဂရမ်ထိ ကိုယ်အလေးချိန်တိုးရမည်။ ကိုယ်အလေးချိန်တိုးခြင်း ရပ်တန့်သွားခြင်းသည် မကောင်းသော လက္ခဏာ ဖြစ်ပါသည်။ နောက်ဆုံးလတွင် ရုတ်တရက် ကိုယ်အလေးချိန်တက်လာခြင်းသည် ကိုယ်ဝန်ဆိပ်တက်ခြင်း၏ လက္ခဏာဖြစ်သည်။
ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပေါ်တတ်သော ယေဘုယျ ပြဿနာများအားမေးမြန်းပြီး မည်သို့မည်ပုံ ဖြေရှင်းရမည်ကို ရှင်းပြရမည်။
အန္တရာယ်ရှိသော လက္ခဏာများကို ကြည့်ရှု စစ်ဆေးရမည်။ ဆေးခန်း သို့ လာတိုင်း မိခင်၏ သွေးခုန်နှုန်းကိုစမ်းရမည်။ အကယ်၍ သွေးပေါင်ချိန်တိုင်း ကိရိယာ ရှိလျှင် တိုင်းရမည်။ ကိုယ်အလေးချိန် တိုင်းရမည်။ အောက်ပါ အန္တရာယ်ရှိသော လက္ခဏာများအားစောင့်ကြည့် ရမည်။
အချို့သားဖွားဆရာမများသည် ဆီးထဲသို့တုတ်ချောင်းနှစ်၍ အသားဓါတ်နှင့်အချိုဓါတ်ခမ်းစမ်းသည့် နည်းများကို အသုံးပြုကြသည်။ အချိုဓါတ်မြင့်နေခြင်းသည် ဆီးချိုရောဂါလက္ခဏာတစ်မျိုးဖြစ်သည်။
အကယ်၍ အန္တရာယ်တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အကူအညီတစ်စုံတစ်ရာ ရနိုင်စေရန် လုပ်ဆောင်ထားရမည်။ အထူးဂရုပြုရ မည့်အချက်များအား စစ်ဆေးပြီး ပြဿနာတစ်စုံတစ်ရာရှိပါက ဆေးရုံတွင် မွေးဖွားရန် တိုက်တွန်းရမည်။
မိခင်သည်ဆေးခန်းသို့လာပြသည့်အချိန်တိုင်း သားအိမ်ကိုစမ်းသပ်ရမည်။ (သို့မဟုတ်) မည်သို့ စမ်းသပ်ရမည်ကိုလည်း မိခင် အား သင်ပေးရမည်။
သားအိမ်သည် ချက်၏အပေါ်နှင့် အောက်ဘက် လက်ချောင်းအကျယ်မည်မျှရှိသည်ကို လစဉ်မှတ်သားထားရမည်။ အကယ်၍ ဝမ်း ဗိုက်သည် အလွန်ကြီးသည် (သို့) အလွန်ကြီးထွားမြန်လျှင် အမွှာကိုယ်ဝန်ဖြစ်နိုင်ပါသည်။ ထိုအချိန်တွင် သာမန်ထက်ရေများ ပိုမိုရှိသော ကြောင့် အထဲမှကလေးအား စမ်းသပ်ရန် ခက်ခဲနိုင်သည်။ ဝမ်းဗိုက်တွင် ရေများပိုမိုရှိနေခြင်းက မွေးဖွားစဉ် သွေးအမြောက်အများထွက်နိုင်ပြီး ကလေးတွင်လည်း ချို့ယွင်းမှုများရှိနိုင်ပါသည်။
ဝမ်းဗိုက်တွင်းရှိ ကလေး၏ အနေအထားအား ကြိုးစား၍စမ်းသပ်ရမည်။ အကယ်၍ ၄င်းသည် ဘေးတိုက်အနေအထားဖြစ်နေပါက မမွေးဖွားခင်တွင် ဆရာဝန်ထံသို့ ပို့ဆောင်ရမည်။ အဘယ်ကြောင့်ဆိုသော် ခွဲစိတ်မွေးဖွားရန် လိုအပ်နိုင်သောကြောင့်ဖြစ်သည်။
(၅လ) ပြည့်ပြီးလျှင် ကလေး၏ နှလုံးခုန်သံကို နားထောင်ခြင်းနှင့် လှုပ်ရှားမှု ရှိ/မရှိ စောင့်ကြည့်ရမည်။ သင်သည် သင်၏နားကို ဝမ်း ဗိုက်ပေါ်တွင် ထောက်ထားရမည်။ သို့သော် ဤနည်းလမ်းသည် နားထောင်ရန်ခက်ခဲသည်။ သင့်တွင် ကလေးနှလုံးခုန်သံနားထောင်နိုင်သော ကိရိယာ Fetoscope ရှိလျှင် လွယ်ကူစွာနားထောင်နိုင်သည်။ သို့မဟုတ် တစ်ခုခုဖြင့်ပြုလုပ်နိုင်သည်။ အလူမီနီယံ (သို့မဟုတ်) သစ်သားအမာဖြင့် ပြုလုပ် ထားသောပစ္စည်းဖြင့်ကောင်းစွာအလုပ်ဖြစ်သည်။
မွေးခါနီးလများအချိန်တွင် သန္ဓေသား၏နှလုံးခုန်သံအား မိခင်၏ချက်အောက်တွင် ပို၍ကျယ်လောင်စွာကြားပါက သန္ဓေသား၏ခေါင်းသည် အောက်သို့စိုက်ပြီး ဦးခေါင်းဖြင့် မွေးဖွားနိုင်သည်။ သန္ဓေသား၏နှလုံးခုန်သံအား မိခင်၏ ချက်၏အပေါ်တွင်ကျယ်လောင်စွာကြားပါက သန္ဓေသား၏ဦးခေါင်းသည် အပေါ်သို့ရောက်ရှိနေပြီး တင်ပဆုံပိုင်းဖြင့် မွေးဖွားနိုင်သည်။
ကလေးတစ်ယောက်၏နှလုံးခုန်နှုန်းသည် လူကြီးတစ်ယောက်၏ နှလုံးခုန်နှုန်းထက် နှစ်ဆရှိသည်။ အကယ်၍ သင်သည် စက္ကန့်တံပါသော နာရီတစ်လုံးရှိလျှင် ကလေး၏နှလုံးခုန်နှုန်းကို ရေတွက်နိုင်သည်။ တစ်မိနစ်လျှင် ၁၂၀ မှ ၁၆၀ အထိရှိလျှင် ပုံမှန်ဖြစ်သည်။ အကယ်၍ ၁၂၀ အောက်ရှိလျှင် တစ်စုံတစ်ခုမှားယွင်းနေသည်။ (သို့မဟုတ် သင်သည် မှားယွင်း၍၊ ရေတွက်နိုင်ခြင်း သို့မဟုတ် မိခင်၏နှလုံးခုန်သံကို သွားမှတ်နေခြင်းတို့ ဖြစ်နိုင်သည်။ မိခင်၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်ရမည်။ ကလေး၏နှလုံးခုန်သံကို နားထောင်တတ်ရန် ခက်ခဲတတ်ပြီး၊ လေ့ကျင့်မှုလိုသည်။)
မွေးဖွားချိန်နီးကပ်လာလျှင် မိခင်ကို မကြာခဏပို၍ ကြည့်ရှုရမည်။ အကယ်၍သူမသည် ကလေးမွေးဘူးလျှင် ယခင်ကလေး မီးဖွားကြာမြင့်ချိန်နှင့် ကြုံခဲ့ဘူးသည့်ပြဿနာများရှိ/မရှိခြင်းကို မေးမြန်းရမည်။ ထို့အပြင် တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကြိမ်လျှင် ၁ နာရီကြာ အစာစားပြီးနောက် လဲလျောင်းအနားယူရန် အကြံပေးရမည်။ သူမကို ကလေးမွေးဖွားစဉ် လွယ်ကူစွာ မွေးနိုင်မည့် နည်းလမ်းများနှင့် နာကျင်မှုကို လျော့နည်းစေမည့် နည်းလမ်းများကို ပြောပြထားရမည်။ သင်သည် သူမကို ဖြေးဖြေးနှင့် အသက်ပြင်းပြင်းရှူခြင်း လေ့ကျင့်ခန်းကို လုပ်ခိုင်းရမည်။ သို့မှသာ သူမသည် ကလေးမွေးဖွားစဉ် သားအိမ်ကြွက်သားများ ညစ်နေချိန်တွင် အလားတူ လုပ်နိုင်မည်ဖြစ်သည်။ သူမကို သားအိမ်ကြွက်သားများ နာနေချိန်အတွင်းတွင် လေ့ကျင့်ထားသည့် အသက်ရှုနည်းအတိုင်း ရှုပြီး သားအိမ်ကြွက်သားများ မညစ်သည့်အချိန် (မနာသည့်အချိန်)တွင် အနားယူနေခြင်းဖြင့် သူမကို ခွန်အားတွေရရှိစေခြင်း၊ အနာသက်သာခြင်း၊ လျင်မြန်စွာမွေးဖွားနိုင်ခြင်း စသည်တို့ကို ရှင်းပြရမည်။
အကယ်၍ မွေးဖွားစဉ်အတွင်း ပြဿနာကြုံနိုင်သည်ဟု သံသယရှိလျှင် သင်မဖြေရှင်းနိုင်လျှင် မိခင်ကို သူမ၏ကလေးရရှိနိုင်ရန် ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံသို့ စေလွတ်ရမည်။ မမွေးမီ ဆေးရုံသို့ အချိန်မီ ရောက်နိုင်ရန် စီစဉ်ထားရမည်။
မိခင်တစ်ယောက်သည် နောက်ဆုံးရာသီလာခဲ့သည့် ရက်စွဲကို ပြောနိုင်ခြင်းလျှင်
သူမသည် မည်သည့်နေ့တွင် ကလေးမွေးဖွားမည်ကို ခန့်မှန်းနိုင်သည်။
ခန့်မှန်းနည်းမှာ နောက်ဆုံးရာသီလာခြင်း၏
ပထမရက်မှ ၃ လ နှုတ်ပြီးလျှင် (၇ ရက်) ပေါင်းရမည်။
ဥပမာ သင်၏ နောက်ဆုံးရာသီလာရက်သည် မေ(၁၀ ရက်) ဆိုပါစို့။
မေ ၁၀ ရက်မှ ၃ လ နှုတ်လျှင် ဖေဖော်ဝါရီ ၁ ရက် + ၇ ရက်သည် ဖေဖော်ဝါရီ ၁၇ ရက်။
ကလေးသည် ဖေဖော်ဝါရီ (၁၇) ရက်ပတ်ဝန်းကျင်တွင် မွေးဖွားနိုင်သည်။
သင်၏တွေ့ရှိချက်များကို လစဉ်တိုင်း နှိုင်းယှဉ်ပြီး ရိုးရှင်းသောမှတ်တမ်းများ ထိန်းသိမ်းခြင်းသည် မိခင်သည်ဘယ်လိုတိုးတက်လာ သည်ကို မြင်နိုင်သည်။ နောက်တစ်မျက်နှာသည် ရိုးရှင်းသောမှတ်တမ်းစာရွက်ဖြစ်သည်။ သင်မြင်တွေ့သည့်အတိုင်း ပြောင်းလဲ၍ဖြည့်စွက်ပါ။ စာရွက်ကြီးလေ ပိုကောင်းလေဖြစ်သည်။ မိခင်တစ်ယောက်စီသည် သူမ၏ကိုယ်ပိုင်မှတ်တမ်းစာရွက်ကို ထိန်းသိမ်းထားရမည်။ သူမသည်စစ် ဆေးမှု ပြုလုပ်ရန်လာသည့်အခေါက်တိုင်း ထိုမှတ်တမ်းစာရွက်ကို ယူဆောင်လာရမည်။
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုမှတ်တမ်းအား .jpg ဂျေပက် ၊ .pdf ပီဒီအက်ဖ် ၊ .docx ဒေါ့စ် ရယူရန် သက်ဆိုင်ရာကို နှိပ်ပါ။
ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ်ဝန် ၇ လပြည့်လျှင်အောက်ပါပစ္စည်းများအသင့်ရှိထားသင့်ပါသည်။
လက်နှိပ်ဓါတ်မီး
ကလေးနှလုံးခုန်သံ နားထောင်သော ကိရိယာ (မိခင်၏ဝမ်းဗိုက်ပေါ်မှ ကလေး၏ နှလုံးခုန်နှုန်းနားထောင်ရန်)
ချက်ကြိုးညှပ်ရန် (သို့) မွေးလမ်းကြောင်းမှ သွေးထွက်နေသော သွေးကြောများညှပ်ပိတ်ရန် သွေးကြောထိန်း ညှပ်နှစ်ချောင်း (hemostats)
ကလေး၏နှာခေါင်းနှင့်ပါးစပ်မှ အချွဲများစုပ်ရန် ချွဲစုပ်ကိရိယာ (Suction bulb)
ချက်ကြိုးဖြတ်ရန် ထိပ်မချွန်သော ကတ်ကြေးတစ်လက် (အလွန်အရေးကြီးမှသာ သုံးရန်)
ရာဘာ (သို့) ပလပ်စတစ်လက်အိတ်များ (ပြုတ်၍ ပိုးသတ်ခြင်းကိုခံနိုင်သော) (မိခင်ကိုစမ်းသပ်စဉ်၊ ကလေးထွက် လာသောအချိန်၊ မွေးလမ်းကြောင်း စုတ်ပြဲဒဏ်ရာများ ချုပ်လုပ်စဉ်နှင့် မွေးဖွားပြီး စမ်းသပ်စဉ်အသုံးပြုရန်)
Oxytocin (သို့) ergonovine ထိုးဆေးပုလင်းများစွာ (သို့) misoprostol ဆေးပြားများ
ပိုးသတ်ထားသော ဆေးထိုးပြွန်နှင့် ဆေးထိုးအပ်များ
မွေးလမ်းကြောင်းမှ စုတ်ပြဲဒဏ်ရာများ ပြန်ချုပ်ရန် သန့်ရှင်းသောချုပ်အပ်နှင့် ချုပ်ကြိုးများ
Tetracycline (သို့) Erythromycin မျက်စဉ်းဆေး(ကလေး၏ မျက်လုံးအတွင်း အန္တရာယ်ရှိသော ပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်)
မိခင် (သို့) ဖခင်တွင် HIV ရောဂါပိုးရှိလျှင် မိခင်နှင့် ကလေးအတွက် HIV ဆေးဝါးများ
မီးဖွားခြင်းသည် သဘာဝအလျောက်ဖြစ်ပေါ်နေသော အရေးပါသည့်ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ မီးဖွားမည့်မိခင်သည် ကျန်းမာရေး ကောင်းမွန်ပြီး ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် မည်သည့်အခက်အခဲမှ မရှိပါက မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမှမပါပဲ လွယ်ကူ စွာဖြင့် ကလေးမွေးဖွားနိုင်သည်။ သို့ဖြစ်၍ သာမန်မွေးဖွားခြင်းမျိုးတွင်သားဖွားဆရာမ (သို့) အရပ်လက်သည်များပင် လွယ်ကူစွာ မွေးဖွားပေး နိုင်သည်။
မီးဖွားခြင်းတွင် သာမန်ထက်ပို၍ ခက်ခဲမှုရှိလာပါက တစ်ခါတစ်ရံတွင် မိခင်ရောကလေးပါ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ် ပေါ်လာနိုင်သည်။ အကယ်၍မီးဖွားရန်ခက်ခဲနိုင်သည့်အကြောင်းအရာတစ်ခုခုတွေ့ရှိလာပါက (သို့) အသက်အန္တရာယ်စိုးရိမ်ရသည့် လက္ခဏာ တွေ့ရှိလာပါက အတွေ့အကြုံရှိ၍ ကျွမ်းကျင်စွာမွေးဖွားပေးနိုင်သော သားဖွားဆရာမ (သို့) ဆရာဝန်တစ်ဦးမွေးဖွားပေးရန်လိုအပ်သည်။
အကယ်၍ မီးဖွားပေးမည့်သူသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း နှင့် ခန္ဓာကိုယ်အရေပြားပေါ်တွင် အနာရှိခြင်းတို့ရှိ ပါက မီးဖွားခြင်းကို ကိုယ်တိုင်မဆောင်ရွက်ပဲ အခြားသူတစ်ဦးဦးကို ဆောင်ရွက်ခိုင်းရန် လိုအပ်သည်။
အောက်ဖော်ပြပါ လက္ခဏာရပ်များ တွေ့ရှိလာပါက မီးဖွားခြင်းကို ကိုယ်တိုင်မဆောင်ရွက်ပဲ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ရန်လိုအပ် ပါသည်။
ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ကလေး၏ဦးခေါင်းသည် မိခင်၏ဆီးစပ်နေရာတွင်ရှိမှသာ ပုံမှန်မွေးဖွားရန်လွယ်ကူသည့်အနေအထား ဖြစ်သည်။ ကလေးအနေအထားမှန်ကန်မှု ရှိ/မရှိ စစ်ဆေးနိုင်ရန်။
အကယ်၍မီးဖွားမည့် အချိန်မတိုင်မီတွင် လေး၏ ဦးခေါင်းသည်မိခင်၏ တင်ပါးဆုံ အထက်နားတွင် ရှိ၍ လှုပ်ရှားမှု ပြုနိုင်မည် ဖြစ်ပြီး မွေးဖွားမည့် ရက်နီး လာပါက ကလေးဦးခေါင်းသည် တင်ပါးဆုံရိုးတွင်းသို့ဝင်ရောက် သွားပြီ ဖြစ်၍ လှုပ်ရှား၍ မရနိုင်တော့ပေ။
အချို့သားဦးများသည် မမွေးခင် ၂ ပါတ်ကတည်းက ကလေးဦးခေါင်းသည် တင်ပဆုံအတွင်းသို့ ဝင်ရောက်နေတတ်သည်။ နောက်ပိုင်းတွင် ကလေးမမွေးခင်အထိ ဆက်၍ မဝင်တော့ပေ။
ကလေး၏ ဦးခေါင်းသည် အောက်ပိုင်းတွင်ရှိ၍ မိခင်၏ဆီးစပ်နေရာတွင်ရှိပါက ပုံမှန်မွေးဖွားရန်လွယ်ကူနိုင်သည်။
ကလေး၏ဦးခေါင်း သည် အထက်ပိုင်းနားတွင်ရှိ၍ တင်ပါးဆုံရိုးသည်အောက်ပိုင်းသို့ ရောက်နေပါက ကိုယ်ဝန်ကို နီးစပ်ရာဆေးရုံတွင် မွေးဖွားရန်လို အပ်သည်။
အကယ်၍ ကလေးသည် ကန့်လန့်ဖြစ်နေခြင်း (သို့) တစ်ဖက်ဖက်သို့ ကပ်နေ၍ ဦးခေါင်းသည် မိခင်၏တင်ပါးဆုံရိုးတွင်းသို့ စိုက် ဝင်နေခြင်းမျိုးမရှိလျှင် မိခင်ရော ကလေးပါ အသက်အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆေးရုံတွင်မွေးဖွားရန်လိုအပ်ပါသည်။
ကလေးမွေးဖွားမှုဖြစ်စဉ်တွင် အဆင့် ၃ ဆင့် (သို့) အပိုင်း ၃ ပိုင်းရှိသည်။
မွေးဖွားခြင်း ပထမအဆင့်သည် အများအားဖြင့် သားဦးကိုယ်ဝန်တွင် ၁၀ နာရီ မှ နာရီ ၂၀ နှင့်အထက်ထိ ကြာနိုင်ပြီး ကျန်ကိုယ်ဝန် များတွင် ၇နာရီ မှ ၁၀ နာရီထိ ကြာတတ်သည်။ ကွဲပြားမှုများစွာရှိသည်။
ပထမအဆင့်တွင် မိခင်သည်မွေးဖွားမှုကို ဆန်ဒမစောသင့်ပေ။ ဤအဆင့်တွင် နှေးကွေးနေခြင်းသည် သဘာဝအရ ပုံမှန်သာဖြစ်သည်။ ထိုအခါမိခင်သည် မွေးဖွားခြင်းတိုးတက်မှုကို မခံစားရပဲ စိုးရိမ်စိတ်များ ဝင်လာတတ်သည်။ ထိုသို့ဖြစ်လာပါက မိခင်အား မစိုးရိမ်ရန် အားပေးရမည်။ မီးဖွားလျှင် အများစုမှာ ယင်းကဲ့သို့ ဖြစ်လေ့ရှိကြောင်း ရှင်းပြရမည်။
ကလေးသည် မွေးလမ်းကြောင်းထဲသို့ မတိုးပဲ၊ မိခင်သည် ညှစ်ချင်စိတ်မဖြစ်ပေါ်ပဲ ကလေးအား မွေးဖွားရန် တမင်အားစိုက်ညှစ်၍ မကြိုးစားသင့်ပေ။
မိခင်၏ အူလမ်းကြောင်းနှင့် ဆီးအိမ်အတွင်း ရှင်းနေစေရန် ဆီးပေါက်ပါစေ။ ဝမ်းသွားပါစေ။
မွေးဖွားချိန်တွင် မိခင်သည် ဆီးခဏခဏ သွားပါစေ။ နာရီများစွာ ဝမ်းမသွားနိုင်လျှင် ဝမ်းချုခြင်းဖြင့် မွေးဖွားမှုကိုလွယ်ကူစေသည်။ မွေးဖွားချိန်တွင် ရေနှင့်အခြားအရည်များကို မကြာမကြာသောက်ရမည်။ ခန္ဓာကိုယ်အတွင်း အရည်နည်းနေလျှင် မွေးဖွားမှုကိုနှေးစေ၊ ရပ်သွား စေနိုင်သည်။ အကယ်၍ မွေးဖွားမှုကြာရှည်နေလျှင် ဗိုက်တင်းနေအောင်မစားပဲ အဆာပြေသာစားသင့်သည်။ အကယ်၍ ပျို့အန်နေလျှင် ဓါတ် ဆား၊ လက်ဖက်အခါးရည်၊ သစ်သီးဖျော်ရည် အနည်းငယ်စီကို သားအိမ်ညှစ်ခြင်း တစ်ကြိမ်နှင့် တစ်ကြိမ်ကြား သောက်ပေးသင့်သည်။
မွေးဖွားစဉ်တွင် မိခင်၏ ကိုယ်ခန္ဓာအနေအထားအား မကြာမကြာပြောင်းပေးခြင်း၊ လမ်းလျှောက်ခြင်းတို့ပြုလုပ်ရမည်။ ပက်လက် အနေအထားတွင်ကြာရှည်စွာ မနေသင့်ပေ။
ကလေးမွေးဖွားခြင်း၏ ပထမအဆင့်တွင် သားဖွားဆရာမ (သို့) ကလေးမွေးဖွားပေးမည့်သူသည်
သားဖွားဆရာမက ဝမ်းဗိုက်ကိုနှိပ်ခြင်း (သို့) တွန်းခြင်း မပြုလုပ်ရ။ ထိုအချိန်တွင် မိခင်ကို ညှစ်ရန် (သို့) မွေးရန်၊ မခိုင်းပါနှင့်။ မိခင်က အရမ်းကြောက်နေလျှင် (သို့) အရမ်းနာနေလျှင် မိခင်ကိုသားအိမ်ညှစ်နေစဉ် အသက်ပြင်းပြင်းနှင့် နှေးနှေးမှန်မှန်ရှုခိုင်းပြီး၊ သားအိမ် အညှစ်ရပ်သွားလျှင် ပုံမှန်ရှုခိုင်းရမည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် မိခင်၏ ကြောက်ရွံ့မှု (သို့) နာကျင်မှုတို့ကို လျော့နည်းစေမည်။ မိခင်ကိုလည်း ယင်းသို့ နာခြင်းမှာ ပုံမှန်ဖြစ်ပြီး ကလေးအပြင်ကိုထွက်ရန် နာခြင်းဖြစ်ကြောင်း ရှင်းပြထားရမည်။
ကလေးမွေးဖွားခြင်း၏ ဒုတိယအဆင့်တွင် ကလေးသည် မိခင်၏ ဝမ်းဗိုက်အတွင်းမှ အပြင်သို့ထွက်လာခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ရေမွှာ ပေါက်ခြင်းမှ စတင်သည်။ ဒုတိယအဆင့် ပထမအဆင့်ထက်ပို၍ လွယ်ကူပြီး ၂နာရီခန့်သာ ကြာမြင့်သည်။ သားအိမ် ညှစ်နေစဉ် မိခင်ကို အားကုန်ညှစ်ခိုင်းရမည်။ သားအိမ်အညှစ်ရပ်လျှင် မိခင်မှာ ပင်ပန်းပြီး မှိန်းနေမည်။ ယင်းသို့ဖြစ်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
ကလေးမွေးဖွားရန် မိခင်မှာအသက်ပြင်းပြင်းရှုပြီး ဝမ်းသွားသကဲ့သို့အားကုန်ညှစ်ရသည်။ ရေမွှာပေါက်ပြီး ကလေးထွက်လာလျှင် မိခင်က သူမ၏ ဒူးခေါင်းကို အောက်ပါအတိုင်း ကွေးထားရမည်။
မိခင်ညှစ်ပြီးနောက် မွေးလမ်းကြောင်းပွင့်၍ ကလေးခေါင်းမြင်ရချိန်တွင် သားဖွားဆရာမ (သို့) ကလေးကူမွေးပေးမည့်သူသည် ကလေးမွေးဖွားရန်အတွက် အဆင်သင့် ဖြစ်နေရမည်။ ထိုအချိန်တွင် ကလေးခေါင်း ဖြည်းဖြည်းချင်းထွက်လာစေရန်အလို့ငှာ မိခင်မှ အားထည့်ညှစ်ခြင်း မပြုလုပ်ရန် အရေးကြီးသည်။ အားထည့်ညှစ်မိလျှင် မိန်းမကိုယ် အင်္ဂါစုတ်ပြဲစေတတ်သည်။
ပုံမှန်ကလေးမွေးဖွားနေစဉ် သားဖွားဆရာမမှ မိခင်၏မိန်းမကိုယ်အတွင်းလက်ထည့်ခြင်း၊ လက်ချောင်းဖြင့်စမ်းခြင်းများ လုံးဝမပြုလုပ် ရပါ။ ဤသို့ပြုလုပ်လျှင် ကလေးမွေးဖွားပြီးနောက် မိခင်တွင်ရောဂါပိုးဝင်တတ်သည်။
ကလေးခေါင်းထွက်လာလျှင် သားဖွားဆရာမက ကလေးခေါင်းကို အလိုက်သင့်ထိန်းပေးရမည်။ ဆွဲရန်မလိုပါ။ ကလေးမွေးဖွားမည့် သူ (ကလေးကောက်မည့်သူ) မှ လက်အိတ်ဝတ်ကာ မွေးပေးခြင်းသည် မိခင်၊ ကလေး၊ နှင့် သားဖွားဆရာမတို့အတွက် ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မည်။
ပုံမှန်အားဖြင့်ကလေးခေါင်းမှာ ဤကဲ့သို့ထွက်လာသည်။
၁။ သားဖွားဆရာမက ကလေးခေါင်းကို ဂရုတစိုက် ကိုင်ပြီး အောက်သို့ ဆွဲနှိမ့်လိုက် ခြင်းအားဖြင့် အပေါ်ဖက် ပခုံးထွက်လာမည်။
၂။ ထို့နောက် ကျန်သောပခုံးထွက်လာစေရန် ကလေးခေါင်းကို အပေါ်သို့အနည်းငယ်မလိုက်ပါ။ မွေးလမ်းကြောင်းမှ ကလေး ထွက်လာစဉ် မိခင်ကိုယ်တိုင်မှလည်း ကလေးအားညှစ်ထုတ်ပေးပါ။ သားဖွားဆရာမမှ ကလေးခေါင်းအား ဆွဲခြင်း (သို့) လှည့်ခြင်း (သို့) ကလေးလည်ပင်းအား ခေါက်ခြင်းများ မပြုလုပ်သင့်ပါ။
ကလေးမီးဖွားပြီးအချိန်မှ အချင်းကျပြီးတဲ့အချိန်အထိဖြစ်သည်။ ပုံမှန်အားဖြင့်အချင်းသည် မွေးပြီး ၅မိနစ် မှ ၁နာရီအတွင်း ကျသည်။ တစ်ပြိုင်နက်တည်း ကလေးကိုပြုစုပါ။ အကယ်၍ သွေးအထွက်များလျှင် (သို့မဟုတ်) အချင်းသည် ၁နာရီအတွင်း၊ မကျလျှင် နီးစပ်ရာ ဆေးရုံသို့ ချက်ချင်း လွဲပို့ပါ။
ကလေးမွေးဖွားပြီးပြီးချင်း။
ကလေးကိုမွေးပြီးသောအခါ ချက်ကြိုးတွင် သွေးခုန်ခြင်း၊ ဖောင်းနေခြင်းရှိလျှင် ခေတ္တစောင့်ပါ။
ခဏကြာလျှင် ချက်ကြိုးသည် ပြား၍ဖြူသွားပြီး သွေးခုန်ခြင်းရပ်သွားလျှင်၊ ၄င်းကို သန့်ရှင်းသောအဝတ်စ၊ ကြိုးတို့နှင့် နေရာနှစ်ခုတွင် ချည်လိုက်ပါ။ ထို့နောက် ချည်ထားသော နေရာနှစ်ခုကြားမှ ချက်ကြိုးကို ပလိတ်ဓားဖြင့် ဖြတ်ပါ။
အရေးကြီးသည်မှာ သန့်ရှင်းသော၊ မသုံးရသေးသော ပလိတ်ဓား သုံး၍ဖြတ်ပါ။
ချက်ကြိုးကို မချည်ခင် လက်ကို သေသေချာချာဆေးပါ။ (သို့) လက်အိတ်ဝတ်ပါ။
ပလိတ်ဓား အသစ်မရှိလျှင် ကတ်ကြေးကို ရေနွေးပြုတ်၍ သုံးနိုင်သည်။
ချက်ကြိုးကို ကလေး၏ ကိုယ်မှ ၂ စင်တီမီတာ (တစ်လက်မ) ခန့်သာ ချန်၍ ဖြတ်ခြင်းအားဖြင့် မေးခိုင်ရောဂါကို ကာကွယ်ရာ ရောက်ပါသည်။
ချက်တိုင်ကို သန့်ရှင်းခြောက်သွေ့နေပါစေ။ ကလေးချက်တိုင်ကို မကိုင်ခင် သင့်ရဲ့ လက်ကိုဆေးပါ။
ချက်တိုင်သည် ညစ်ပတ်နေလျှင် (သို့) သွေးခြောက်များရှိနေလျှင် အရက်ပြန်နှင့် ညင်ညင်သာသာ ဆေးကြောသန့်စင်ပါ။ ချက်တိုင်ထဲသို့ မည်သည့်ပစ္စည်းမျှမထည့်ရ။ ဖုန် (သို့) အညစ်အကြေးများဝင်လျှင် မေးခိုင်ရောဂါရ၍ ကလေးကို သေစေတတ်သည်။
ကလေးကို သေးခံဝတ်ပေးလျှင်လည်း သေးခံအနားသည် ချက်ရဲ့အောက်တွင်ရှိနေပါစေ။
ချက်တိုင် အနီးအနားတွင် ယောင်ရဲလာလျှင် အနံ့ရလျှင် ပြည်များကို ညှစ်ထုတ်ပစ်ပါ။ စာ၂၇၂ ကို ကြည့်ပါ။
ချက်တိုင်သည် ကလေးမွေးပြီး (၅)ရက် မှ (၇)ရက်တွင် ကြွေကျသည်။ ချက်တိုင်ကြွေပြီး သွေးစ အနည်းငယ် (သို့) နူးညံ့သောအမြှုပ် ရှိနေ နိုင်သည်။ ၄င်းသည် ပုံမှန်ပင် ဖြစ်ပါသည်။ သို့သော် သွေးများ (သို့) ပြည်များရှိလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ ပြသရမည်ဖြစ်ပါသည်။
ခြောက်သွေ့နူးညံ့ပျော့ပျောင်းသောအဝတ်ဖြင့် ကလေးကိုယ်မှ သွေးနှင့် အရည်များကို သန့်ရှင်းပါ။
ချက်တိုင်မကြွေခင်အထိ ကလေးကို ရေမချိုးရ။ ချက်တိုင်ကြွေပြီးပါက ရေချိုးလျှင် ရေနွေးနှင့် ကလေးသုံး ကိုယ်တိုက်ဆပ်ပြာကိုသုံးပါ။
ကလေးမွေးဖွားပြီးပြီးချင်း မိခင်၏ ရင်ဘတ်(နို့အုံ)နားတွင် ကပ်ထားပါ။
ကလေး နို့တိုက်ခြင်းသည် မိခင်အချင်းကို အလွယ်တကူ ကွာစေပြီး၊ ကလေး မွေးပြီးသွေးသွန်ခြင်းကို ကာကွယ်ပေးပါသည်။
ပုံမှန်အားဖြင့် အချင်းသည် ကလေးမွေးပြီးနောက် ၅မိနစ်နှင့် နာရီဝက်ကြားတွင် ကျသည်။ သို့သော် တစ်ခါတစ်ရံ ပိုကြာတတ်သည်။
အချင်းကျပြီးနောက် ၄င်းအချင်းအား လက်နှစ်ဖက်နှင့် သေချာကိုင်၍ အမွှာလေးများပြည့်စုံမှု ရှိမရှိ စစ်ဆေးရမည်။ အကယ်၍ အချင်းအပိုင်းအစတစ်ခု သားအိမ်ထဲတွင် ကျန်ခဲ့ပါက သွေးထွက်များခြင်း၊ ပိုးဝင်ခြင်းများဖြစ်တတ်သည်။ လက်အိတ် သို့မဟုတ် ပလတ်စတစ် စွပ်၍၊ အချင်းကို ကိုင်တွယ်စစ်ဆေးပါ။ ပြီးလျှင် လက်ဆေးပါ။
သွေးများများ မထွက်လျှင်၊ စိတ်ပူစရာမလို။ ဘာမျှ လုပ်စရာမလို။ အချင်းကြိုးအား ဆွဲမချရ။ ထိုသို့ဆွဲချပါက သွေးထွက်များနိုင်ပါသည်။ အန္တရာယ်ရှိနိုင်ပါသည်။ တစ်ခါတစ်ရံတွင် အမေမှ ဆောင့်ကြောင့် ထိုင်လိုက်ပြီး၊ ညှစ်ချလျှင် အချင်းကျလာတတ်ပါသည်။ အမေတွင် သွေးထွက်များပါက ဝမ်းဗိုက်မှတဆင့် သားအိမ်အား စမ်းကြည့်ရပါသည်။ သားအိမ်ပျော့နေလျှင်
သားအိမ်အား မာလာသည့်တိုင်အောင် နှိပ်နယ်ပေးရသည်။ သို့မှသာ သားအိမ်ကြုံ့သွားပြီး၊ အချင်းကို ကွာကျလာစေမည်။
အချင်းကလည်း မကျ၊ သွေးထွက်ခြင်းလည်း မရပ်ပါက၊ သားအိမ်၏အခြေကို မ ထိန်းထားပြီး၊ သားအိမ် ထိပ်မှ သေချာစွာ ဖိပေးပါ။
အချင်းက ထွက်မလာဘူး၊ သွေးက ဆက်ထွက်နေရင် သားအိမ်အပေါ်ကနေ အောက်ကို ဖိပေးပါ၊ သားအိမ်ရဲ့ အောက်ပိုင်းကို ပင့်ထောက်ထားပါ။
အကယ်၍ အချင်းမကျသေးပဲ သွေးထွက်ခြင်းလည်း မရပ်လျှင် သွေးထွက်ခြင်းအား ထိန်းချုပ်နိုင်သောဆေးများဖြင့် ကုသပေးရန်လိုအပ်ပြီး၊ ဆေးရုံဆေးခန်းသို့ လွဲပို့ပေးရမည်။
အချင်းကျပြီးနောက် သွေးဆင်းတတ်ပါသည်။ ပုံမှန်အားဖြင့် မိနစ်အနည်းငယ်ကြာ လက်ဖက်ရည် အကြမ်းပန်းကန် တစ်ခွက်ခန့် သွေးဆင်းတတ်ပြီး နည်းနည်းခြင်း ရက်တစ်ပတ်ကြာ သွေးဆင်းတတ်ပါသည်။ အန္တရာယ် မရှိပါ။
သတိထားရမည့်အချက်တစ်ခါတစ်ရံတွင် အမျိုးသမီးမှ သွေးဆင်းခြင်းမရှိပဲ သားအိမ်တွင်း သွေးယိုခြင်း ရှိတတ်ပါသည်။ ဝမ်းဗိုက်အား မကြာ မကြာ စမ်းပြီး သားအိမ် ဖောင်းလာပါက အတွင်းသွေးယိုခြင်းကို သတိထားရပါသည်။ သွေးပေါင်ကျခြင်း လက္ခဏာများအား ကြည့်ရှုရပါမည်။
ဆေးများပေးရာတွင် သတ်မှတ်ထားသောပမာဏနှင့် ညွှန်ကြားချက်အတိုင်းသာ ပေးရပါမည်။ အောက်စီတိုစင် Oxytocin, မီဆိုပရိုစတော misoprostol, အာဂိုနိုဗင်း ergonovine ဆေးများအား ပေးနိုင်ပါသည်။ အချင်းသည် သားအိမ်တွင်းမှာသာ ရှိနေသေးလျှင် အာဂိုနိုဗင်း ergonovine အစား အောက်စီတိုစင် oxytocin နှင့် မီဆိုပရိုစတော misoprostol ကိုသုံးရပါ မည်။
သွေးထွက်များခြင်းကို ထိန်းချုပ်နိုင်ရန် ကလေးအားနို့စို့ခိုင်းရပါမည်။ ကလေးနို့မစို့ပါက အမေ၏နို့သီးခေါင်းအား ညင်သာစွာ ဆွဲပြီး နှိပ်နယ်ပေးရပါမည်။ ထိုသို့လုပ်ပါက သွေးအထွက်ရပ်စေသော ဟော်မုန်းထွက်စေပါသည်။
သွေးထွက်ခြင်းဆက်ရှိနေပါက
ဆက်လက်၍ သွေးထွက်နှုန်းရပ်ရန် ဝမ်းဗိုက်အတွင်းရှိ သားအိမ်အားဖိထားရမည်။ သွေးထွက်ရပ်သည်ထိ ဖိထားရမည်။
သားအိမ် အား ပြန်စမ်းရမည်။ ပျော့နေသေးပါက နောက်တစ်ကြိမ်နှိပ်နယ်ပေးခြင်းပြုလုပ်ရမည်။
သားအိမ်မကျုံ့မချင်း၊ သွေးမရပ်မချင်း ၄င်းနည်းအတိုင်း ဆက်လက်ဆောင်ရွက်ပါ။
ထိုသို့ပြုလုပ်နေသော်လည်း သွေးမရပ်လျှင် သားအိမ်အား လက်နှစ်ဖက်ဖြင့်ခန္ဓာကိုယ်အားကိုသုံး၍ ဆီးခုံရိုးအား ဆန့်ကျင်၍ ကုတ် ဆွဲ ဖိထားရမည်။ ၄င်းအား ဆေးရုံ၊ ဆေးခန်းရောက်သည်အထိ ပြုလုပ်ပေးရမည်။
အချို့ဆရာဝန်များသည် Vit K အား သွေးတိတ်ရန် သုံးနေကြသော်လည်း သွေးတိတ်ခြင်းအား မကူညီပါ။ Vit K သည် ကလေးများ အတွက်သာ အသုံးဝင်သည်။ လူကြီးအတွက် အသုံးမဝင်ပါ။
သွေးထွက်ခြင်းကို ထိန်းပေးသောဆေးဝါးများ (အောက်စီတိုစင် Oxytocin, မီဆိုပရိုစတော misoprostol, အာဂိုနိုဗင်း ergonovine)
အာဂိုနိုဗင်း၊ အာဂိုမက်ထရင်း၊ အောက်စီတိုစင်၊ မစ်ဆိုပရိုစတော အစရှိသည့်ဆေးဝါးများသည် သားအိမ်နှင့် ၄င်း၏သွေးကြောများ ကို ကျုံ့အားကောင်းစေသည်။ အရေးကြီးသောဆေးများဖြစ်သကဲ့သို့ အန္တရာယ်လည်းများသည်။ မှားယွင်းစွာအသုံးပြုမိပါက မိခင် သော် လည်းကောင်း၊ သားအိမ်အတွင်းမှ ကလေးသော်လည်းကောင်း သေစေနိုင်ပါသည်။ မှန်ကန်စွာ အသုံးချလျှင် အသက်ကယ်ဆေးဖြစ်သည်။ ၄င်းတို့၏ အသက်ကယ်ရာတွင် အသုံးပြုပုံများမှာ
အချင်းမကျမီ (သို့) အချင်းကျပြီးနောက်ပိုင်း သွေးထွက်များလျှင် အောက်စီတိုစင် ၁၀ ယူနစ်ကို မြန်မြန်အသားဆေးထိုးပါ။ ၁၅မိနစ် ကြာပြီးနောက် သွေးမတိတ်လျှင် နောက်ထပ် ၁၀ ယူနစ်ထိုးပါ။ အောက်စီတိုဆင်မရှိပါက မစ်ဆိုပရိုတိုစတောကို ၄င်းအစား အသုံးပြုနိုင်ပါ သည်။ အချင်းကွာပြီးနောက် သွေးထွက်လွန်ပါက အာဂိုနိုဗင်း (သို့) အာဂိုမက်ထရင်း ပေးနိုင်ပါသည်။ ၄င်းဆေးကို အချင်းမကွာမီနှင့် သွေးတိုး ရှိသော မိခင်များတွင် အသုံးမပြုရပါ။
အရေးကြီးသောအချက်မှာ မီးဖွားပေးမည့်သားဖွားဆရာမနှင့် ကျန်းမာရေးလုပ်သားများသည် သွေးထွက်လွန်ခြင်းနှင့် ကြုံတွေ့ရ သည့်အခါ ကုသရန် ဆေးဝါးအလုံအလောက်ပါရှိရမည်။ သို့မှသာ သွေးထွက်လွန်ခြင်းကြောင့် သေဆုံးနိုင်သည့် မိခင်များကို အသက်ကယ် ဆယ်နိုင်မည်။
ယခုအခါ အချို့သောသားဖွားမီးယပ်ပညာရှင်များက မီးဖွားပြီး၊ မိခင်တိုင်းအား မီးဖွားပြီးနောက် သွေးသွန်ခြင်းကိုကြိုတင်ကာကွယ် နိုင်ရန် အထက်ဖော်ပြပါ ဆေးတစ်မျိုးမျိုးကို မွေးပြီးပြီးချင်း ၁ ကြိမ်ပေးရန်ညွှန်ကြားထားသည်။ ထိုသို့ပြုလုပ်ခြင်းသည် အသက်အန္တရာယ်ရှိ သော သွေးထွက်လွန်ခြင်းအချို့ကို ကာကွယ်နိုင်သော်လည်း မိခင်အများစုမှာ မလိုအပ်ပဲ ဆေးပေးခြင်းခံရနိုင်သည်။ သားဖွားဆရာမများ အတွက်မူ အရေးကြုံလာလျှင်သုံးရန် ဆေးအနည်းငယ်သာရှိ၍ ရွေးချယ်သုံးရလိမ့်မည်။
သားလျောပြီးနောက်မိခင်သည် ရုတ်တရက်သွေးထွက်လွန်ပြီး ဆေးဝါးကုသရန် အနီးဆုံးနေရာနှင့် လက်လှမ်းမမီခဲ့လျှင် အထက် တွင် ဖော်ပြခဲ့သည့်အတိုင်း အောက်စီတိုဆင်၊ မစ်ဆိုပရိုစတော (သို့) အာဂိုနိုဗင်းတို့ကို အသုံးပြုနိုင်ပါသည်။
မီးဖွားရမြန်စေရန်နှင့် မိခင်သားအိမ်ညှစ်အားကောင်းစေရန် အာဂိုနိုဗင်း၊ အောက်စီတိုဆင် (သို့) မစ်ဆိုပရိုစတော တို့ကို အသုံးပြု ခြင်းသည် မိခင်နှင့်ကလေးနှစ်ဦးစလုံးအတွက် အန္တရာယ်များပါသည်။ ၄င်းဆေးများသည် ကလေးမထွက်မီအသုံးမပြုသင့်ပါ။ သေချာစွာ လေ့ ကျင့်ပေးထားသော မီးဖွားပေးသူများသာ အသုံးပြုသင့်ပါသည်။
မီးဖွားစဉ်ညှစ်အားကောင်းစေရန် ဆေးသုံးခြင်းသည် မိခင်၊ ကလေး (သို့) နှစ်ဦးလုံးအတွက် အသက် အန္တရာယ်ရှိပါသည်။
ညှစ်အားကောင်းစေရန်နှင့် မြန်မြန်မွေးစေရန်အတွက်အန္တရာယ်ကင်းစိတ်ချရသော ဆေးဝါးမရှိပါ။ အကယ်၍ မိခင်ကို ကလေးမီးဖွား ရာတွင်အားရှိစေလိုပါက အာဟာရပြည့်သော အစားအစာများကို များများစားခိုင်းပါ။ အထူးသဖြင့် ကိုယ်ဝန် ၉လပိုင်းတွင် အစားပိုစားပါစေ။ သားဆက်ခြားခိုင်းပါ။ ကလေးတစ်ယောက်နှင့်တစ်ယောက်ကြား နှစ်အနည်းငယ်ခြားမှသာလျှင် မီးဖွားမိခင်များအတွက် လုံလောက်သောအား ပြန်ဖြစ်နိုင်မည်။
မီးဖွားစဉ် ဆိုးဆိုးဝါးဝါးပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် အကူအညီခေါ်ရန် အရေးကြီးပါသည်။ မီးဖွားစဉ်တွင် နောက်ဆက်တွဲပြဿနာများစွာ ရှိတတ်ပါသည်။ အချို့မှာပြင်းထန်ဆိုးဝါးပါသည်။ ၄င်းတို့ထဲမှ အတွေ့ရအများဆုံး ပြဿနာ အချို့ကို ဖော်ပြပေးပါမည်။
သားအိမ်ညှစ်အားသည် လျော့သွားခြင်း (သို့) ရပ်သွားခြင်းဖြစ်နိုင်ပါသည်။ ဖြစ်စေနိုင်သော အချက်များမှာ
တစ်ခါတစ်ရံတွင် သားဖွားဆရာမသည် မိခင်၏ ဝမ်းဗိုက်ကို စမ်းသပ်ရာမှလည်းကောင်း၊ ကလေး၏ နှလုံးခုန်သံနေရာကို နားထောင်ရာ မှ လည်းကောင်း တင်ပဆုံ အနေအထားကို သိရှိနိုင်သည်။ တင်ပဆုံမွေးရာတွင် ဤပုံစံအနေအထားဖြင့် ပို၍လွယ်ကူနိုင်သည်။
ကလေး၏ခြေထောက်ထွက်လာသည်နှင့် လက်ကို စင်ကြယ်စွာဆေး၍ အရက်ပြန်နှင့်သုတ်ပါ။ (သို့မဟုတ် ပိုးသတ်ထားသော လက်အိတ်ကို ဝတ်ပါ။) ထို့နောက်
အကယ်၍ ကလေးခေါင်း မထွက်သေးလျှင် မိခင်ကို ပက်လက်လှန်၍ အိပ်ခိုင်းပါ။ သင်၏လက်ချောင်းများကို ကလေး၏ ပါးစပ် အတွင်းသို့ထည့်ပြီး ကလေးဦးခေါင်းကို ရင်ဘတ်ဆီသို့တွန်းပါ။ တစ်ပြိုင်နက်မှာပင် အခြားသူတစ်ဦးက မိခင်၏ ဝမ်းဗိုက်ကို ဖိနှိပ်ပြီး ကလေးဦးခေါင်းကို အောက်သို့တွန်းပါ။ မိခင်အား ကြိုးစား၍ ညှစ်ခိုင်းပါ။ သို့သော် ကလေး၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆွဲချခြင်း မပြုလုပ်ရပါ။
အကယ်၍ မွေးလမ်းကြောင်းမှ ကလေး၏လက်တစ်ဖက်ပထမဦးစွာ ထွက်လာခဲ့လျှင် ဆေးရုံသို့ အမြန်ပို့ရမည်။ ကလေးထွက်ရန်အတွက် ခွဲစိတ်မွေးဖွားရန်လိုအပ်မည်ဖြစ်သည်။
တစ်ခါတစ်ရံတွင် ကလေး၏ချက်ကြိုးသည် ကလေး၏လည်ပင်း၌ တင်းကြပ်စွာ ရစ်ပတ်နေသောကြောင့် ကလေးမှာ အပြင်မထွက် နိုင်ပဲ ဖြစ်နေတတ်ပါသည်။ ထိုအခါမျိုးတွင် ကလေး၏ လည်ပင်းမှ ချက်ကြိုးကို ဖြည်ရန်ကြိုးစားပါ။ ဖြည်ရန် မဖြစ်နိုင်လျှင် ချက်ကြိုးအား ချည်၍ ဖြတ်ပစ်ရပါမည်။ ချက်ကြိုးဖြတ်ရန်အတွက် ရေနွေးဖြင့် ပြုတ်ထားသော ထိပ်တုံး (ကတ်ကြေးထိပ် ချွန်မနေခြင်း) ကတ်ကြေးကို အသုံးပြုရပါမည်။
ရေမွှာပေါက်ရာတွင် ရေမွှာ၏အရောင်မှာ အစိမ်းပုပ် (သို့) အမည်းရောင် နီးပါးဖြစ်နေလျှင် ကလေး၏ ငယ်ချေးများဖြစ်နိုင်ပြီး ကလေး တွင် အန္တရာယ်ရှိနိုင်ပါသည်။ ထိုငယ်ချေးများကို ကလေးက အဆုတ်အတွင်းသို့ ရှုရှိုက်မိလျှင် ကလေးသေနိုင်ပါသည်။ ထို့ကြောင့်ကလေးခေါင်း ထွက်လာသည်နှင့် မိခင်အားဆက်မညှစ်ရန်၊အသက်ကို တိုတိုနှင့် မြန်မြန်ရှုရန်ပြောရမည်။ ကလေးအသက်မရှုမီ ၄င်း၏ ပါးစပ်နှင့် နှာခေါင်းအတွင်း မှ ငယ်ချေးများကို လေစုပ်ဘောလုံးဖြင့် စုပ်ယူရမည်။ ကလေး အသက်ရှုလာလျှင်လည်း ငယ်ချေးများကို ပြောင်စင်အောင် ဆက်လက်၍ စုပ်ယူ ရပါမည်။
အမွှာမွေးဖွားခြင်းသည် တစ်ဦးတည်းမွေးဖွားခြင်းထက် ပို၍ခက်ခဲပြီး မိခင်ရောကလေးများအတွက်ပါ ပို၍ အန္တရာယ်ကြီးပါသည်။
ထို့ကြောင့်အမွှာကိုယ်ဝန်ကို ဆေးရုံတွင်မွေးဖွားသင့်သည်။
အမွှာ ကိုယ်ဝန်ဆောင် မိခင်သည် လစော၍ မွေးဖွားတတ်သောကြောင့် ကိုယ်ဝန် ၇ လ ကျော်သည်နှင့် တစ်ပြိုင်နက် ဆေးရုံနှင့် နီးသော ရွာ၊ မြို့တို့တွင် ခေတ္တသွားနေသင့်ပါသည်။
အမွှာကိုယ်ဝန်ဖြစ်နိုင်သောလက္ခဏာများမှာ
ကိုယ်ဝန်ရင့်လာချိန်တွင် မိခင်မှာ ကောင်းစွာအနားယူရန်နှင့် အလုပ်ကြမ်းများ မလုပ်ရန် လိုအပ်သည်။ အမွှာကိုယ်ဝန်မှာ လစော၍ မွေးဖွားတတ်သောကြောင့် ဖြစ်ပါသည်။ မွေးဖွားလာသော ကလေးများမှာလည်း သေးငယ်တတ်၍ အထူးဂရုစိုက် စောင့်ရှောက်မှု လိုအပ်ပါသည်။
ကလေးထွက်ရန်အတွက် မွေးလမ်းကြောင်းမှာ ဆွဲဆန့်ခြင်းဖြစ်ရသည်။ တစ်ခါတစ်ရံ စုတ်ပြဲခြင်းများဖြစ်တတ်ပါသည်။ မွေးလမ်း ကြောင်း စုတ်ပြဲခြင်းသည် သားဦးကိုယ်ဝန်ဆောင်မိခင်များတွင် ပိုဖြစ်တတ်ပါသည်။ ဂရုတစိုက်ပြင်ဆင်ထားပါက မွေးလမ်းကြောင်း စုတ်ပြဲခြင်းကို ကာကွယ် နိုင်ပါသည်။
ကလေးခေါင်းထွက်လာသည်နှင့် မိခင်အား ဆက်မညှစ်ရန်ပြောရမည်။ ကြွက်သားများ ဆွဲဆန့်ဖို့ အချိန်ရရန်ဖြစ်သည်။ မညှစ်ရန် အတွက် မိခင်အား အသက်မြန်မြန်ရှုခိုင်းပါ။
မွေးလမ်းကြောင်းဆွဲဆန့်၍ ကျယ်လာသည်နှင့် သားဖွားဆရာမမှ လက်တစ်ဖက်ဖြင့် အောက်မှ ထိန်းထားပေးရမည်။ အခြားလက် တစ်ဖက်ဖြင့် ကလေးဦးခေါင်းကိုအရှိန်ဖြင့် ထွက်မကျလာစေရန် ထိန်းထားပေးရပါမည်။
မွေးလမ်းကြောင်းအောက်ရှိအရေပြားတွင် ရေနွေးဝတ်ဖြင့် ဖိ၍ သက်သာအောင်လုပ်ပေးနိုင်သည်။ ဆွဲဆန့်လာသော မွေးလမ်း ကြောင်းကို အဆီဖြင့် နှိပ်ပေးခြင်းဖြင့်လည်း ကူညီနိုင်ပါသည်။
အကယ်၍ မွေးလမ်းကြောင်းစုတ်ပြဲခဲ့လျှင် အချင်းထွက်ပြီးသည်နှင့် သေချာစွာချုပ်တတ်သူမှ ပြန်လည်၍ချုပ်ပေးရပါမည်။
လတ်တလောဖြတ်ထားသော ချက်ကြိုးအတွင်း ပိုးဝင်ခြင်းမှကာကွယ်ရန်အတွက် ၄င်းချက်ကြိုးအား ခြောက်သွေ့စွာထားရမည်။ ချက်ကြိုးခြောက်သွေ့လေ၊ မြန်မြန်ချက်ကြွေလွယ်ပြီး ချက်တိုင်အနာကျက်လည်းပိုမြန်သည်။ ထို့ကြောင့် ကလေးဝမ်းဗိုက်အား အဝတ်ဖြင့် စည်းပတ််ခြင်း မပြုရ။ အကယ်၍ လိုအပ်လျှင် ခပ်လျော့လျော့သာစည်းသင့်သည်။
မွေးကင်းစကလေးအား အန္တရာယ်ရှိသော မျက်ခမ်းစပ်ရောင်ရမ်းခြင်းမှ ကာကွယ်ရန်အတွက် ကလေးမွေးပြီး (၂)နာရီအတွင်း ၁% တက်ထရာဆိုင်ကလင်း Tetracycline သို့မဟုတ် အရီထရိုမိုင်စင် Erythromycin ၀.၅% မှ ၁% အဆီအား မျက်လုံးတစ်ဖက်စီတွင် ထည့်ပေးရမည်။ ထိုသို့ပြုလုပ်ခြင်းသည် မိဘ တစ်ယောက်ယောက်တွင် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ (Gonorrhea or Chlamydia) ရှိလျှင် ပို၍အရေးကြီးပြီး သေချာစွာ လုပ်ဆောင်ရမည်။
မွေးကင်းစကလေးအား အအေးဒဏ် သို့မဟုတ် အပူဒဏ်မှ ကာကွယ်ရမည်။ ထို့ကြောင့် လူကြီးများရာသီဥတုအပေါ်မူတည်၍ ဝတ် စား ဆင်ယင်သကဲ့သို့ကလေးအားဝတ်ဆင်ပေးရမည်။ ကလေးအဖျားရှိချိန် နွေရာသီတွင် အနှီးအားလှပ်ထားပေးပြီး၊ ဆောင်းရာသီတွင် သေချာ စွာ ထုပ်ပိုးပေးရမည်။
ကလေးအား အနွေးဓါတ်ပေးရာတွင် မိခင်၏ ဝမ်းဗိုက်နှင့် တစ်သားတည်းပွေ့ပိုက်ထားခြင်းသည် ပိုမိုကောင်းမွန်ထိရောက်သည်။ ဤ ကဲ့သို့ ပြုလုပ်ခြင်းသည် ပေါင်မပြည့်၊ လမစေ့သည့် ကလေးများတွင် ပို၍အရေးကြီးသည်။
အောက်ပါအချက်အလက်များကို သေချာစွာလိုက်နာရမည်။
မိခင်နို့သည်သာ ကလေးအတွက်အကောင်းဆုံးအာဟာရဖြစ်သည်။ မိခင်နို့တိုက်ကျွေးသောကလေးသည် ကျန်းမာကြံ့ခိုင်ခြင်း၊ သန်မာထွားကျိုင်းခြင်းနှင့် သေနှုန်းနည်းပါးခြင်းစသည့် အကျိုးကျေးဇူးများရရှိသည်။ အဘယ်ကြောင့်ဆိုသော်
မိခင်သည်ကလေးအား မီးဖွားပြီးပြီးချင်း နို့တိုက်ကျွေးရမည်။ မွေးဖွားပြီးခါစ အစောပိုင်းရက်များတွင် နို့ထွက်နည်းတတ်သည်။ ဤ သည်မှာ ပုံမှန်ဖြစ်သည်။ စိတ်ပူရန်မလို။ ကလေးအား (၂) နာရီခြားတစ်ခါ ဆက်လက်တိုက်ကျွေးရမည်။ ကလေးနို့များများစို့ခြင်းသည် မိခင် အား နို့ပိုထွက်စေသည်။ ကလေးသည် ကျန်းမာပြီး ပေါင်ချိန်တိုးလာလျှင် ဆီးကောင်းကောင်းပေါက်ပြီး အနှီး (သို့မဟုတ်) သေးခံ ပုံမှန်လဲပေး ရလျှင် မိခင်နို့လုံလောက်သည်။
မီးဖွားပြီး (၆) လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ခြင်းသည် ကလေးအတွက် အကောင်းဆုံးဖြစ်သည်။ (၆) လကျော်လျှင် ဖြည့်စွက်အစာ စတင်ကျွေးနိုင်ပြီး မိခင်နို့ကိုလည်း ဆက်လက်တိုက်ကျွေးရမည်။ အိပ်ချ်အိုင်ဗွီ HIV ပိုးရှိသော မိခင်ဖြစ်လျှင် ကလေးအသက် (၁)နှစ် ပြည့်လျှင် မိခင်နို့ကို ဖြတ်ပြီး အခြားအာဟာရပြည့်ဝသော အစားအသောက်များကို လုံလောက်စွာ ကျွေးရမည်။
မိခင်သည်
နို့ဗူးတိုက်သော ကလေးများသည် ပို၍ ဖျားနာလွယ်သည်။ သေတတ်သည်။
မိခင်နို့တိုက်သော ကလေးများ ပိုကျန်းမာသည်။
ဆေးအများစုသည် မွေးကင်းစကလေးများအတွက် အန္တရာယ်ရှိပါသည်။ မွေးစကလေးများအတွက် ခွင့်ပြုထားသော ဆေးများသာ သုံးစွဲရန်နှင့် ၄င်းတို့အား အမှန်တကယ် လိုအပ်မှသာ အသုံးပြုပါ။ သို့သော် မှန်ကန်သော ဆေးပမာဏကို သိရန်လိုပါသည်။ အလွန်အမင်း မပေးရပါ။ ဥပမာ ကလိုရမ်ဖင်နီကောသည် မွေးကင်းစ ကလေးများအတွက် အန္တရာယ်ရှိပါသည်။ အထူးသဖြင့် ကလေးသည် လမစေ့သော ကလေး နှင့် ပေါင်မပြည့်သော ကလေး (၂ ကီလိုဂရမ်အောက်နည်းလျှင်) ပိုဆိုးပါသည်။
တစ်ခါတစ်ရံတွင် မွေးစကလေးများအား ဆေးပေးရန်အရေးကြီးပါသည်။ ဥပမာ HIV ရောဂါပိုးရှိသော မိခင်မှမွေးသော ကလေး အား ကိုထရိုင်မိုဇာဇော Cotrimoxazole ပေးခြင်းဖြင့် ကလေးအား ရောဂါပိုးများမှ ကာကွယ်နိုင်ပါသည်။
ကလေးများတွင်ဖြစ်ပေါ်နေသော ပြဿနာများ (သို့) ဖျားနာခြင်းတို့အား သိရှိပြီး အဆောတလျင်ဆောင်ရွက်ပေးရန် အလွန်အရေး ကြီးပါသည်။
ရောဂါများသည် လူကြီးများအားသေဆုံးစေရန် ရက်သတ်တပတ်အချို့ကြာမြင့်နိုင်သော်လည်းကလေးများကိုမူ အချိန်ပိုင်း၊ နာရီပိုင်းအတွင်းဆုံးပါး စေနိုင်ပါသည်။
၄င်းတို့မှာ ကလေးသည် မိခင်ဝမ်းဗိုက်တွင်း စတင်ဖွံ့ဖြိုးစဉ်က တစ်စုံတစ်ခု ချို့ယွင်းမှုကြောင့်ဖြစ်စေ၊ မွေးဖွားစဉ် ကလေးအားထိခိုက် မိ၍ဖြစ်စေ ရရှိနိုင်ပါသည်။ ကလေးကို မွေးဖွားပြီးလျှင်ပြီးခြင်း သေချာစွာကြည့်ရှုပါ။ အောက်ပါ လက္ခဏာများထဲမှ တစ်ခုခုတွေ့ရလျှင် ကလေးတွင် ဆိုးဆိုးဝါးဝါး ပြဿနာ ရှိနိုင်ပါသည်။
အထက်ပါ ပြဿနာများမှ အချို့သည် မွေးဖွားစဉ် ဦးနှောက်ထိခိုက်မိခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ၄င်းတို့သည် ကူးစက်ရောဂါ ကြောင့် မဖြစ်နိုင်ပေ။ (အကယ်၍ ရေမွှာသည် မမွေးခင် ၁၂ နာရီ အကြာက ဖြစ်လျှင် ရောဂါပိုးကြောင့် ဖြစ်နိုင်ပါသည်။ ကလေးအား နွေးထွေးစွာ ထားပါ။ သို့သော် အပူချိန် အလွန်မများစေရပါ။ ကလေးအား ကျန်းမာရေး စောင့်ရှောက်မှု ခံယူပါ။
မွေးကင်းစ ကလေးသွေးအန်လျှင် (သို့) ဝမ်းထဲသွေးပါလျှင်၊ သွေးခြည်ဥများဖြစ်ပေါ်လာလျှင် ဗီတာမင် ကေ Vit K လိုအပ်နိုင်ပါသည်။ ကလေး သည် မွေးပြီး ပထမ (၂) ရက်အတွင်း ဆီးမသွား/ဝမ်းမသွားလျှင် ကျန်းမာရေး စောင့်ရှောက်မှုခံယူပါ။
၁။ ချက်ကြိုးငုတ်မှ ပြည်ထွက်ခြင်း (သို့) အနံ့ဆိုးရခြင်း
အန္တရာယ်ရှိသည်။ မေးခိုင်ရောဂါ၏ လက္ခဏာများကိုရှာဖွေပါ။ (သို့) သွေးတွင် ဘက်တီးရီးယား ပိုးဝင်ရောက်ခြင်းဖြစ်နိုင်ပါသည်။ ချက်ကြိုးငုတ်အား အရက်ပြန်ဖြင့် ဆွတ်၍ လေထဲတွင် ခြောက်အောင် ထားပါ။ ချက်ကြိုးအနီးရှိ အရေပြား သည် ပူပြီး ရဲလာလျှင် အမ်ပီဆလင် Ampicillin, ပင်နီဆလင် Penicillin သို့မဟုတ် စထရက်တိုမိုင်စင် Streptomycin ပေးပါ။
၂။ ကိုယ်အပူချိန်ကျခြင်း (၃၅ ံ အောက်) (သို့) အဖျားကြီးခြင်း သည် ရောဂါပိုးဝင်ခြင်း၏ လက္ခဏာဖြစ်သည်။ ၃၉ ံ အထက် အဖျားတက်ခြင်း သည် မွေးကင်းစကလေးအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်။ ကလေးကိုယ်ပေါ်မှ အဝတ်အစား များချွတ်၍ ရေပတ် တိုက်ပေးရမည်။ ရေဓါတ်ခမ်းခြောက်ခြင်းလက္ခဏာ ရှိ/မရှိ ရှာဖွေရမည်။ ၄င်းလက္ခဏာများရှိလျှင် ကလေးအား မိခင်နို့နှင့် ဓါတ်ဆားရေ တိုက်ရမည်။
၃။ အဖျားကြီး၍တက်ခြင်း။ ကလေးသူငယ်များ အဖျားကြီး၍ တက်လျှင် ရေဓါတ်ခမ်းခြောက်ခြင်း လက္ခဏာ ရှိ/မရှိ စစ်ဆေးပါ။ မွေးဖွားပြီး ပြီး ချင်း တက်ခြင်းသည် ဦးနှောက်ချို့ယွင်းခြင်းကြောင့် ဖြစ်နိုင်သည်။ ရက်အတော်ကြာမှ တက်ခြင်းသည် မေးခိုင်ပိုးဝင်ခြင်းနှင့် ဦးနှောက်အမြှေး ပါး ရောင်ခြင်းတို့ကြောင့် ဖြစ်နိုင်သဖြင့် ၄င်းတို့နှင့် ဆက်စပ်သော လက္ခဏာများ ရှိ/မရှိ ရှာဖွေစစ်ဆေးရမည်။
၄။ ကိုယ်အလေးချိန်ကျခြင်း။ ကလေးအများစုသည် မွေးပြီးစ ပထမပတ်အတွင်းတွင် ကိုယ်အလေးချိန်လျော့နိုင်သည်။ ၄င်းသည် ပုံမှန်ဖြစ် သည်။ မွေးပြီး (၁)ပတ်အကြာတွင် ကျန်းမာသော ကလေးသူငယ်သည် ၂၀၀ ဂရမ် ရှိသင့်သည်။ ဒုတိယပတ်ကုန်လျှင် မွေးဖွားစဉ်က ကိုယ်အလေးချိန် အတိုင်း ရှိသင့်သည့်။ ကိုယ်အလေးချိန် လျော့ကျလျှင် မွေးဖွားစဉ်က ကျန်းမာခြင်း ရှိ/မရှိ၊ နို့စို့နိုင်ခြင်း ရှိ/မရှိ သေချာစစ်ဆေးရမည်။
၅။ အန်ခြင်း။ ကလေးငယ်များ လေချဉ်တက်လျှင် (နို့စို့စဉ် မြိုချထားသော လေများ ပြန်ထွက်လာခြင်း) စို့ထားသော နို့ပါ ထွက်လာတတ်သည်။ ပုံမှန် ဖြစ်နေကျဖြစ်သည်။ ကလေးများ နို့စို့ပြီးတိုင်း မိခင်၏ ပခုံးပေါ် ခေါင်းကို မှီစေလျှက်၊ ကျောကို အသာ ပုတ်ပေးခြင်းက အလွယ်တကူ လေပြန်ထွက်စေသည်။
ကလေးကို လှဲချလိုက်စဉ်၊ အန်ထွက်တတ်ပါက နို့တိုက်ပြီးတိုင်း ကလေးကို ခဏပေးထိုင်ရမည်။
ကလေးသူငယ်များ မကြာခဏ ပြင်းထန်စွာ အန်လျှင် ကိုယ်အလေးချိန် လျော့နိုင်သလို ရေဓါတ်များလည်း ခန်းခြောက်လာသည်။ ကလေးငယ်သည် ဝမ်းပျက်၊ ဝမ်းလျောလျှင် အူလမ်းကြောင်းသို့ ရောဂါပိုး ဝင်ရောက်ခြင်းကြောင့် ဖြစ်နိုင်သည်။ သွေးအဆိပ်တက်ခြင်း၊ ဦးနှောက် အမြှေးရောင်ခြင်းနှင့် အခြားရောဂါပိုးများ ဝင်ရောက်ခြင်းကြောင့်လည်း အန်နိုင်သည်။
နို့တိုက်ပြီး ကလေးလေပြန်ထွက်အောင် ထောင်ထားပေးပါ။
အဝါရောင် (သို့) အစိမ်းရောင် အရည်အန်လျှင် အူပိတ်ဆို့နေခြင်းကြောင့် ဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် နီးစပ်ရာ ကျန်းမာရေးဌာန သို့ အမြန်ဆုံး သွားရောက်၍ ကုသမှု ခံယူရမည်။
၆။ ကလေးနို့ကောင်းစွာ မစို့ခြင်းသည် အိပ်ပျော်နေ၍သော်လည်းကောင်း၊ ဖျားနေ၍သော်လည်းကောင်း၊ ငိုနေ၍သော်လည်းကောင်းဖြစ်နိုင် သည်။ ဖျားနာခြင်းအများစုတွင် ထိုလက္ခဏာများရှိနိုင်သည်။ သို့သော် အဖြစ်အများဆုံးနှင့် အန္တရာယ်အရှိဆုံး အခြေအနေမှာ သွေးဆိပ်တက် ခြင်းနှင့် မေးခိုင်ပိုးဝင်ခြင်းတို့ဖြစ်သည်။
၂-၅ ရက်သား ကလေးများ နို့မစို့တော့လျှင် သွေးတွင်း ဘက်တီးရီးယား ရောဂါပိုး ဝင်နေသောကြောင့် ဖြစ်နိုင်သည်။
၅-၁၅ ရက်သား ကလေးများ နို့မစို့တော့လျှင်မူ မေးခိုင်ပိုးကြောင့် ဖြစ်နိုင်သည်။
ကလေးနို့စို့နည်းလျှင် သို့မဟုတ် နေမကောင်းဟုထင်ရပါက အခန်း(၃)တွင်ပြထားသည့်အတိုင်း သေချာပြည့်စုံစွာ စစ်ဆေး ရပါ မည်။ အောက်ပါအတိုင်းအသေအချာ စစ်ဆေးပါ။
မျက်နှာနှင့်နှုတ်ခမ်းတို့ပြာနှမ်းနေလျှင် အဆုတ်ရောင်ရောဂါကို စဉ်းစားရမည်။ (သို့မဟုတ် နှလုံးရောဂါ သို့မဟုတ် အခြား မွေးရာပါ ရောဂါများ)။
မွေးပြီး ပထမရက် သို့မဟုတ် ၅ရက်သားအရွယ်တွင် (မျက်နှာနှင့်မျက်လုံးတို့တွင်အဝါရောင်ဖြစ်နေပါက) အရေးကြီးပါသည်။ ဆေး ကုသဖို့လိုပါသည်။ အချို့သော ဒုတိယရက်သားနှင့် ၅ရက်သား ကျော်သွားပါက သာမန်အားဖြင့် အရေးမကြီးပါ။ မိခင်နို့များများ တိုက်ရပါမည်။ လိုအပ်ပါက ဇွန်းနှင့်တိုက်ပေးပါ။ ကလေးငယ်၏ အဝတ်များနှင့်အနှီးများ ချွတ်ပေးပြီး ပြတင်းပေါက်နားရှိ (သို့သော် နေရောင်းလှန်းခြင်းမဟုတ်) တောက်ပသော အလင်းရောင်အောက်တွင် ပြပေးရမည်။
ငယ်ထိသည် ချိုင့်ဝင်နေလျှင် ရေဓါတ်ချို့တဲ့နေနိုင်ပါသည်။
ငယ်ထိပ် ဖောင်းနေလျှင်ကလေးငယ်သည် ဦးနှောက်အမြှေးရောင် ဖြစ်နိုင်ပါသည်။
အရေးကြီးအချက်။ ။ကလေးသည် ရေဓါတ်ဆုံးရှုံးခြင်းရော၊ ဦးနှောက်အမြှေးရောင်ခြင်းပါ အတူတကွဖြစ်နေပါက ငယ်ထိပ်သည် ပုံမှန်အတိုင်းဖြစ် နေမည်။ ထိုသို့ဖြစ်နေပါက အခြားလက္ခဏာများကို သေချာစွာစမ်းသပ်ရပါမည်။
ကလေးငယ် ခန္ဓာကိုယ်တောင့်တင်းနေလျှင် သို့မဟုတ် ထူးခြားသော လှုပ်ရှားမှုများတွေ့ရပါက မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးပါး ရောင်ရောဂါ သို့မဟုတ် မီးဖွားစဉ် ဦးခေါင်းထိခိုက်မိခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ ကလေးကိုထိမိလျှင် သို့မဟုတ် ရှှေ့မိလျှင် မျက်နှာနှင့် ကိုယ်ခန္ဓာရှိ ကြွက်သားများ ရုတ်တရက် တောင့်တင်းသွားပါက မေးခိုင်ရောဂါဖြစ်နိုင်ပါသည်။
ကလေးမျက်ဖြူလန်ခြင်း၊ ရုတ်တရက်ထူးခြားသော လှုပ်ရှားမှုများ၊ ပြင်းထန်သော လှုပ်ရှားမှုများရှိပါက မေးခိုင်ပိုးဝင်ခြင်း၊ ရောဂါဖြစ်ခြင်း မဖြစ်နိုင်ပါ။ အဆိုပါအပြုအမူ လှုပ်ရှားမှုများသည် ဦးနှောက်အမြှေးပါးရောင်ခြင်း ဖြစ်နိုင်ပါသည်။ သို့သော် ရေဓါတ်ဆုံးရှုံးခြင်း၊ အဖျားကြီးခြင်း များသည် မွေးကင်းစကလေးများတွင် အဓိက အဖြစ်အများဆုံးသော အကြောင်းအရင်းများဖြစ်ပါသည်။ ကလေးခေါင်းကို သူ၏ ဒူးနှစ်လုံးကြားထဲ သို့ ကွေး၍ရပါသလား။ ကလေးခေါင်းသည် ဒူးနှစ်လုံးကြားသို့မကွေးနိုင်ခြင်း၊ တောင့်တင်းနေခြင်း၊ ဤအပြုအမူကြောင့်နာသဖြင့် ငိုကြွေးပါက ဦးနှောက်အမြှေးပါးရောင်သော လက္ခဏာရပ်များနှင့် ပိုတူပါသည်။
မွေးကင်းစ ကလေးငယ်များသည် ကူးစက်ရောဂါဒဏ်ကို ခံနိုင်ရည်မရှိသေးပါ။ ထို့ကြောင့် ရောဂါပိုးမွှားများသည် မွေးဖွားချိန်၌ အရေ ပြားမှ တစ်ဆင့်သော်လည်းကောင်း၊ အချင်းမှ တစ်ဆင့်သော်လည်းကောင်း သွေးထဲသို့ပျံ့နှံ့နိုင်ပြီး ထိုမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့နိုင် ပါသည်။ ပျံ့နှံ့နိုင်ရန် အတွက် အချိန်တစ်ရက် မှ နှစ်ရက်အထိကြာနိုင်ပါသည်။ ထို့ကြောင့် သွေးဆိပ်တက်ခြင်းသည် မွေးဖွားပြီး ဒုတိယနေ့ တွင် အတွေ့ရများပါသည်။
မွေးကင်းစ ကလေးငယ်များတွင် တွေ့ရသောလက္ခဏာရပ်များသည် ကလေးကြီးများတွင် တွေ့ရသော လက္ခဏာရပ်များနှင့် ကွဲပြား ပါသည်။ ကလေးများတွင် တွေ့ရသော လက္ခဏာရပ်များသည် ပြင်းထန်သော ကူးစက်မှုကြောင့် တွေ့ရသော လက္ခဏာရပ်များ ဖြစ်ပါသည်။
အထက်ပါ လက္ခဏာရပ်များအနက်မှ တစ်ခုခုနှင့်ကိုက်ညီပါက သွေးဆိပ်တက်ခြင်းရောဂါလို့ မပြောနိုင်သော်လည်း လက္ခဏာရပ် အများနှင့် ကိုက်ညီပါက သွေးဆိပ်တက်ခြင်းရောဂါ ဖြစ်နိုင်ပါသည်။
မွေးကင်းစ ကလေးများသည် ပြင်းထန်သော သွေးဆိပ်တက်ခြင်းရှိပါသော်လည်း အဖျားတက်ခြင်းဖြစ်နိုင်သည်။ အဖျားကျခြင်းလည်း ဖြစ်နိုင်သည်။ ကိုယ်အပူချိန် ပုံမှန်ရှိနေခြင်းများလည်း ဖြစ်နေနိုင်ပါသည်။
အခန်း(၁၁)တွင် ရှင်းပြထားသည့်အတိုင်း ကလေးမီးဖွားပြီးသော မိခင်သည် အာဟာရဓါတ်ပြည့်ဝသော အစားအစာများကို စားနိုင် သလောက်စားပေးရမည်။ အစာရှောင်ကြဉ်စရာမလိုပါ။ အထူးသင့်လျော်သော အစားအစာများမှာ နွားနို့၊ ဒိန်ခဲ၊ ကြက်သား၊ ဥ၊ အသား၊ ငါး သစ်သီးသစ်ရွက်များ၊ ဂျုံ၊ ပြောင်း၊ ပဲအမျိုးမျိုး၊ မြေပဲအစရှိသည်တို့ဖြစ်သည်။ ပြောင်းဖူးနှင့် ပဲအမျိုးမျိုးသာရရှိနိုင်ပါက အစာတစ်ခါစားတိုင်း ပြောင်းနှင့်ပဲ ၂မျိုးစလုံးကို စားသင့်ပါသည်။ ကောင်းမွန်သော အစားအစာသည် ကလေးငယ်အတွက် မိခင်၏ နို့ရည်ပိုမိုထွက်စေပါသည်။
မီးဖွားပြီး ရက်အနည်းငယ်အတွင်း မိခင်သည် ရေချိုးနိုင် / သင့်ပါသည်။ ပထမပါတ်တွင် ရေပတ်တိုက်ခြင်းသည် ရေထဲစိမ်ခြင်းထက် ပိုကောင်းပါသည်။ မီးဖွားပြီးရေချိုးခြင်းသည် အန္တရာယ်မရှိပါ။ ရက်အတန်ကြာသော်လည်း ရေမချိုးပါက မိခင်ရော၊ ကလေးပါ အသားအရေညစ် ပတ်ပြီး ရောဂါပိုးကူးစက်စေနိုင်ပါသည်။
မီးဖွားပြီး ရက်သတ်တပတ်အနည်းငယ်အတွင်း မိခင်များ လုပ်သင့်သည်မှာ အာဟာရဓါတ်ပြည့်ဝသော အစားအစာများ စားရပါမည်။ ထို့ အပြင် ရေလည်း မှန်မှန်ချိုးရပါမည်။
တစ်ခါတစ်ရံ မိခင်များသည် မီးဖွားပြီး မီးတွင်းတွင် ဖျားနာတတ်ကြပါသည်။ ကလေးမွေးပေးသော သူတစ်ဦးဦး၏ မသန့်ရှင်းမှု (သို့) မွေးလမ်းကြောင်းအတွင်းသို့ လက်နှိုက်စမ်းခြင်းတို့ကြောင့်ဖြစ်တတ်ပါသည်။
ချမ်းတုန်ခြင်း (သို့မဟုတ်) ဖျားခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် ခါးအောက်ပိုင်းနာကျင်ခြင်း၊ တစ်ခါတစ်ရံ ဆီးခုံရိုးအပေါ်ပိုင်းတွင် နာခြင်း တို့အပြင် နံသောအရည်များ (သို့မဟုတ်) သွေးခဲများ မိန်းမကိုယ်မှဆင်းတတ်ပါသည်။
ဆေး ၃မျိုးပေးပါ။ (၁) အမ်ပီဆလင်ခေါ် ပဋိဇီဝဆေးကို ပထမအကြိမ်၌ ၂ ဂရမ် ထိုးပေးပါ။ ထို့နောက် တစ်ကြိမ်လျှင် ၁ ဂရမ်ကို တစ်နေ့လျှင် ၄ကြိမ်ထိုးပါ။ (၂) ဂျင်တာမိုင်စင်ထိုးဆေး ၈၀ မီလီဂရမ်ကို ပထမအကြိမ်ထိုးပါ။ ထို့နောက် ၆၀ မီလီဂရမ်ကို တစ်နေ့လျှင် ၃ ကြိမ် ထိုးပေးပါ။ (၃) မက်ထရိုနိုက်ဒါဇိုး ၅၀၀ မီလီဂရမ်ကို တစ်နေ့ ၃ ကြိမ် ပါးစပ်မှတိုက်ပေးပါ။ ထိုဆေး (၃)မျိုးကို အဖျားကျပြီးနောက်ထပ် ၂ရက် အထိဆက်ပေးပါ။
မိခင်၏ရင်သားအား ဂရုစိုက်ခြင်းသည် မိခင်နှင့်ကလေးကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။ ကလေးမွေးပြီးပြီးခြင်း မိခင် နို့စတင်တိုက်ကျွေးသင့်သည်။ ရင်သွေးငယ်သည် မိခင်နို့ရည်အား နည်းစနစ်မှန်ကန်စွာတိုက်ကျွေးသင့်ပါသည်။ ရင်သွေးငယ်အား မိခင်နို့စို့ ရန် အားပေးမှုပြုရမည်။ အဘယ့်ကြောင့်ဆိုသော် မိခင်၏နို့ရည်သည် ကလေးနို့စို့မှသာ နို့ထွက်ကောင်းသည်။ မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်၏ သားအိမ်ကျုံ့ခြင်းကိုလည်း အားပေးသည်။ မိခင်၏ ပထမဆုံး အကြိမ်ထွက်သောနို့ရည်သည် အဝါရောင် ပျစ်ပျစ်အရည်ဖြစ်ပြီး နို့ဦးရည် ဟုခေါ်သည်။ နို့ဦးရည်သည် အာဟာရဓါတ်အစုံအလင်ပါပြီး မွေးကင်းစကလေးငယ်အတွက် ရောဂါပိုးမွှားဒဏ်မှ ကာကွယ်ပေးသည်။ ၄င်းတွင် ပရိုတင်းခေါ် အသားဓါတ်လည်း ပေါကြွယ်ဝသည်။ နို့ဦးရည်သည် ကလေးငယ်အတွက် အလွန်ကောင်းသည်။ ထို့ကြောင့်
"မိခင်နို့တိုက်ကျွေးခြင်းကို စောစောစတင်ပါ။ မွေးကင်းစကလေးငယ်ကို မိခင်၏ရင်သားတွင် စောနိုင်သမျှစော၍ ထိတွေ့ပေးရန်။
ပုံမှန်တွင် မိခင်၏နို့သည် ကလေးငယ် လိုအပ်သလောက် ထုတ်လုပ်ပေးနိုင်ပါသည်။ အကယ်၍ ကလေးငယ်သည် နို့ရည်ကိုအကုန် စို့ခဲ့လျှင် မိခင်၏သားမြက်မှ နို့ရည်ကိုပိုမို ထုတ်လုပ်ပေးနိုင်ပြီး အကယ်၍ နို့ရည်ကို ကုန်အောင် မစို့နိုင်ခဲ့လျှင် မိခင်၏သားမြက်မှ နို့ရည်ကို ထုတ်လုပ်နိုင်မှု လျော့နည်းသွားမည်။ ကလေးငယ်သည် နေမကောင်းဖြစ်ပြီး မိခင်နို့ရည်ကိုမစို့နိုင်ခဲ့လျှင် ရက်အနည်းငယ် ကြာသောအခါ မိခင် ၏ နို့ရည်ထုတ်လုပ်မှု ရပ်တန့်သွားမည်။ ထိုအချိန်တွင် ကလေးငယ်သည် မိခင်နို့ရည်ကို ပြန်စို့ခဲ့လျှင် လုံလောက်သော ပမာဏကို မထုတ်နိုင်တော့ပေ။
ထို့ကြောင့် ကလေးငယ်ဖျားနာ၍ မိခင်နို့ရည်ကို မစို့နိုင်ခဲ့လျှင် နို့ရည်များ ကုန်ခန်းသွားအောင် မိခင်သည် မိမိ၏လက်ဖြင့်နို့ကို ညှစ် ထုတ်ရန် အရေးကြီးပါသည်။
မိခင်၏နို့ရည်ကိုလက်ဖြင့် ညှစ်ထုတ်ရခြင်း၏ အခြားရည်ရွယ်ချက်တစ်ခုမှာ မိခင်၏ရင်သားတင်းမာမှုကို ကာကွယ်ခြင်းဖြစ်သည်။ အကယ်၍ ရင်သားတင်းမာခဲ့လျှင် နာကျင်မှုဖြစ်ပေါ်နိုင်ပြီး ထိုမှတစ်ဆင့် ရင်သားပြည်တည်နာဖြစ်လွယ်သည်။ ၄င်းအပြင် ကလေးငယ်သည် နို့စို့ရာတွင် အခက်အခဲဖြစ်နိုင်သည်။
အကယ်၍ ကလေးငယ်သည် မိခင်နို့ရည်ကို ကောင်းမွန်စွာမစို့နိုင်ခဲ့လျှင် မိခင်သည် မိမိ၏ လက်ဖြင့်နို့ရည်ကိုညှစ်ထုတ်ပြီး ရင်သွေး ငယ်အား ဇွန်း (သို့မဟုတ်) အစက်ချတံဖြင့် တိုက်ကျွေးနိုင်ပါသည်။
မိခင်၏ ရင်သားအမြဲသန့်ရှင်းနေစေရန် ပုံမှန်ရေချိုးခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ မိခင်သည် ရင်သွေးအား နို့ချို တိုက်ကျွေးသည့်အချိန်တိုင်းတွင် ရင်သားနှင့်နို့သီးခေါင်းကို သန့်ရှင်းမှုပြုလုပ်ရန် မလိုအပ်ပေ။ ရင်သားကို သန့်ရှင်းမှုပြုရာတွင် ဆပ်ပြာမသုံးရပါ။ အဘယ်ကြောင့်ဆို သော် ဆပ်ပြာဖြင့်သန့်ရှင်းခြင်းသည် အရေပြားအက်ကွဲကြောင်းများ ဖြစ်ပေါ်ပြီး နို့သီးခေါင်း နာကျင်ကိုက်ခဲခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ဖြစ်နိုင် ပေသည်။
ကလေးသည် နို့သီးခေါင်းနှင့်ရင်သားကို အတူတွဲမစို့ပဲ နို့သီးခေါင်းတစ်ခုထဲစို့သောအခါ နို့သီးခေါင်းမှအနာဖြစ်တတ်ပါသည်။
နို့သီးခေါင်းနာနေသော်လည်း နို့ဆက်တိုက်ရန်အရေးကြီးပါသည်။ နို့သီးခေါင်းအနာမဖြစ်ရန် မကြာမကြာနို့တိုက်ပါ။ ကလေးစို့နိုင် သလောက် ကြာကြာတိုက်ပါ။ ကလေးပါးစပ်ထဲတွင် နို့သီးခေါင်းနှင့်အတူ ရင်သားတတ်နိုင်သလောက်များများ ပါပါစေ။ နို့တစ်ခါ တိုက်တိုင်း ကလေးအနေအထားကို ပြောင်းပေးခြင်းကလည်း နို့သီးခေါင်းအနာမဖြစ်ရန် အထောက်အကူပြုပါသည်။
နို့သီးခေါင်းတစ်ဖက်ထဲ နာနေပါက တစ်ခြားတစ်ဖက်ကို အရင်စို့ပါစေ။ ပြီးလျှင်နာနေသောဖက်ကိုစို့ခိုင်းပါ။ ကလေးနို့စို့ပြီးနောက် နို့အနည်းငယ်ကို ညှစ်ချပါ။ ယင်းနောက် နို့သီးခေါင်းအနာပေါ်မှ နို့ရည်များကို သုတ်ပေးပါ။ နို့သီးခေါင်းကို မဖုံးအုပ်ခင်ယင်းအပေါ်မှ နို့ရည် များကို ခြောက်သွေ့အောင် ထားပါ။ ယင်းနို့ရည်များသည် နို့သီးခေါင်းအနာကျက်ရန် ကူညီပေးပါသည်။ အကယ်၍ နို့သီးခေါင်းမှ သွေး (သို့) ပြည်များ ထွက်နေခဲ့သည်ရှိသော် အနာကျက်သည့်အချိန်ထိ ယင်း သွေး (သို့) ပြည်များကိုလက်ဖြင့်ညှစ်ထုတ်ပေးပါ။
နို့သီးခေါင်းအနာဖြစ် ၍သော်လည်းကောင်း၊ ရင်သားတွင်နို့ရည်များအလွန်ပြည့်တင်းနေလျှင်သော်လည်းကောင်း ရင်သားနာကျင် တတ်ပါသည်။ အရည်များများသောက်ခြင်း၊ ကောင်းစွာအနားယူခြင်း၊ ကလေးကို မကြာခဏနို့တိုက်ပေးခြင်းတို့ပြုလုပ်ပေးပါက တစ်ရက် နှစ်ရက်အတွင်းပျောက်ကင်းပါသည်။ များသောအားဖြင့် ပဋိဇီဝဆေးများ တိုက်ကျွေးရန်မလိုအပ်ပါ။
ရင်သားနာကျင်ခြင်းနှင့် နို့သီးခေါင်းအနာဖြစ်ခြင်းတို့မှသည် ရင်သားပိုးဝင်ခြင်းနှင့် ပြည်တည်ခြင်းတို့ဖြစ်တတ်ပါသည်။
နို့သီးခေါင်းကို မကွဲစေရန် ဂရုပြုပါ။ ရင်သားကို အလွန်အမင်း မပြည့်တင်းပါစေနှင့်။
နို့တိုက်မိခင်တစ်ဦး၏ရင်သားတွင် နာကျင်သော၊ ပူသော အကျိတ်ရှိလျှင် ယင်းအကျိတ်သည်ရောဂါပိုးဝင်ခြင်းကြောင့် ရင်သားပြည် တည်နာဖြစ်နိုင်သည်။ မနာကျင်ပါက ရင်သားအရည်ကြည်အိတ် (သို့) ရင်သားကင်ဆာဖြစ်နိုင်သည်။
အမျိုးသမီးအများစုတွင် သေးငယ်သောရင်သားအကျိတ်အချို့ရှိကြသည်။ ၄င်းအကျိတ်များသည် အရွယ်အစား၊ ပုံသဏ္ဍာန် ပြောင်းလဲနိုင်ပြီး ရာသီစက်ဝန်းအတွင်းတွင် နာကျင်လာနိုင်သည်။ တစ်ခါတစ်ရံ ရွေ့မရသော (သို့) လှုပ်၍မရသော ရင်သားအကျိတ်သည် ရင်သား ကင်ဆာ၏ လက္ခဏာဖြစ်တစ်ခုဖြစ်နိုင်သည်။ အောင်မြင်သောကုသမှုရရန် ကင်ဆာဖြစ်နိုင်သည့် ပထမဆုံးလက္ခဏာကို ချက်ချင်းသိခြင်းနှင့် သိပြီးပြီးချင်း ဆေးကုသမှု ခံယူခြင်းပေါ်တွင် မူတည်သည်။ များသောအားဖြင့် ခွဲစိတ်ကုသရန် လိုအပ်သည်။
အမျိုးသမီးတိုင်း ရင်သားကင်ဆာ၏လက္ခဏာများကို မည်သို့စမ်းသပ်ရမည်ကို လေ့လာသင့်သည်။ တစ်လတစ်ကြိမ် အထူးသဖြင့် ရာသီစလာပြီး ၁၀ ရက်တွင် စမ်းသင့်သည်။ စမ်းသပ်ပုံမှာ
သင်၏ရင်သားတွင်စမ်းမိသောအကျိတ်သည် မျက်နှာပြင်ချောမွေ့နေလျှင် အရေပြားအောက်တွင် ရွေ့လျားနိုင်လျှင် စိုးရိမ်စရာမလို ပါ။ သို့သော် မာသော၊ ပုံသဏ္ဍာန်မမှန်သော၊ နာကျင်ခြင်းမရှိသော၊ မရွေ့လျားနိုင်သော အကျိတ်စမ်းမိလျှင် ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။ အကျိတ်တိုင်း ကင်ဆာမဟုတ်ပါ။ သို့သော် စောစီးစွာသိဖို့အရေးကြီးပါသည်။
အဖြစ်များဆုံးမှာ ကိုယ်ဝန်ရှိခြင်းကြောင့်ဖြစ်ပါသည်။ သို့မဟုတ်လျှင် ဖြစ်နိုင်ချေရှိသည်မှာ
ထို(၃)မျိုးစလုံးမှာ အစပိုင်းတွင်မနာကျင်ပါ။ သို့မဟုတ် အနည်းငယ် မအီမသာဖြစ်တတ်ပါသည်။ ကြာလာလျှင် အရမ်းနာကျင်တတ် ပါသည်။ ထို(၃)မျိုးစလုံးမှာ ကျွမ်းကျင်သူပညာရှင်များနှင့် ပြသကာ ခွဲစိတ်မှုခံယူရပါမည်။ ပုံမှန်မဟုတ်သော အလုံးအကျိတ်တွေ့ရှိပြီး တဖြည်း ဖြည်းကြီးထွားလာပါက ဆေးပညာရှင်ဆီမှ အကြံဥာဏ် ရယူရပါမည်။
သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် သားဥအိမ်ကင်ဆာတို့မှာ အသက် ၄၀ ကျော်အမျိုးသမီးများတွင် အဖြစ်များ ပါသည်။ ပထမဆုံးလက္ခဏာမှာ သွေးအားနည်းခြင်း သို့မဟုတ် သွေးဆင်းခြင်းဖြစ်ပါသည်။ နောက်ပိုင်းတွင် နာကျင်သော အလုံးအကျိတ်အား ဗိုက်ထဲတွင်ရှိကြောင်းစမ်းမိတတ်ပါသည်။
သားအိမ်ခေါင်းကင်ဆာအတွက် သားအိမ်ခေါင်းဝမှ တစ်ရှူးအစများ (pep smear) ယူပြီး ရှာဖွေနိုင်ပါသည်။ အသက် ၂၀ကျော် အမျိုးသမီးတိုင်း မည်သူမဆို ၁နှစ် တစ်ကြိမ်ခန့် စမ်းသပ်သင့်ပါသည်။ အခြားနည်းလမ်းမှာ သားအိမ်ခေါင်း၌ ရှာလကာရည်သုတ်လိမ်းပြီး၊ ကြည့်ရှုခြင်းဖြစ်သည်။ အဖြူရောင်ပြောင်းသွားပါက နောက်ထပ်စမ်းသပ်ခြင်း (သို့မဟုတ်) ကုသရန်လိုအပ်ပါသည်။
ကင်ဆာဟု ပထမဆုံးသံသယဖြစ်မိပါက
သက်ဆိုင်ရာဆေးပညာရှင်နှင့် တိုင်ပင် ကုသပါ။
သားဥပြွန်တစ်နေရာရာတို့၌ သန္ဓေတည်တတ်ပါသည်။ သွေးဆင်းများခြင်းနှင့်အတူ ကိုယ်ဝန်စတင်ရှိသည့်လက္ခဏာလည်း တွေ့ရပါမည်။
အရမ်းနာကျင်ခြင်း (ဝမ်းဗိုက်အောက်ပိုင်း) သားအိမ်အပြင်ဘက်၌ အလုံးတွေ့ရှိခြင်း ဖြစ်တတ်သည်။
သားအိမ်အပြင်ဘက်တွင် သန္ဓေသား သည် အသက်မရှင်နိုင်ပါ။ ဆေးရုံတက်ပြီး ခွဲစိတ်မှုခံယူရပါမည်။ သံသယဖြစ်ပါက ချက်ချင်းပြသပြီး ကုသပါ။ မဟုတ်လျှင် အသက်အန္တရာယ် ရှိနိုင်သည်အထိ သွေးထွက်များနိုင်ပါသည်။
သားပျက်ကျခြင်းဆိုသည်မှာ သန္ဓေသားဆုံးရှုံးခြင်း ဖြစ်ပါသည်။ ၄င်းရောဂါသည် ကိုယ်ဝန် (၃) လအတွင်းတွင် အဖြစ်အများဆုံးဖြစ် သည်။ အမျိုးသမီးအများစုသည် ၄င်းတို့ဘဝတွင်သတိမထားမိပဲ တစ်ကြိမ် (သို့) တစ်ကြိမ်ထက်ပို၍ သားပျက်ကျခြင်း ဖြစ်ဘူးကြပေလိမ့် မည်။ ရာသီနောက်ကျပြီးလာသောကြောင့် သွေးခဲများပါ၍ သွေးအများကြီးဆင်းသည်ဟုသာ ထင်ကြလေသည်။ သားပျက်ကျခြင်းသည် အန္တရာယ်ရှိသောကြောင့် အမျိုးသမီးများသည် ဤရောဂါအကြောင်းကို သိထားသင့်ပေသည်။
အမျိုးသမီးတစ်ယောက်သည် တစ်လ(သို့) တစ်လထက်ပို၍ရာသီနောက်ကျပြီး သွေးအများကြီးဆင်းပါက သားပျက်ကျခြင်း ဖြစ်နိုင် ချေ များပါသည်။
သားပျက်ကျခြင်းသည် အရွယ်မရောက်သေးသော သန္ဓေသားနှင့် အချင်းနှစ်ခုလုံးကို မွေးဖွားခြင်းပင်ဖြစ်သည်။ သန္ဓေသားနှင့် အချင်း ကုန်သည်အထိ ဗိုက်နာပြီး သွေးအများကြီး ဆင်းတတ်ပါသည်။
သားဖွားဆရာမများ (သို့မဟုတ်) ကျန်းမာရေးလုပ်သားများ (သို့မဟုတ်) ကျန်းမာရေးစောင့်ရှောက်မှုပေးသူ မည်သူမဆို သိမှတ်ရ မည်မှာ အချို့ကိုယ်ဝန်ဆောင်များသည် မီးဖွားစဉ်နှင့် မီးဖွားပြီးနောက် မွေးကင်းစကလေးငယ်များအားပြုစုရာတွင် အခက်အခဲများရှိတတ်ကြ သည်။ ၄င်းမိခင်များမှာ ဆွေမရှိမျိုးမရှိ တစ်ယောက်တည်းသမား၊ အာဟာရဓါတ်ချို့တဲ့သည့်မိခင်များ၊ ငယ်လွန်းသော (ဆယ်ကျော်သက်)မိခင် များ၊ စိတ်ကျပ်မပြည့်သူများ သို့မဟုတ် ယခင်ချုချာပြီး အာဟာရချို့တဲ့သောကလေးမွေးဖူးသူများတွင် အသက်အန္တရာယ်ရှိသော အခက်အခဲ များ ရှိနိုင်ပါသည်။
သားဖွားဆရာမ၊ ကျန်းမာရေးလုပ်သား (သို့မဟုတ်) အထူးစိတ်ဝင်စားသူမည်သူမဆို အခါအားလျော်စွာ ထိုကဲ့သို့သောမိခင်များ အား အကူအညီပေးခြင်း၊ ပြဿနာဖြေရှင်းပေးခြင်းဖြင့် မိခင်ရောကလေးပါ အန္တရာယ်လျော့နိုင်ပါသည်။
မိမိထံသို့လာမည်ကို မစောင့်ပဲ သူတို့ရှိရာသို့သွားရပါမည်။